ဒိုင်လူကြီးအား ဆဲဆိုခဲ့သော ဒဂုံအသင်းမှ ကစားသမားကို ၅ ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေ ၈သိန်း ချမှတ်

ဒိုင်လူကြီးအား ဆဲဆိုခဲ့သော ဒဂုံအသင်းမှ ကစားသမားကို ၅ ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေ ၈သိန်း ချမှတ်
  ဧပြီလ ၂၈ ရက်နေ့က ယှဉ်ပြိုင်ခဲ့သော ဒဂုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်။ဓာတ်ပုံ- ရန်ကုန်ယူနိုက်တက်အသင်း

ဧပြီလ ၃၀ ။                       ။ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဖြစ်သော ဒဂုံအသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပွဲစဉ်တွင် ဒိုင်လူကြီးအား ဆဲဆိုခဲ့သော ဒဂုံအသင်းမှ ကစားသမားကို ၅ ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ငွေ ၈သိန်း ချမှတ်လိုက်ကြောင်း သိရသည်။

ဧပြီလ ၂၈ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သော MPT Myanmar National League 2019 ပွဲစဉ် ၉ တွင် ပွဲပြီး ဆုံးချိန်၌ ဒဂုံအသင်းမှ ကစားသမား ကျော်စိုးမိုးမှ ကွင်းအတွက် သို့ဝင်ရောက်ပြီး အကူဒိုင်ကို ဆဲဆိုခြင်း၊ ဥမင် အဝတွင် စောင့်ဆိုင်းကာ ရန်ပြန်ရန် ကြိုးပမ်းခြင်းတို့ကြောင့် မြန်မာနေရှင်နယ်လိဂ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဧပြီလ ၃၀ ရက်နေ့တွင် ယခုကဲ့သို့ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဒဂုံအသင်းမှ ကစားသမား ကျော်စိုးမိုးသည် ဒဂုံအသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၀-၂ ဂိုးဖြင့် ရှုံးနိမ့် ခဲ့သည့် ပွဲစဉ်တွင် ကွင်းအတွင်းသို့ ဝင်ရောက်ကစားခွင့်မရဘဲ အရန်ခုံမှာသာ ရှိနေခဲ့သည်။ ထို့နောက် ပွဲပြီး ဆုံးချိန်တွင် ဒိုင်လူကြီးများ ကွင်းအတွင်းမှ ထွက်ခွာမည့်အချိန်၌ ဆဲဆိုခြင်း၊ ဥမင်အဝတွင် စောင့်ဆိုင်း၍ အကူဒိုင် (၁) ဦးဝင်းသီဟအား ထိုးကြိတ်ရန် ထပ်မံကြိုးစားခဲ့ကြောင်း မြန်မာနေရှင်နယ်လိဂ် ၏ လူမူကွန်ယက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

 ဒဂုံအသင်းမှ အရန်ကစားသမား ကျော်စိုးမိုးအား  MPT Myanmar National League I & II Regulations 2019၏ စည်းကမ်း ထိန်းသိမ်းရေးမူ အပိုဒ် (၁၀) အရ အနီးစပ်ဆုံး (၅) ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေး အဖြစ် ငွေကျပ် ရှစ်သိန်း ပေးဆောင်ရန် မြန်မာနေရှင်နယ်လိဂ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly