ONE: For Honor ပြိုင်ပွဲကြီးမှ စိတ်ဝင်စားဖွယ်အကောင်းဆုံး တွဲဆိုင်း ၅ ခု

ONE: For Honor ပြိုင်ပွဲကြီးမှ စိတ်ဝင်စားဖွယ်အကောင်းဆုံး တွဲဆိုင်း ၅ ခု

ONEChampionship က ၂ဝ၁၉ ခုနှစ်အတွင်း ရှစ်ကြိမ်မြောက်ကျင်းပသောပြိုင်ပွဲကြီးဖြစ်သည့်ForHonor ပြိုင်ပွဲကြီးကို လာမည့် မေလ ၃ ရက်နေ့တွင်အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊ Istora Senayan မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။ စုစုပေါင်းတွဲဆိုင်း ၁၄ ခုပါဝင်သည့် အဆိုပါပြိုင်ပွဲကြီးတွင် ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံလုပွဲအပါအဝင် မွေထိုင်း တွဲဆိုင်း ၄ ခုအထိ ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။အဆိုပါ For Honor ပြိုင်ပွဲ၏ ပွဲစဉ်များအနက်မှ စိတ်ဝင်စားဖွယ်ရာအကောင်းဆုံး တွဲဆိုင်း ၅ ခုကို ရွေးချယ်ဖော်ပြလိုက်ရပါသည်။

Sam-A Gaiyanghadao နှင့် Jonathan Haggertyမွေထိုင်းလက်ဝှေ့လောကတွင် ၂၅ နှစ်ကျော်ကြာ ကျင်လည်ခဲ့ပြီး ပွဲပေါင်း၄ဝဝ ကျော် ထိုးသတ်ထားသည့် ဝါရင့်လက်ဝှေ့သမားကြီး Sam-AGaiyanghadao သည် ၎င်း၏ ဖလိုင်းဝိတ်တန်းမွေထိုင်းကမ္ဘာ့ချန်ပီယံဆုကိုစိန်ခေါ်လာသည့် အင်္ဂလန်နိုင်ငံသားလူငယ်လက်ဝှေ့ကစားသမား JonathanHaggerty နှင့်ရင်ဆိုင်ကာ ချန်ပီယံခါးပတ်ကို ကာကွယ်သွားရမည်ဖြစ်သည်။

Sam-A သည် ထိုင်းနိုင်ငံ၏ နာမည်ကြီး မွေထိုင်းသင်တန်းကျောင်းဖြစ်သော PetchyindeeMuay Thai Academy မှ ထွက်ရှိလာသူပီပီ ထိုးသတ်ကွက်စုံလင်စွာဖြင့် ပြိုင်ဘက်ကို ရင်ဆိုင်လေ့ရှိသူဖြစ်သည်။ ထို့ကြောင့် ၎င်း၏ကစားသမားဘဝတစ်လျှောက်တွင် ထိုင်းနိုင်ငံ၏ စူပါဖလိုင်းဝိတ်တန်း၊ ဘန်တန်ဝိတ်တန်း၊ စူပါဘန်တန်ဝိတ်တန်းတို့တွင် ချန်ပီယံဆုများ အကြိမ်ကြိမ် သိမ်းပိုက်နိုင်ခဲ့ဖူးသည်။၎င်းကိုစိန်ခေါ်သည့် Haggerty သည် အသက် ၂၂ နှစ်အရွယ်ဖြစ်ကာ ကစားသမားဘဝတစ်လျှောက် ပရော်ဖက်ရှင်နယ် ပွဲပေါင်း ၁၅ ပွဲ ခန့်သာ ထိုးသတ်ခဲ့ဖူးသူ ဖြစ်သော်လည်း ISKA ကမ္ဘာ့ချန်ပီယံ၊ WBC နိုင်ငံတကာချန်ပီယံနှင့် Roar Combat League ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲများကို အနိုင်ရရှိထားသူဖြစ်သည်။ ထို့ကြောင့် ယခုပြိုင်ပွဲ၏ အဓိကပွဲလည်းဖြစ်သည့် အဆိုပါပွဲစဉ်တွင် အတွေ့အကြုံရင့်ကျက်သည့် လက်ရှိချန်ပီယံ Sam-A က စိန်ခေါ်သူလူငယ်ကစားသမား Haggerty ကို မည်သို့ရင်ဆိုင် ထိုးသတ်သွားမည်ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်ရပေမည်။

Yushin Okami နှင့် KiamrianAbbasovဂျပန်ဝါရင့်ကစားသမားကြီးYushinOkamiနှင့်ကာဂျစ်စတန်ထိပ်တန်းကစားသမားKiamrianAbbasovတို့ယှဉ်ပြိုင်ကစားကြမည့်ဒုတိအဓိကပွဲစဉ်သည်လည်းပရိသတ်များအတွက် စိတ်လှုပ်ရှားမှုများ ပေးစွမ်းနိုင်မည်ဖြစ်သည်။ UFC ၊ PRIDE ၊ Pancrase ၊ M-1 Global ၊ World Series of Fighting ၊ DEEP နှင့် PFL စသော နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံ များရှိသည့် Okami သည် အသက် ၃၇ နှစ်အရွယ်ရှိနေပြီ ဖြစ်သော်လည်း ခွန်အားနှင့် နိုင်ပွဲရယူလိုသောဆန္ဒအပြည့်ရှိနေသေးသူ ဖြစ်သည်။

UFC မှ ထွက်ခွာလာပြီးနောက် ယခုပွဲစဉ်သည် Okami ၏ ပထမဆုံး ONEChampionship ပွဲဦးထွက်ဖြစ်ရာ ၎င်းအနေဖြင့် ပွဲဦးထွက်နိုင်ပွဲရယူရန် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်သည်။ အလားတူ ၎င်း၏ ပြိုင်ဘက် Abbasov သည်လည်း နောက်ဆုံးယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ပွဲစဉ် ၁၃ ပွဲတွင် တစ်ပွဲသာ ရှုံးနိမ့်ထားသောကြောင့် ရလဒ်ကောင်းကို ပိုင်ဆိုင်ထားသူဖြစ်သည်။

Abbasov သည် ပြီးခဲ့သည့်ပွဲတွင် ONE Championship ဝယ်လ်တာဝိတ်တန်းချန်ပီယံဟောင်း AgilanThani ကို ပထမအချီတွင်ပင် အနိုင်ယူထားသူဖြစ်ပြီးယင်းကဲ့သို့ ရလဒ်မျိုးကို လက်ရှိချန်ပီယံ Zebaztian
 Kadestam သည်ပင် မရခဲ့ဖူးသေးပေ။ ထို့ကြောင့် Abbasovသည် Okami အတွက် ခက်ခဲသည့် ပြိုင်ဘက်ဖြစ်လာဖွယ်ရှိနေပြီး Okami ၏ သမ္ဘာရင့်အတွေ့အကြုံများက နိုင်ပွဲဆက်နေသည့် Abbasov ကို တားဆီးနိုင်မည်လားဆိုသည်ကိုမူ စောင့်ကြည့်ရပေမည်။

TetsuyaYamadaနှင့်MaratGafurovဂျပန်နိုင်ငံ၏ZSTကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားပြိုင်ပွဲတွင်ဝယ်လ်တာဝိတ်တန်းချန်ပီယံဟောင်းဖြစ်သူTetsuyaYamadaသည်ONE၏ဖယ်သာဝိတ်တန်းချန်ပီယံဟောင်းMaratGafurov နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ဝယ်လ်တာဝိတ်တန်းမှကိုယ်အလေးချိန်လျှော့့ချကာ တန်းဆင်းထိုးသည့် Yamada သည် ပြီးခဲ့သည့် ဇွန်လကဘရာဇီးလ်နိုင်ငံသားRafaelNunes ကို အနိုင်ယူပြီးနောက်ပိုင်း ပြိုင်ပွဲများနှင့်ဆယ်လခန့်ကြာ ဝေးကွာနေသူဖြစ်သည်။ ယခု ၎င်း၏ ကြိုးဝိုင်းတစ်ကျော့ပြန်ပွဲတွင် ဝါရင့်ကစားသမားကြီး Gafurov နှင့်ရင်ဆိုင်ရမည်ဖြစ်သဖြင့် ခက်ခဲသည့် ပြိုင်ပွဲဖြစ်နေသည်။

Gafurov သည် ကစားသမားဘဝစကတည်းကပင် ၁၄ ပွဲ ဆက်တိုက်နိုင်ခဲ့ဖူးသည့်ရလဒ်ကောင်းကို ပိုင်ဆိုင်ဖူးသူဖြစ်ပြီး ၂ဝ၁၇ ခုနှစ်တွင် လက်ရှိဖယ်သာဝိတ်တန်းချန်ပီယံဖြစ်နေသူMartinNguyen ကို ရှုံးနိမ့်ခဲ့သည့် ပွဲက ၎င်း၏ကစားသမားဘဝ၏ပထမဆုံးရှုံးပွဲဖြစ်သည်။ ယင်းနောက်ပိုင်းတွင် နှစ်ပွဲသာ ထပ်မံကစားထားပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရလဒ် ရရှိထားသည်။ ထို့ကြောင့် ယခုပွဲစဉ်သည် ၎င်းအနေဖြင့် ချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ်နိုင်ရေးအတွက် အရေးပါသည့် ပွဲစဉ်တစ်ခုပင်ဖြစ်သည်။

Priscilla Hertati Lumban Gaol နှင့် NouSrey Pov အင်ဒိုနီးရှားနိုင်ငံသူ ကိုယ်ခံပညာကစားသမားPriscillaHertati Lumban Gaol သည် ယခုတွဲဆိုင်းတွင် ကမ္ဘောဒီယားနိုင်ငံသူNouSrey Pov နှင့်အက်တမ်ဝိတ်တန်းပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြရမည်ဖြစ်သည်။Gaol သည် ဝူရှူးကမ္ဘာ့ချန်ပီယံနှစ်ကြိမ်ဖြစ်ခဲ့ဖူးသူဖြစ်သလို Pov သည်လည်း ခမာလက်ဝှေ့ကမ္ဘာ့ချန်ပီယံဖြစ်သဖြင့် ၎င်းတို့၏ပွဲစဉ်တွင် မတ်တပ်ရပ်တိုက်ကွက်များကို အဓိကထား အသုံးပြုကစားဖွယ်ရှိနေသည်။

Gaol သည် ၂ဝ၁၈ ခုနှစ်အတွင်း ပြိုင်ပွဲ ၆ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ၅ ပွဲနိုင်ပြီး တစ်ပွဲသာ ရှုံးနိမ့်ခဲ့သည်။ သို့သော် ယခု နှစ်ဆန်းပိုင်းတွင် ယှဉ်ပြိုင်ကစားသည်ONE:Eternal Glory ပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံသူPuja Tomar ကို ရှုံးနိမ့်ထားသဖြင့်နိုင်ပွဲပြန်လည်ရရှိရန်စိတ်အားထက်သန်နေသူဖြစ်သည်။Povသည်ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားဘဝတွင်ပွဲစဉ်တစ်ပွဲသာကစားရသေးသော်လည်းနာမည်ကျော်ထိုင်းအားကစားမယ်RikaIshige ကို အနိုင်ရထားသူဖြစ်သည်။ ထို့ကြောင့် ယခုပွဲစဉ်တွင်အိမ်ရှင်ပရိသတ်အားဖြင့် ယှဉ်ပြိုင်ကစားမည့် Gaol ကို Pov က အကောင်းဆုံး ပြန်လည်တုံ့ပြန်နိုင်ဖွယ်ရှိနေသဖြင့် စိတ်ဝင်စားဖွယ် အကောင်းဆုံးတွဲဆိုင်းတစ်ခုအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။

Keanu Subba နှင့် Ryogo Takahashiမလေးရှားနိုင်ငံသားKeanuSubba သည် ဂျပန်ကစားသမားRyogoTakahashi နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ယခုပွဲတွင်အနိုင်ရရှိသူသည် ဖယ်သာဝိတ်တန်းကမ္ဘာ့ချန်ပီယံကို စိန်ခေါ်နိုင်သည့် အခွင့်အရေးရရှိနိုင်မည်ဖြစ်သဖြင့် စိတ်ဝင်စားဖွယ်ရာ ပွဲစဉ်တစ်ခုဖြစ်သည်။ မလေးရှား၏ MIMMA ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သူ Subba သည် ၎င်း၏ အစ်ကိုGianniSubba ၏ ခြေရာကိုနင်းကာ ONE Championship ပြိုင်ပွဲကြိုးဝိုင်းထဲရောက်ရှိလာသူ ဖြစ်သည်။ ONE Championship တွင် စုစုပေါင်း ပွဲစဉ် ၈ ပွဲ ကစားထားပြီး၊ နှစ်ပွဲသာ ရှုံးနိမ့်ထား၍ ကျန်ပွဲများ အားလုံးကို အလဲထိုး၊ ဒိုင်ပွဲရပ်၊ ပြိုင်ဘက်အရှုံးပေး စသည့် ရလဒ်များဖြင့် အနိုင်ရထားသူဖြစ်သည်။

ဂျပန်နိုင်ငံ၏ Shooto ပြိုင်ပွဲတွင် နောက်ဆုံး ၆ ပွဲဆက်တိုက်အနိုင်ရထားပြီးနောက် ပြိုင်ပွဲကြိုးဝိုင်းနှင့် တစ်နှစ်ခွဲခန့် ဝေးကွာနေခဲ့သူ Takahashi မှာမူ ယခုပွဲကို ၎င်း၏ပထမဆုံး ONE ပွဲဦးထွက်ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ယခုပွဲသည် ပြိုင်ပွဲ၏ အဓိကတွဲဆိုင်းများထဲတွင် မပါဝင်သော်လည်း ကစားအားကောင်းသည့် ကစားသမားနှစ်ဦးထိပ်တိုက်တွေ့သည့် ပွဲစဉ်ဖြစ်သဖြင့် သွက်သွက်လက်လက်နှင့် ကြည့်ကောင်းမည့်ပွဲစဉ်တစ်ပွဲ ဖြစ်လာနိုင်ဖွယ်ရှိနေသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly