ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားဖို့ မထိုက်တန်ဘူး - ဆိုးလ်ရှား

ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားဖို့ မထိုက်တန်ဘူး - ဆိုးလ်ရှား
Photo: EPA

မန်ယူအသင်းဟာ ဟတ်ဒါဖီးလ်ကို ၁-၁ ဂိုးနဲ့ သရေကျပြီးနောက် ဆိုးလ်ရှားက သူတို့ဟာ လာမယ့်ရာသီချန်ပီယံလိဂ် ကစားဖို့အတွက် မထိုက်တန်ဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ တန်းဆင်းသွားခဲ့ပြီးဖြစ်တဲ့ ဟတ်ဒါဖီးလ်ကို သရေကျခဲ့တာကြောင့် ထိပ်ဆုံး (၄)သင်းထဲ ဝင်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့တာဖြစ်ပြီး လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားနိုင်ရေး အိပ်မက်ဟာလည်း လုံးလုံးပျက်စီးသွားခဲ့ပါတယ်။

ဒါ့ကြောင့် သူတို့ဟာ ယူရိုပါလိဂ်ပြိုင်ပွဲကို ကစားရဖို့ သေချားသွားခဲ့ပြီဖြစ်ပါတယ်။ ဆိုးလ်ရှားက ယူရိုပါလိဂ်မှာ ကစားရဖို့ရှိတာဟာ ကျနော်တို့အတွက် မှန်ကန်တဲ့နေရာ ဖြစ်လောက်ပါတယ်လို့ ပြောပါတယ်။

ယူနိုက်တက်နည်းပြက "ကျနော်တို့ဟာ ထိပ်ဆုံး (၄)သင်းထဲဝင်ဖို့ မထိုက်တန်ခဲ့ပါဘူး။ ကျနော်တို့ အခွင့်အရေးတွေရလာတဲ့အခါ ဒါကို အရမယူနိုင်ခဲ့ပါဘူး။ အခုဆိုရင်တော့ ဒါဟာ ပြီးဆုံးသွားပါပြီ။ ကျနော်တို့ စိတ်ပျက်ခဲ့ပေမယ့် ရှေ့ဆက် လုပ်စရာရှိတာတွေကို လုပ်ဆောင်သွားမှာပါ။"

"ထိပ်ဆုံး နှစ်သင်းကို လိုက်မီနိုင်ဖို့ စဉ်းစားရအောင် ကျနော်တို့က ဖန်တစီဂိမ်းထဲမှာ ရှင်သန်နေကြတာ မဟုတ်ပါဘူး။ ကျနော်တို့တွေက သူတို့နဲ့ အတော်ကြီး ဝေးကွားသွားပါပြီ။ ကျနော်တို့ဟာ ယူနိုက်တက်အနေနဲ့ ထိပ်သီး (၄)သင်းစာရင်း မဝင်ရောက်နိုင်တာကို ထည့်ပြောနေဖို့ မသင့်ပါဘူး။"

ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဒီရာသီရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းသွားပြီဖြစ်တဲ့ ကာဒစ်ဖ်အသင်းနဲ့ ကစားသွားရမှာပဲဖြစ်ပါတယ်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly