ပစိဖိတ်နိုင်ငံ ၁၂ နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး

ပစိဖိတ်နိုင်ငံ ၁၂ နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး

အတ္တလန္တာ၊ အောက်တိုဘာ ၆ ။          ။ ပစိဖိတ်အနားစွန်းနိုင်ငံ ၁၂ နိုင်ငံသည် ကမ္ဘာ့အကြီးမားဆုံး လွတ်လပ်သည့် ကုန်သွယ်ရေးဧရိယာကို ဖန်တီးရေး သဘောတူညီချက်ကို အောက်တိုဘာ၅ရက်နေ့ အစောပိုင်းက လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းသို့သဘောတူညီမှုရရှိခဲ့ခြင်းက အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ပေါ်လစီကြီးတစ်ရပ် အောင်မြင်မှုရရှိလိုက်ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရက်ကျော်လွန်ပြီး ရက်များစွာ ၂၄ နာရီလုံးလုံး ဆောင်ရွက်ခဲ့သော ပင်ပန်းနေသည့် ကုန်သွယ်ရေးဝန်ကြီးများသည် အာရုဏ်မတက်မီချိန်ကလေးတွင် ပစိဖိတ်ဖြတ်ကျော်မိတ်ဖက် ကုန်သွယ်ရေး သဘောတူညီချက် Trans-Pacific Partnership(TPP) ကို သဘောတူညီခဲ့ကြသည်။ အမေရိကန်ဦးဆောင်သော ခက်ခဲသည့် ယင်းဆွေးနွေးပွဲများကို အမေရိကန်က ဦးဆောင်ခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာစီးပွားရေး၏ ငါးပုံနှစ်ပုံရှိပြီး ခက်ခဲစွာရရှိခဲ့သော သဘောတူညီချက်က ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းစည်းမျဉ်းများကို TPP ၏စံနှုန်းများနှင့်အညီ ပုံဖော်မည်ဖြစ်ပြီး ၂၁ ရာစုကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုအတွက် စည်းမျဉ်းစည်းကမ်းများချမှတ်မည့် အပြင် သဘောတူညီချက်တွင် မပါဝင်သည့် တရုတ်ကိုလည်းဖိအားပေးဖြစ်သည်။

သဘောတူညီချက်ကို အိုဘာမားက ကြိုဆိုလိုက်ပြီး ယင်းသဘောတူညီချက်က '၂၁ရာစုတွင် အသက်သွေးကြောသဖွယ် အရေးပါလာမည့် ဒေသတစ်ခုတွင် ကျွနု်ပ်တို့၏ မိတ်ဖက်များ၊ မဟာမိတ်များနှင့် မဟာဗျူဟာမြောက်ဆက်ဆံရေးကို ခိုင်မာစေမည်' ဟု အိုဘားမားက ဆိုသည်။

" အလားအလာရှိတဲ့ ကျွန်တော်တို့ရဲ့ဖောက်သည် ၉၅ ရာခိုင်နှုန်းက ကျွန်တော်တို့နယ်နိမိတ်တွေရဲ့ အပြင်ဘက်မှာ နေထိုင်ကြချိန်မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးရဲ့ စည်းမျဉ်းတွေကို တရုတ်လိုနိုင်ငံတွေကို ရေးခွင့်မပေးနိုင်ပါဘူး "ဟု ကြေညာချက်တစ်ခုတွင် အိုဘားမားက ပြောကြားခဲ့သည်။

ကနေဒါတွင် ဝန်ကြီးချုပ် စတီဖင်ဟာပါကလည်း သမိုင်းဝင်သဘောတူညီချက်အဖြစ် ချီးမွမ်းခဲ့ြ့ပီး သဘောတူညီချက်ကြောင့် ကနေဒါလယ်သမားများနှင့် အရင်းအမြစ်ကဏ္ဍများအတွက် ဂျပန်ဈေးကွက် သို့ဝင် ရန် ပိုမိုလမ်းပွင့်သွားပြီဟု ပြောကြားခဲ့သည်။ ထို့အပြင် သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွမ်တားန်ဘူးလ်ကလည်း သဘောတူညီချက်က မိမိနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအတွက် အားကောင်းသည့် အကျိုး စီးပွားများကို ဖြစ်ပေါ်စေသည်ဆိုသည်။

သဘောတူညီချက်တွင် များပြားသည့် ဈေးကွက်ဖွင့်လှစ်မှုများ၊ ထုတ်ကုန်ပစ္စည်းထောင်ပေါင်းများစွာအပေါ် အခွန်လျှော့ချမှုများပါဝင်သည်။ ထို့အပြင် အဖွဲ့ဝင်၁၂နိုင်ငံတစ်ဝန်း ရင်းနှီးမြုပ်နှံသူများကို ကာကွယ်ပေးရန်လည်း သဘောတူညီချက်က ကတိပြုသည်။ သဘောတူညီချက်တွင် ပါဝင်သော အဖွဲ့ဝင် ၁၂ နိုင်ငံမှာ သြစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူ၊ အမေရိကန်နှင့် ဗီယက်နမ်တို့ဖြစ်သည်။

သဘောတူညီချက်အရ ဂျပန်သည် ကြီးမားသည့်လိုက်လျောမှုမျာပြုလုပ်ခဲ့ပြီး သြစတြေးလျ၊ နယူးဇီလန်နှင့် အမေရိကန်တို့ကဲ့သို့ ကြီးမားသည့် အစားအစာတင်ပို့သည့်နိုင်ငံများအတွက် ဈေးကွက်ကို ကျယ်ပြန့်စွာဖွင့်ပေးခဲ့ရသည်။ အမေရိကန်ကလည်း တရုတ်နှင့် ထိုင်းကဲ့သို့ TPP အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံများမှ ဂျပန်ကားပစ္စည်းအစိတ်အပိုင်းများအပေါ် အခွန်လျှော့ရန် သဘောတူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly