ပီအက်စ်ဂျီကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ပြင်သစ်ဖလား ဆွတ်ခူးတဲ့ ရန်းစ်

ပီအက်စ်ဂျီကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ပြင်သစ်ဖလား ဆွတ်ခူးတဲ့ ရန်းစ်
Photo: Rennes

ရန်းစ်အသင်းဟာ ပြင်သစ်ဖလားဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရခဲ့ပြီး ၁၉၇၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဒီဆုဖလားကို နြ်လည်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၄ နှစ်ဆက်တိုက် ပြင်သစ်ဖလားဆွတ်ခူးခဲ့တဲ့ လီဂူ ၁ ချန်ပီယံ ပီအက်စ်ဂျီဟာ ဒန်နီ အဲလ်ဗက်စ်၊ နေမာတို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲကို ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲအလှည့်အပြောင်းဖြစ်တဲ့ ကင်ပင်ဘေရဲ့ ပွဲချိန်မိနစ် ၄၀ မှာ ကိုယ့်ဂိုးကိုယ်သွင်းဂိုးနဲ့ မက်ဆာရဲ့ ခေါင်းတိုက်ဂိုးတွေကြောင့် တစ်ဖက် ၂-၂ ဂိုးစီ သရေဖြစ်သွားခဲ့တာကြောင့် အချိန်ပိုအထိ ဆက်ကစားခဲ့ပါတယ်။

ဒါ့အပြင် အချိန်ပိုမှာ အမ်ဘာပေဟာ ဆိုးရွားတဲ့ ပြစ်ဒဏ်ကျူးလွန်းမှုကြောင့် အနီကတ်နဲ့ ထုတ်ခံရပြီး ပင်နယ်တီအဆုံးအဖြတ်မှာလည်း ခရစ္စတိုဖာ အင်ခေါင်ခူးဟာ ပင်နယ်တီ လွဲချော်ခဲ့ပါတယ်။

တစ်ဖက်မှာတော့ ရန်းစ်အသင်းက ပင်နယ်တီ အားလုံးဝင်ခဲ့တာကြောင့် အသင်းသမိုင်းမှာ ပြင်သစ်ဖလား ၃ ကြိမ်မြောက်ဆွတ်ခူးသွားခဲ့တာပဲဖြစ်ပါတယ်။

ပြင်သစ်ဖလား ဗိုလ်လုပွဲရလဒ်

ရန်းစ် ၂-၂ PSG
(မိနစ် ၉၀ ၂-၂၊ ပယ်နယ်တီ ၆-၅ ဖြင့် ရန်းစ်နိုင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly