လက်ထပ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် The Leftovers ဇာတ်ကား ပွဲဦးထွက်ပွဲသို့ တက်ရောက်ခဲ့တဲ့ ဂျက်နီဖာ အန်နစ္စတန်တို့ ဇနီးမောင်နှံ

လက်ထပ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် The Leftovers ဇာတ်ကား ပွဲဦးထွက်ပွဲသို့ တက်ရောက်ခဲ့တဲ့ ဂျက်နီဖာ အန်နစ္စတန်တို့ ဇနီးမောင်နှံ

အမေရိကန် သရုပ်ဆောင်မင်းသမီး ဂျက်နီဖာအန်နစ္စတန်နှင့် ဂျက်စတင်သောရက်စ် တို့သည် သြဂုတ်လက လက်ထပ်ပွဲ ကျင်းပပြီးသည့် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် The Leftovers ဇာတ်ကား ပွဲဦးထွက် ပြသပွဲသို့ အတူ တက်ရောက်ခဲ့သည်။

အန်နစ္စတန်တို့ဇနီးမောင်နှံသည် အနက်ရောင် ဆင်တူ ဝတ်ဆင်ထားကာ ဇာတ်ကား ပွဲဦး ထွက်ပွဲသို့ တက်ရောက်ခဲ့ကြောင်းနှင့် အသက် ၄၆ နှစ်အရွယ်ရှိ အန်နစ္စတန်သည် အနက်ရောင် အကျီနှင့် ဘောင်းဘီတစ်ဆက်တည်း ဝတ်စုံနှင့် ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ထားကာ ဆံပင်ကို ချထားသည်ကို တွေ့ရသည်။ အသက် ၄၄ နှစ်အရွယ်ရှိ သောရက်စ်သည် အနက်ရောင်ဝတ်စုံနှင့် အဖြူရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်ကို တွေ့ရသည်။

အန်နစ္စတို့ ဇနီးမောင်နှံသည် သြဂုတ် ၅ ရက်က မင်္ဂလာပွဲကို လော့စ်အိန်ဂျလိစ်မြို့ရှိ ၎င်းတို့ နေအိမ်တွင် ကျင်းပပြီးသည့် အချိန်မှစ၍ အနုပညာ လုပ်ငန်းများနှင့် အလုပ်ရှုပ်လျက်ရှိပြီး သော ရက်စ်သည် The Leftovers ဇာတ်ကားအတွက် အော်စတင်မြို့သို့ သွားရောက်ခဲ့ပြီး အန်နစ္စတန် သည် မကြာမီ ထုတ်လွှင့်ပြသမည့် Mother’s Day ဇာတ်ကား ရိုက်ရန်အတွက် ဂျော်ဂျီယာပြည်နယ် အက်လန်တာမြို့သို့ သွားရောက်နေရကာ အနုပညာ လုပ်ငန်းများနှင့် အလုပ်ရှုပ်လျက် ရှိသည်။

ယခုအခါ အန်နစ္စတန်တို့ ဇနီးမောင်နှံသည် လက်ထပ်ပွဲ ကျင်းပပြီးသည့် နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဇာတ်ကား ပွဲဦးထွက်ပွဲသို့ နှစ်ယောက်အတူ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required