Facebook Dating ‘secret crushes’ ဆိုတဲ့ လုပ်ဆောင်ချက်သစ်ကို Facebook ထည့်သွင်း

Facebook Dating ‘secret crushes’ ဆိုတဲ့ လုပ်ဆောင်ချက်သစ်ကို Facebook ထည့်သွင်း

Facebook Dating ဝန်ဆောင်မှုကို အမေရိကန်နိုင်ငံမှာ သုံးလို့ မရသေးပါဘူး။ ဒါပေမယ့် ၅ နိုင်ငံမှာ အသုံးပြုလို့ရနေပြီး ဒီကနေ့မှာတော့ ဒီဝန်ဆောင်ကို နောက်ထပ် ၁၄ နိုင်ငံမှာလည်း သုံးလို့ရပြီလို့ သိရပါတယ်။

ဒီလုပ်ဆောင်သစ်ကိုတော့ “Secret Crush” လို့ ခေါ်ပါတယ်။ သင် စိတ်ဝင်စားနေတဲ့ သူငယ်ချင်း ၉ ယောက်အထိ “Secret Crush” List ထဲ ထည့်သွင်းနိုင်ပါတယ်။ အဲဒီလို တစ်ယောက်ယောက်က သင့်ကို သူတို့ရဲ့ secret rushes ထဲကနေ ရွေးချယ်လိုက်မယ်ဆိုရင် နှစ်ဦးနှစ်ဖက်လုံး ကြိုက်နှစ်သက် စိတ်ဝင်စားနေကြောင်း အသိပေးမှာပါ။

Facebook Dating မှာ Dating profile မသုံးတဲ့ သင့်ရဲ့ သူငယ်ချင်းတွေကိုလည်း သင့်ရဲ့ Secret Crush စာရင်းထဲ ထည့်သွင်းနိုင်တယ်လို့ Facebook ကုမ္ပဏီက ပြောပါတယ်။

Facebook Dating ဟာ Tinder dating လို Swipe လုပ်ပြီး သင်စိတ်ဝင်စားနေသူတွေကို ရှာဖွေရတာမျိူး မဟုတ်ပါဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ ပရိုဖိုင်တစ်ခုမှာ ဖြေဆိုရေးထားမှု ဒါမှမဟုတ် ဓာတ်ပုံတစ်ပုံအပေါ် မူတည်ပြီး အပြန်အလှန် ပြောဆိုမှု စတင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Facebook Groups နဲ့ Events တွေမှာလည်း ရင်ခုန်စရာ ကြင်ဖက်ကို onlone၊ offline နှစ်မျိုးလုံးနဲ့ ရှာနိုင်မှာဖြစ်ပါတယ်။

အခုချိန်မှာတော့ Facebook Dating ဟာ Facebook ရဲ့ mobile app အတွင်းမှာသာ အသုံးပြုနိုင်ပါသေးတယ်။ အသက် ၁၈ နှစ်နဲ့ အထက် ရှိသူတွေသာ သုံးနိုင်ပြီး ကြော်ညာများ၊ အခပေး လုပ်ဆောင်ချက်တွေ မပါပဲ အခမဲ့ သုံးနိုင်ပါတယ်။

Facebook Dating ကို သင့်ရဲ့ ကြင်ဖက်ကို ပြသနိုင်မယ့် ကိုယ်ရေးကိုယ်တာ အချက်အလက်အချို့ပါဝင်တဲ့ သီးခြား dating profile တစ်ခုကို ပြုလုပ်ရမှာဖြစ်ပါတယ်။

Ref; theverge

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly