ခေတ်သစ်ပြည်ထောင်စုပါတီ၏ မူဝါဒ သဘောထား

ခေတ်သစ်ပြည်ထောင်စုပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် အောက်တိုဘာ ၄ ။   ။ ခေတ်သစ်ပြည်ထောင်စုပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို အောက်တိုဘာ ၄ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင်လူထုကြီးခင်ဗျား-

ကျွန်တော်ကတော့ ခေတ်သစ်ပြည်ထောင်စု ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းဖြစ်ပါတယ်။ ကျွန်တော်တို့ ခေတ်သစ်ပြည်ထောင်စုပါတီသည် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် ၁၄ ပါတီ၏ ပါတီတစ်ပါတီဖြစ်ပါတယ်။ မိဘပြည်သူများ အားလုံးရင်ထဲမှာရှိနေတဲ့ ကိန်းအောင်းနေတဲ့ ဒီမိုကရေစီရေးပြင်းပြ ဆန္ဒပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မဲဆန္ဒရှင်လူထုကြီးခင်ဗျား-

ကျွန်တော်တို့ ခေတ်သစ်ပြည်ထောင်စုပါတီရဲ့ မူဝါဒလုပ်ငန်းစဉ်တွေ မတင်ပြမီ အရေးကြီးတဲ့ အကြောင်းနှစ်ချက် တင်ပြပါမယ်။

ပထမအချက်

လာမည့် ၈-၁၁-၂၀၁၅ နေ့ ကျင်းပမယ့် ရွေးကောက်ပွဲကြီးဟာ ၁၉၄၈ မှ၁၉၆၂ အတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမျိုးတွေနဲ့လည်း မတူပါဘူး။ ၁၉၆၂ ခု၊၈၈ ခုအတွင်း ရွေးကောက်ပွဲမျိုးတွေလည်း မဟုတ်ပါ ဘူး။ ယခု ရွေးကောက်ပွဲဟာပါတီစုံစနစ်သို့ အမှန်အကန် ကူးပြောင်းရောက်ရှိရေး၊ စနစ်ပြောင်း၊ ခေတ်ပြောင်း ရွေးကောက်ပွဲကြီးဖြစ်ဖို့ ထူးခြားအရေးပါလှတဲ့ ရွေးကောက်ပွဲကြီးပဲလို့ ဆိုပါရစေ။ ယခု ရွေးကောက်ပွဲသည် လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအတွက် သေရေးရှင်ရေးတမျှ အရေးကြီးသော ပြည်သူ့ဆန္ဒပြပွဲကြီး ဖြစ်ပါသည်။

၁၉၆၂ ခုနှစ် ဒီမိုကရေစီစနစ် ပျက်သုဉ်းသွားပြီး ၂၀၀၈ ခုနှစ် ဒီမိုကရေစီစနစ်ပြန်လည်အစပျိုးခဲ့တဲ့အချိန်၊ ၂၀၁၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပခဲ့တဲ့အချိန်အထိ ဖြတ်သန်းလာ ခဲ့ရတဲ့အချိန်မှာ ပြည်သူလူထုတစ်ရပ်လုံး ရင်နင့်အောင် မည်သို့ခံစားခဲ့ရတယ်ဆိုတာ မြန်မာနိုင်ငံသားအားလုံး သိရှိခံစားရတဲ့ဘဝက လွတ်မြောက်အောင် လုပ်ဆောင်မယ့် အချိန်၊ ကြိုးစားရမယ့်အချိန် ယနေ့ရောက်ရှိလာပါပြီ။ရင်နင့်အောင် ခံစားခဲ့ရလို့ ဖြစ်ချင်တဲ့ ဆန္ဒနိုင်ငံသားအားလုံးရဲ့ ရင်ထဲမှာ ကိန်းအောင်းနေပါတယ်။ အဲဒီ hidden desire  ဆိုတဲ့ ရင်ထဲက ဆန္ဒကြီးကို ထုတ်ဖော်ပြသကြဖို့အချိန် Turning Point တစ်ဆစ်ချိုး အကွေ့ရောက်နေပါပြီ။ တပ်မတော်အပိုင်းကို ပြောချင်ပါတယ်။ လူမှုရေး၊ ဘာသာရေး၊ သာသနာရေး၊ နိုင်ငံတော်ရဲ့အကျိုးစီးပွားကိုဆောင်ရွက်ကြတဲ့ အသက်စွန့်ပြီးတော့ နိုင်ငံ အတွက်အလုပ်လုပ်ကြတဲ့ စစ်ခေါင်းဆောင်တွေ၊ တပ်မတော်သားတွေ အသက်စွန့်ပြီးရှေ့တန်းတိုက်ပွဲ ဆင်နွှဲနေကြတဲ့ အသက်စွန့်ပြီးတော့ နိုင်ငံအတွက်သူ့တို့ကိုယ်တိုင်လည်း အသက်စွန့်သွားလို့ ဒီက မုဆိုမဖြစ်သွားပြီး ကျန်ရစ်တာတွေ၊ စွန့်လွှတ်လိုက်ရတာတွေ ပြန်လာတော့ မရှိတော့ဘူး။ အဲဒါမျိုးတွေ အများကြီးပါ။သူတို့ကိုယ်တိုင်လည်း အသက်စွန့်သွားလို့ ဒီက မုဆိုးမဖြစ်သွားပြီး ကျန်ရစ်တာတွေ ၊ခြေထောက်တွေဖြတ်၊ လက်တွေပြတ်၊ မျက်လုံးတွေကန်း နိုင်ငံအတွက် စွန့်လွှတ်လိုက်ရတာ တွေ အားလုံးမြင်ကြသိကြပါတယ်။

ပြည်ထောင်စုကြီးကို ကာကွယ်နိုင်ရေးအတွက် ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေနဲ့ပြည့်စုံတဲ့ ကမ္ဘာ့အဆင့်အတန်းမီ တပ်မတော်၊ မြန်မာတပ်မတော်တစ်ခု မရှိမဖြစ် လိုအပ်တယ်လို့ ခေတ်သစ်ပြည်ထောင်စု ပါတီမှ ခံယူပါတယ်။

(An Army with profe standards) ယနေ့တပ်မတော်သည် မိဘပြည်သူများ၏ ရင်နှစ်သည်းချာသားသမီးများနှင့်ဖွဲ့စည်းထားတဲ့ တပ်မတော် (An Army with national pride) အမျိုးဂုဏ်ကိုချစ်မြတ်နိုးတဲ့ ဂုဏ်၊ မာန်မာနရှိတဲ့ တပ်မတော် မြန်မာနိုင်ငံသားအားလုံးထဲက မြန်မာနိုင်ငံသားများ ဖြစ်တယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်ငြိမ်းချမ်းသော၊လုံခြုံသောညီညွတ်သောနိုင်ငံရေးဖြစ်ရေး။ ဒီမိုကရေစီမြန်မာနိုင်ငံတော်ဖြစ်ရေး၊ ဒီမိုကရေစီစနစ်ဆီသို့ ချီတက်ကြရာမှာ ပြည်သူလူထု နိုင်ငံသားအားလုံးနှင့်အတူ ညီညီညွတ်ညွတ်အတူ ချီတက်ပြီး မြန်မာနိုင်ငံရဲ့ အနာဂတ် ငြိမ်းချမ်းသော၊ လုံခြုံသော၊ ညီညွတ်သော၊(Peace,Security and Unity)မြန်မာနိုင်ငံတော်ကြီး တည်ဆောက်ကြဖို့ရာမှာ မြန်မာတပ်မတော် ကျန်နေလို့မဖြစ်၊ ချန်ထားလို့မရ မိဘပြည်သူနဲ့ တစ်သားတည်း၊တစ်စိတ်တည်း၊ တစ်ဝမ်းတည်း၊ လက်ရေတစ်ပြင်တည်း လက်တွဲလုပ်ဆောင်ကြဖို့လိုပါတယ်တယ်။

ခရိုနီလို့ အမည်တပ်ခံရသူများအနေဖြင့် ကိုယ်ကဘီလျံ (Billion)၊ မီလျံ(Million) လောက်ချမ်းသာနေမယ်၊ ကျောင်းမနေနိုင်တဲ့ ကလေးတွေ၊ ဆေးမကုနိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဆေးလေး၊ ပညာရေးလေးတွေဝေးပေးပါ။ (Share our posilion with the poor people poverty) နိုင်ငံသားတွေ အများကြီး poor  ဖြစ်နေကြတယ်။ Poverty ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေများနေကြပါတယ်။ The possersor တွေဝေနိုင်မှ Tension တွေလျော့လာမယ်။ fighting. Confiction တွေ လျော့သွားမယ်။ နာနာလုပ်ပေးနိုင်ရင် အရာရာကို အောင်မြင်ပါတယ်။ Learning the beauty of giving ပေးကမ်းစွန့်ကြဲခြင်းနဲ့ပတ်သက်တဲ့ အလှအပတွေကို သင်ယူလေ့လာကြပါ။

လက်တွေ့ဆောင်ရွက်ကြပါ။ We Should pity on millions of people who are living under poverty line ဆင်းရဲမွဲတေနေကြတဲ့ နိုင်ငံသားတွေ လူတွေကိုများများကြည့်ပြီးတော့ မီလျံနာတွေ၊ ဘီလျံနာတွေက ဝေငှနိုင်တဲ့ စိတ်ဓာတ်တွေမွေးကြပါ။ And Suffering from diseases and ignorance ရလာတဲ့ mental disease ရောဂါအမျိုးမျိုးကြောင့် ရလာတဲ့ Physical disease အဲဒီ  Diease  နှစ်ပါးကို ခံနေရတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပြီးသနားပြီး မေတ္တာထားပြီး များများကြီး ဝေတဲ့အလုပ် လက်တွေ့လုပ်ကြပါ။ ချစ်သော မျက်လုံးနဲ့ကြည့်ပြီးတော့ မေတ္တာရှေ့ထားလုပ်ကြပါလို့ တိုက်တွန်းပါတယ်။

ဒုတိယအချက်ကတော့ ကျွန်တော်တို့ ခေတ်သစ်ပြည်ထောင်စုပါတီ မူလတည်ထောင်စဉ်က ပါတီဖွဲ့စည်းရေးဆိုတာထက်၊ အမျိုးသားရေးအသွင်ဆောင်တဲ့ အဖွဲ့ အဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။

လက်ငင်းဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို အစွမ်းရှိသမျှ ဖြေရှင်းပေးခဲ့ပါတယ်။ပါတီစုံဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာ ပြောင်းလဲသွားနိုင်ရေးအတွက် လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲသာလျှင် တစ်ခု တည်းသော ထွက်ရပ်လမ်းဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ယုံကြည်သည့်အတိုင်း ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီက မဲပေးတာ အခြေခံဥပဒေရှိရုံနဲ့ မလုံလောက်ပါဘူး၊ လူတစ်ယောက်ရဲ့အခြေခံအခွင့်အရေးတို့ကို အကာအကွယ်ပေးဖို့လိုပါတယ်။ ပုဂ္ဂလိက လွတ်လပ်ခွင့်မရှိသရွေ့ ဒီမိုကရေစီရှိတယ်လို့  မမြင်ပါဘူး။ ဒီမိုကရေစီတိုးတက်ဖို့ လူမှုအဖွဲ့အစည်းအမြင် ပြောင်းဖို့ လိုပါတယ်။

လူထုကို အာဏာကို ဘယ်လိုပေးမလဲ၊ အစိုးရနဲ့ ဘယ်လိုဆက်ဆံမလဲ၊ မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေးအတွက် မူဝါဒပြောင်းလဲမှုနဲ့လူမှုအဖွဲ့အစည်းအမြင်ပြောင်းလဲခြင်းပါ။ မူဝါဒက လက်ရှိစပြီးပြောင်းလဲ လာပြီ၊ အဲဒါကို ကြိုဆိုပါတယ်။ လူမှုအဖွဲ့အစည်းပြောင်းလဲဖို့ ဆက်ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းလို စစ်ရေးနဲ့နိုင်ငံရေးတွဲပြီး ကျင့်ဝတ်ပိုင်းအားကောင်းတဲ့ လူထုခေါင်းဆောင်နိုင်ငံရေးသမားမျိုး မြန်မာနိုင်ငံမှာလိုအပ်နေ ပါတယ်။ နိုင်ငံသားတိုင်းရဲ့ အတွင်းနှလုံးသားမှာ ပြင်းပြတဲ့ဆန္ဒ (hidden desire)ရှိပါတယ်။ အဲဒီဆန္ဒကိုယနေ့ရဲရဲဝံ့ဝံ့ထုတ်ဖော်ကြပါ။

မဲဆန္ဒရှင်လူထုကြီးခင်ဗျား-

မဲဆန္ဒရှင်လူထုကြီးကို အပိုင်း(၅) ပိုင်းခွဲပြီး ရှင်းလင်းတင်ဆက်ပါမယ်။

၁။ ကျွန်တော်တို့ ခေတ်သစ်ပြည်ထောင်စုပေါ်ပေါက်လာပုံ၊

၂။ ကျွန်တော်တို့ ပါတီစွဲကိုင်ထားတဲ့ ယုံကြည်ခံယူချက်၊ လမ်းစဉ်နဲ့ လုပ်ငန်းစဉ်၊

၃။ ကျွန်တော်တို့ ပါတီရဲ့ ရွေးကောက်ပွဲအပေါ် သဘောထားနှင့် ရွေးကောက်ပွဲတွင် ပါဝင်မှု၊

၄။ မဲဆန္ဒရှင် လူထုကြီးရဲ့ပိုင်ခွင့်၊

၅။ ခေတ်သစ်ပြည်ထောင်စုပါတီ ကိုယ်စားလှယ်လောင်းများအတွက် မေတူ္တာမဲ ပန်ကြားတောင်းခံခြင်းတို့ဖြစ်ပါတယ်။

ခေတ်သစ်ပြည်ထောင်စုပါတီ ယခင်ရှိခဲ့တဲ့ ပြည်ထောင်စုပါတီ( ပ.ထ.စ)အဖွဲ့ကြီးရဲ့သဘောထား ခံယူချက်များဆက်လက်၍ ခေတ်နှင့်အညီဆောင်ရွက်သွားရန်ဖွဲ့စည်းလိုက်တဲ့ပါတီဖြစ်ပါတယ်။

မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့ခေတ်သစ်ပြည်ထောင်စုပါတီခံယူထားတဲ့ဝါဒက မေတူ္တာဝါဒဖြစ်ပါတယ်။ ကမူ္ဘာလူသားတို့အကြိုက်တူဝါဒတစ်ခုကို စတင်တည်ထောင်ခဲ့ကြရာမှာကိုယ်ချင်းစာမေတ္တာဝါဒ၊ ကမ္ဘာဦးဝါဒ၊ ကမ္ဘာသစ် တည်ထောင်သောဝါဒဖြစ်ပါတယ်။ မေတူ္တာာဝါဒကိုစွဲကိုင်ပြီးကျင့်သုံးကြမယ်ဆိုရင် အရာရာအောင်မြင်မယ်လို့ ယုံကြည်ပါတယ်။

ပြည်သူလူထုကြီးခင်ဗျား-

ကျွန်တော်တို့ခေတ်သစ်ပြည်ထောင်စုပါတီရဲ့လုပ်ငန်းစဉ်တွေကို အောက်ပါ အတိုင်းချမှတ်ထားပါတယ်။ လက်ငင်းဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုအစွမ်းရှိသမျှ ဖြေရှင်းပေးရန်၊ ဒီနေ့ကျွန်တော်တို့ပြည်ထောင်စုမှာ မဖြေရှင်းရင် မဖြစ်တဲ့ပြဿနာဟာ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာပါ။ ငြိမ်းချမ်းရေးရှိမှသာ ဒီမိုကရေစီအဓိပ္ပာယ်ပြည့်စုံပြီး ဝပြောသာာယာတဲ့ပြည်ထောင်စုကြီးကို တည်ထောင်နိုင်မှာပါ။

ဒါကြောင့်ပြည်တွင်းလက်နက်ကိုင်အဖွဲ့မှာပါဝင်နေတဲ့ အင်အားစုများအားလုံး ကြိုတင်စည်းကမ်းချက်များ မထားဘဲ တွေ့ဆုံဆွေးနွေးပြီးငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြမှသာရေရှည်တည်တံ့ကျယ်ပြန့် ခိုင်မာတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်လို့ ကျွန်တော်တို့ခေတ်သစ်

ပြည်ထောင်စု ပါတီကမမှိတ်မသုန်ယုံကြည်ပါတယ်။ ယနေ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေမှတစ်ဆင့် ငြိမ်းချမ်းသောလုံခြုံရေး၊ ညီညွတ်သော ( Peace, Security and Unity) မြန်မာနိုင်ငံတော်ကြီးအဖြစ် ရပ်တည်နိုင်အောင်ကြိုးပမ်းကြဖို့ ဖြစ်ပါတယ်။

မိဘပြည်သူများ ခင်ဗျား-

နိုင်ငံ့ဝန်ထမ်းများနှင့် စတင်ဝင်ရောက်တဲ့အဆင့်မှ အမြင့်ဆုံးအဆင့်ထိ ရောက်ရှိ ခံစားခွင့်နှင့်အငြိမ်းစား ဝန်ထမ်းများအတွက် ခေတ်နှင့်လျော်ညီသော လစာရိက္ခာရရှိအောင် ဆောင်ရွက်ပါမယ်။

စီးပွားရေး

မှန်ကန်သော ကမ္ဘာ့အဆင့်မီ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်တဲ့ စီးပွားရေးစနစ်'' Free and competitive Trade Policy'' စနစ်ကို ချမှတ်ဆောင်ရွက်ရန်ဖြစ်ပါတယ်။ နိုင်ငံတော်က စွက်ဖက်ကြိုးကိုင်မှုကင်းသော လွတ်လပ်စွာယှဉ်ပြိုင်ထုတ်လုပ်ရောင်းချသည့် စီးပွားရေးစနစ်တစ်ရပ်ကို တည်ထောင် အကောင်အထည်ဖော်ခြင်းဖြင့် ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ (L.D.C) တစ်နိုင်ငံဘ၀ လွတ်မြောက်စေပါမယ်။ ဒီစနစ်ဖြင့် ကုန်ပစ္စည်းပေါများရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေးပြုလုပ်ရန်ရည်ရွယ်ပါတယ်။ မြန်မာငွေရဲ့တန်ဖိုးကို နိုင်ငံခြားငွေများနဲ့ ကွာဟချက် နည်းနိုင်သမျှနည်းအောင် စီမံမှုတွေချမှတ်ထားပါမယ်။ ပြည်တွင်းသုံးငွေ ကိုလည်း အာမခံချက် ရရှိရေးအတွက် ဥပဒေရေးဆွဲပြဋ္ဌာန်းပေးမယ်။

လူထုကျန်းမာရေး

လက်ရှိကျန်းမာရေးစနစ်ဟာ ၇၀ ရာခိုင်နှုန်းသော ပြည်သူများနေထိုင်တဲ့ ကျေးရွာနှင့်ဝေးလံခေါင်းပါးသောဒေသရှိ ပြည်သူများအတွက် လက်လှမ်းမီနိုင်မှု အနေအထားများ များစွာလိုအပ်ဆဲဖြစ်ပါတယ်။

ဤကိစ္စကိုအဖြေရှာနိုင်ရန် ပြည်သူလူထုတစ်ရပ်လုံးလွှမ်းခြုံသော သာမျှညီကျန်းမာရေးစောင့်ရှောက်မှု စနစ် (Universal Health Coverage ) ကို တစိုက်မတ်မတ်အားထည့်ဆောင်ရွက်မည်ဖြစ်သည်။

ပညာရေး

အနာဂတ်မြန်မာနိုင်ငံတော်ကလေးသူငယ်များအရေး၊ ကျန်းမာရေး၊ ပညာရေးအပိုင်းတွင် နိုင်ငံတော် ဘတ်ဂျက်မှ သီးခြားခေါင်းစဉ်ဖြင့် ခွင့်ပြုသုံးစွဲနိုင်ရေး ဆောင်ရွက်မည်။

ကမ္ဘာ့အဆင့်မီပညာရေးစနစ်ကို အကောင်အထည်ဖော်သွားပါမယ်။ ကျောင်းသားသမဂူ္ဂ၊ ဆရာများ သမဂူ္ဂမှာ ဖွဲ့စည်းခွင့် ရရှိရေးဆောင်ရွက်မယ်။ အမျိုးသား ပညာရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းရာ၌ အနာဂတ်အတွက်နှင့် ယနေ့ဖြစ်ပေါ်နေသောအခြေအနေ အရပ်ရပ်ကို ပြုပြင်ပြောင်းလဲပြီးနိုင်ငံတကာ စံချိန်မီအောင် ပညာရေး စနစ်ဖြစ်ပေါ်ရေးဆောင်ရွက်မည်။

အလုပ်သမား

အလုပ်သမားတွေနဲ့ပတ်သက်လာရင် အလုပ်သမားတွေ၊အရာထမ်း၊ အမှုထမ်းတွေမနစ်နာရအောင် ကာကွယ်ပေးမယ့် စည်းမျဉ်းဥပဒေတွေ ပြဋ္ဌာန်းပေးသွားမယ်။

လယ်သမား

လယ်သမားများနှင့်ပတ်သက်ပြီး လယ်ရှင်မြေရှင်ကြီးများ ပေါ်ပေါက်စေတဲ့ ဥပဒေဖျက်သိမ်းရေးဆောင်ရွက်မည်။

နိုင်ငံခြားရေး

လွတ်လပ်ပြီးဘက်မလိုက်တဲ့ နိုင်ငံခြားရေးဝါဒကိုကျင့်သုံးမှာဖြစ်ပါတယ်။

တရားစီရင်ရေး

ဥပဒေနှင့်အညီ တရားစီရင်သော တရားစီရင်ရေးဆိုင်ရာ ဥပဒေအသစ်များရေးဆွဲပြဋ္ဌာန်းပြီး လူထုအားလုံးအားကိုးလေးစားသော တရားစီရင်ရေးပေါ်ပေါက်အောင်ဆောင်ရွက်မည်။

အလံနှင့် တံဆိပ်

ခေတ်သစ်ပြည်ထောင်စု၏ အလံနှင့်တံဆိပ်အဓိပ္ပာယ်ဖော်ညွှန်းမှုမှာ-ပါတီအလံနောက်ခံအပြာရောင်မှာ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးစုများအားလုံး အေးအတူပူအမျှ ဥမကွဲ၊ သိုက်မပျက် အတူတကွနေမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အဖြူရောင်ကြယ် ၁၄ ခု စက်ဝိုင်းတည်ဆောက်ထားခြင်းမှာ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုတို့နဲ့ တိုင်းရင်းသားလူမျိုးစုများ အားလုံးတို့ရဲ့ သဘောသဘာဝကို ဖော်ညွှန်းထားပါတယ်။

ခေတ်သစ်ပြည်ထောင်စု ပါတီစာလုံးအဝါရောင်မှာ '' သီလ သမာဓိနှင့် နည်း ပညာ'' တို့ကို ဖော်ညွှန်းပါတယ်။

NEU မှာ New Era Union Party  ၏ အတိုကောက်စာလုံးဖြစ်ပြီး အစိမ်းရောင်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ညွှန်းပါတယ်။

ယနေ့ ရွေးကောက်ပွဲဟာ လူ့လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအတွက် သေရေးရှင်ရေးတမျှ အရေးကြီးသော ပြည်သူ့ဆန္ဒပြပွဲကြီး ဖြစ်ပါတယ်။ လွှတ်တော်တွင် ဥပဒေရေးရာ ဆွေးနွေးအကြံပြုနိုင်သူများ များများရောက်ရှိရေးဆောင်ရွက်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား...။

လူသစ်စိတ်သစ်ဖြင့် နိုင်ငံတော်သစ်တည်ဆောက်ကြပါစို့။

ခေတ်သစ်ပြည်ထောင်စုပါတီ

 ၁။  ပါတီအမည်  -  ခေတ်သစ်ပြည်ထောင်စုပါတီ
 ၂။  ပါတီအမည်(English)  -  New Era Union Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၄.၁၂.၂၀၁၄
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ဒေါက်တာကံထွန်းပါ (၁၆) ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးအောင်သန်း၊ ဦးသန်းထွန်း
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၈.၄.၂၀၁၅
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၇.၅.၂၀၁၅
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၃၀.၆.၂၀၁၅
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၉၀)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၆၄၇)၊ ကုန်သည်လမ်း၊ (၃)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉- ၈၆၃၁၅၁၆ ( ဦးအောင်သန်း )
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly