အာကာသကို ရောက်သွားတဲ့ Redmi Note 7 ကမ္ဘာမြေကို ပြန်အကျ ခြစ်ရာတစ်ခုတောင် မထင်

အာကာသကို ရောက်သွားတဲ့ Redmi Note 7 ကမ္ဘာမြေကို ပြန်အကျ ခြစ်ရာတစ်ခုတောင် မထင်

နင်ဂျာတစ်ယောက်က Redmi Note 7 ရဲ့ စခရင်မျက်နှာပြင်ပေါ်ကို အသီးခွဲသလိုမျိုး ဖြတ်ပိုင်းလိုက်တာ၊ လူတွေက ဖုန်းကို တက်နင်းတာမျိုးအပါအဝင် ဒီဖုန်းရဲ့ အကြမ်းခံမှုကို ပုံမှန်မဟုတ်တဲ့ စမ်းသပ်ထားတာမျိုးကို အများကြီး မြင်ဖူးခဲ့မှာပါ။

ဒီတစ်ခါမှာတော့ ဖုန်းရဲ့ အကောင်းဆုံးအရည်အသွေးကို သက်သေပြဖို့ Redmi ကို အာကာသထဲ လွှင့်တင်ပြီး ကမ္ဘာမြေပေါ် ပြန်ကျလာတာတောင် ကြီးကြီးမားမား ပျက်စီးမှုနဲ့ ခြစ်ရာတောင် မရှိတာကို မြင်ရပါတယ်။ ဖုန်းဟာ အမြင့်မီတာ ၃၁,၀၀၀ မှာ ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါသေးတယ်။

Redmi Note 7 ကို GoPros Camera နဲ့ အခြားနည်းပညာပစ္စည်းတွေနဲ့အတူ အာကာသသို့ မိုးပျံပူဖောင်းနဲ့ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ကမ္ဘာမြေပြင်ရဲ့ အထက် အာကာသကို ရောက်သွားတဲ့ ရှောင်မီ (Xiaomi) ရဲ့ ပထမဆုံးဖုန်းဖြစ်ပါတယ်။

 

 

 

အာကာသကနေ Redmi Note 7 က ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို ရှောင်မီရဲ့ တွစ်တာအကောင့်မှာ တင်ထားပါတယ်။ ဓာတ်ပုံတွေဟာ အရည်အသွေး အရမ်းမကောင်းပေမယ့် Redmi Note 7 ဟာ အနုတ် ၅၈ ဒီဂရီ ဆဲလ်ဆီးယပ်စ် (အတွင်းပိုင်း အပူချိန် ၄ ဒီဂရီဆဲလ်ဆီးယပ်စ်နဲ့အတူ)ကို ခံနိုင်တာက တကယ်ပဲ အတော်လေး ကောင်းမွန်လွန်းပါတယ်။

နောက်ဆုံး အမြင့်မီတာ ၃၅,၃၇၅ နဲ့ လေထုဖိအား 1 KPa  အရောက်မှာ မိုးပျံပူဖောင်းဟာ ​ရုတ်တရက် ပေါက်သွားခဲ့ပြီး ကမ္ဘာမြေပေါ် ကျသွားပါတယ်။ ဖုန်းဟာ အာကာကနေ မြေပြင်ကို ကျခဲ့ပေမယ့် ခြစ်ရာလေးတစ်ခုတောင် မထင်တာက ထူးခြားတဲ့ မှတ်တိုင်တစ်ခုပါပဲ။

ဖုန်းဟာ ပုံမှန်အတိုင်း အသုံးပြုလို့ရနေတာကို တွေ့ရပါတယ်။

Ref; Gsmarena

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly