ကားတွေမလိုတဲ့ ဒေါ်လာ (၄၀) ဘီလီယံကုန်ကျမယ့် မြို့ကို တည်ဆောက်နေတဲ့ တောင်ကိုရီးယား

ကားတွေမလိုတဲ့ ဒေါ်လာ (၄၀) ဘီလီယံကုန်ကျမယ့် မြို့ကို တည်ဆောက်နေတဲ့ တောင်ကိုရီးယား
ဆောင်ဒိုမှာရှိတဲ့ International Business District (IBD). Photos: Gale International

တောင်ကိုရီးယားအစိုးရက ဆောင်ဒိုမှာရှိတဲ့ International Business District (IBD) မှာ နေထိုင်သူတွေ အလုပ်ကို သွားဖို့၊ ကျောင်းက သူတို့ရဲ့ ကလေးတွေကို ကြိုပို့ဖို့၊ အစားအသောက်တွေ ဝယ်ဖို့လိုတဲ့အခါတွေမှာ ကားမောင်းစာရာမလိုဘဲ သွားလာလို့ရတဲ့ မြို့တော်တစ်ခုကို တည်ဆောက်နေပါတယ်။

အဲဒီစီမံကိန်းဟာ ဒေါ်လာ ၄၀ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး လက်ရှိ ဆောက်လုပ်နေတဲ့အဆင့်ရဲ့ အကျယ်အဝန်းက ဘော်စတွန်မြို့လယ်အရွယ်အစားခန့်ရှိပြီး ကားတွေမလိုအပ်အောင် ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။

မြို့ရဲ့ စီမံကိန်း ပထမအဆင့်ဟာ သဘောဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောဦထွေဖြစ်အောင် ဒီဇိုင်းထုတ်တည်ဆောက်နေတာဖြစ်ပြီး  အထူးသဖြင့် ကားတွေ လိုအပ်မှုကို လျော့ချဖို့အတွပဲဖြစ်ပါတယ်။

အဲဒီ စမတ်စီးတီးစီမံကိန်းကို ၂၀၀၂ ခုနှစ်မှာ စတင်ခဲ့ပြီး ကားတွေအစား ဘတ်စ်တွေ၊ မြေအောက်ရထားတွေနဲ့ စက်ဘီးတွေလို အများသုံး သယ်ပို့ဆောင်ရေး စနစ်တွေကိုသာ ဦးစားပေး အသုံးပြုမှာဖြစ်တယ်လို့ I BD ကို တည်ဆောက်နေတဲ့ Gale Internatiional မှ ဥက္ကဋ္ဌဖြစ်သူ Stan Gale က ပြောပါတယ်။

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မှုပြီးစီးတဲ့အခါ စတုရန်းပေ ၁၀၀ သန်းအထိ ကျယ်ပြန့်မှာဖြစ်ပါတယ်။ တည်နေရာကတော့ တောင်ကိုရီးယားရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိဖြစ်ပါတယ်။

မြို့ဧရိယာရဲ့ ၄၀ ရာခိုင်နှုန်းကို စက်ဘီးစီးလို့ရတဲ့ ၁၆ မိုင်ရှိတဲ့ လမ်းကြောင်းတွေ၊ ဗဟိုပန်းခြံနဲ့ ရေလမ်းကြောင်းအဖြစ် မြို့နေပြည်သူတွေ အပန်းဖြေဖို့အတွက် နေရာပေးထားပါတယ်။ ဒါတွေအာလုံးကို နယူးယောက်ရဲ့ green-space ဗဟိုပန်းခြံနဲ့ ဗင်းနစ်က အီတလီရဲ့ တူးမြောင်းတို့ကို အခြေခံယူထားတာဖြစ်ပါတယ်။

Ref; businessinsider

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly