မက်ဆီတစ်ယောက်တည်းကိုပဲ အာရုံစိုက်ပြီး ကစားရမှာမဟုတ်ဘူး - ကလော့ပ်

မက်ဆီတစ်ယောက်တည်းကိုပဲ အာရုံစိုက်ပြီး ကစားရမှာမဟုတ်ဘူး - ကလော့ပ်
Photos: EPA & AFP

ယာဂန် ကလော့ပ်က ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့မှာ လီဗာပူးလ်အသင်း ဘာစီလိုနာနဲ့ ရင်ဆိုင်တွေ့ဆုံချိန်မှာ သူတို့ဟာ လီယွန်နယ် မက်ဆီ အပေါ်သာ အာရုံစူးစိုက်၍ မရနိုင်ကြောင်း သူ့ရဲ့ ကစားသမားတွေကို သတိပေးလိုက်ပါတယ်။

မက်ဆီက "နူးကမ့်ဆီ လှပတဲ့ ဖလားကို သယ်ယူလာမယ်"လို့ ဘောလုံးရာသီအစမှ ပြောဆိုခဲ့ပြီးနောက် သူဟာ ဘာကာရဲ့ နောက်ဆုံး လိဂ်ပွဲစဉ် ၂ ပွဲမှာ အနားယူခဲ့ပြီး အရင်ကထက် ဥရောပပြိုင်ပွဲမှာ ပိုအားစိုက်လိုတာလည်းဖြစ်ပါတယ်။

"မက်ဆီ တစ်ယောက်တည်းကိုပဲ အာရုံစိုက်ပြီး ကစားရမှာ မဟုတ်ပေမယ့်၊ မက်ဆီကိုတော့ အာရုံစိုက်ထားရမှာ သေချာပါတယ်။"လို့ ကလော့ပ်က အင်္ဂါနေ့က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကျနော်တို့ မက်ဆီပေါ်မှာပဲ အာရုံစိုက်နိုင်မှာလား? အခိုက်အတန့်အများကြီးတွေမှာ သူ့ကို အာရုံစိုက်သင့်ပါတယ်။ ဒါပေမယ့် သူတစ်ယောက်တည်းကိုသာ အာရုံစိုက်မယ်ဆိုရင် ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ အခြား ကမ္ဘာ့အဆင့်မီ ကစားသမား ၁၀ ယောက်ရှိတယ်ဆိုတာလည်း မေ့ထားလို့ မရပါဘူး။

"ရာသီမစခင်က မက်ဆီက 'ကျနော်တို့ ဒီဖလားကို အရပြန်ယူလိုတယ်လို့' ပြောထားပါတယ်။ ဒါက ကျနော်ကို ခြိမ်းခြောက်လိုက်သလိုမျိုးတောင် ဖြစ်နေပါတယ်။ အခုဆိုရင် ကျနော် လုပ်နိုင်ခဲ့လို့ ဒီအထိ ရောက်လာပြီပဲ။ ကျနော် ပြောနိုင်တာက ကျနော်တို့ အားလုံးဟာ ဗိုလ်လုပွဲကို တက်ရောက်လိုတယ်ဆိုတာပါပဲ။

လီဗာပူးလ်အသင်းက ကြွက်သားဒဏ်ရာကနေ ပြန်လည် သက်လာတဲ့ ဖာမီနိုဟာ လေ့ကျင့်ခန်း ဆင်းခဲ့ပြီးနောက်မှာတော့ ပထမအကျော့အတွက် သူတို့ရဲ့ တိုက်စစ်မှူးမှာ အချိန်မီ ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။

"သူဟာ ကစားဖို့ ၁၀၀ ရာခိုင်နှုန်း အဆင်သင့်ဖြစ်မယ်ဆိုရင် သူကစားကောင်း ကစားပါလိမ့်မယ်။"လို့ ကလော့ပ်က ပြောပါတယ်။ "သူက လေ့ကျင်းကွင်းမှာပါ။ မနက်ဖြန် ကျနော်တို့ တခြားလေ့ကျင်းရေးအစီအစဉ်ရှိပါတယ်။"

မက်ဆီဟာ လီဗာပူးလ်ကစားသမားဟောင်း နှစ်ဦးဖြစ်တဲ့ ဆွာရက်ဇ်၊ ကော်တင်ဟိုတို့နဲ့ တိုက်စစ်မှာ စတင်ပွဲထွက်လာဖို့ မျှော်လင့်ရပါတယ်။

အခုချိန်မှာ ဆွာရက်ဇ်က စပိန်မှာ အောင်မြင်နေပေမယ့် ကော်တင်ဟိုကတော့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီက ယူရိုသန်း ၁၂၀ နဲ့ ဘာကာကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း နေရာရဖို့ ရုန်းကန်နေရပါတယ်။

"ကျနော်တို့ ကော်တင်ဟိုကို အများကြီး သတိရပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ဖြစ်ပြီး သူနဲ့ အလုပ်လုပ်ရတာကို ချစ်မြတ်နိုးခဲ့ပါတယ်။"လို့ ကလော့ပ်က ပြောပါတယ်။ "သူ ဘာစီလိုနာဆီ ပြောင်းရွှေ့လိုတယ်လို့ ပထမကြားကြားချင်း ကျနော် စိတ်ကူးကြည့်လို့ မရနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျနော်တို့ သူမပါဘဲ ဖြေရှင်းခဲ့တယ်။ ပြီးတော့ ကျနော်တို့ ကောင်းကောင်း လုပ်ခဲ့ပါတယ်။"

ဘာစီလိုနာအသင်းဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်မှာ အိမ်ကွင်း လုံးဝရှုံးပွဲ မရှိခဲ့ပါဘူး။ သူတို့အသင်းကို အိမ်ကွင်းမှာ အနိုင်ယူခဲ့တဲ့ နောက်ဆုံး အင်္ဂလန်ကလပ်ကတော့ လီဗာပူးလ်အသင်းဖြစ်ပြီး ၂၀၀၇ ခုနှစ်တုန်းက ဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly