တိုက်ပွဲအားလုံး၏ ၇၀ ရာခိုင်နှုန်းနီးပါးမှာ တပ်မတော်နှင့် AA အဖွဲ့တို့ဖြစ်ပွားနေခြင်းဟု အစီရင်ခံစာ ဖော်ပြ

တိုက်ပွဲအားလုံး၏ ၇၀ ရာခိုင်နှုန်းနီးပါးမှာ တပ်မတော်နှင့် AA အဖွဲ့တို့ဖြစ်ပွားနေခြင်းဟု အစီရင်ခံစာ ဖော်ပြ
ဓာတ်ပုံ - စိုးသူအောင်

ရန်ကုန်၊ ဧပြီ ၂၉ ။     ။ ယခုနှစ်အတွင်း ဇန်နဝါရီလမှ မတ်လအထိ မြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများအားလုံး၏ ၇၀ ရာခိုင် နှုန်းနီးပါးမှာ တပ်မတော် နှင့် ရက္ခိုင့်တပ်(AA) တို့ဖြစ်ပွားခဲ့သည့်တိုက်ပွဲများဖြစ်သည်ဟု BNI အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာ တစ်ရပ်တွင်ဖော် ပြထားသည်။

မီဒီယာများတွင်ဖော်ပြချက်များကို စာရင်းပြုစု၍ ၂၀၁၇ - ၂၀၁၈ ခုနှစ်အတွက် BNI အဖွဲ့မှတ်ထုတ်ပြန်ခဲ့သည့်  “မြန်မာ့ငြိမ်းချမ်းရေး လုပ် ငန်းစဉ်ကို ပုံဖော်ခြင်း” စာအုပ်တွင် ဖော်ပြထားခြင်းလည်းဖြစ်သည်။

“ ပထမဆုံးအနေနဲ့ AA အနေနဲ့ဆိုရင် တပ်မတော်နဲ့တိုက်ပွဲဖြစ်တာက ၂၀၁၇ တစ်နှစ်လုံး ၂၀၁၈ တစ်နှစ်လုံး တဖြည်းဖြည်းတက် လာတယ်လို့ ကျွန်မတို့တွေ့ရတယ်။ ၂၀၁၉ မှာဆိုရင် ၃ လထဲရှိသေးတယ်။ ၂၀၁၇ - ၁၈ တစ်နှစ်လုံးဖြစ်တာထက်ပိုပြီးမှ ရက်ပေါင်းများ နေတာကိုတွေ့ရတာဖြစ်ပါတယ်” ဟု BNI မှ Peace Process Monitoring Program Ms.Htu Sam Zahkung ကပြောသည်။

Myanmar Peace Monitoring ၏ စောင့်ကြည့်လေ့လာမှုများအရ တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား မှုမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၇ ခုနှစ်တွင် ၂၇ ရာခိုင်နှုန်းထိသာရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၃ လ အတွင်း ၆၉ ရာခိုင်နှုန်းအထိရောက်ရှိလာခဲ့ခြင်း လည်းဖြစ်သည်။

၂၀၁၈ ခုနှစ်တစ်ခုလုံးတွင် တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသည့်ရက် ၃၀  ကျော်သာရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်ဆန်းပိုင်း (၃) လအတွင်း တိုက်ပွဲဖြစ်သည့်ရက်ပေါင်း ၅၀ နီးပါးရှိခဲ့ပြီဟုလည်း အဆိုပါ စစ်တမ်း အရသိရသည်။

BNI အဖွဲ့မှတ်ထုတ်ပြန်ခဲ့သည့် “ မြန်မာ့ငြိမ်းချမ်းရေး လုပ် ငန်းစဉ်ကို ပုံဖော်ခြင်း”  စာအုပ်တွင် တိုက်ပွဲ အကြိမ် အရေအတွက်များကို ဖော်ပြပါက အငြင်းပွားမှုများရှိနိုင်၍ တိုက်ပွဲဖြစ်ပွားခဲ့သည့် ရက်များကိုသာ စာရင်းကောက်ယူဖော်ပြရခြင်းဖြစ်ကြောင်းလည်း Ms.Htu Sam Zahkung ကပြောသည်။

Myanmar Peace Monitoring ၏ စောင့်ကြည့်လေ့လာမှုများအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ (၃) လအတွင်း မြန်မာ့တပ်မတော်အပြင် EAOs အချင်းချင်းတို့အကြား တိုက်ပွဲဖြစ်ပွားသည့် ရက်ပေါင်း (၈၉) ရက်ထိရှိခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

အဆိုပါထဲတွင် တပ်မတော်နှင့် EAOs တို့ (၇၄) ရက်ခန့်ဖြစ်ပြီး EAOs အချင်းချင်းကြားဖြစ်ပွားသည့်ရက် ၁၅ ရက်ရှိခဲ့ကြောင်း လည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly