ရုရှားအေဂျင့် မာရီယာဘူတီနာကို အမေရိကန်က ထောင်ချတာဟာ ထင်ရာစိုင်းတဲ့ လုပ်ရပ်ဟု ပူတင် ရှုတ်ချ

ရုရှားအေဂျင့် မာရီယာဘူတီနာကို အမေရိကန်က ထောင်ချတာဟာ ထင်ရာစိုင်းတဲ့ လုပ်ရပ်ဟု ပူတင် ရှုတ်ချ

မော်စကို၊ ဧပြီ ၂၇ ။       ။ အမေရိကန်နိုင်ငံမှာ အေဂျင့် မာရီယာဘူတီနာကို ထောင်ချတာဟာ ထင်ရာစိုင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရုရှား သမ္မတ ဗလာဒီမာပူတင်က ဧပြီ ၂၇ ရက်မှာ ရှုတ်ချပြောဆိုရင်း အမျိုးသမီး အေဂျင့်တစ်ဦးဖြစ်တဲ့ မာရီယာကို ထောင်ချတာ ဘာကြောင့်ဆိုတာ နားမလည်ကြောင်း ဖြည့်စွက်ပြောပါတယ်။

“သူကို စွပ်စွဲစရာ ကျွန်တော်မှာ ဘာမှ လက်ဆုပ်လက်ကိုင် ရှိတာ မဟုတ်ဘူး။ ဒါပေမယ့် ခုကိစ္စရပ်ဟာ ပေါ့သေးသေး သဘောထားလို့တော့ မရဘူး။ သူ့ကို ထောင်ဒဏ် ၁၈ လ ချမှတ်ထားတာဖြစ်တယ်။”လို့ ပေကျင်းမှာ ကျင်းပတဲ့ ရပ်ဝန်းနဲ့ လမ်းမ အစည်းအဝေး ပြင်ပန်းမှာ သတင်းထောက်တွေကို ပူတင်က ပြောပါတယ်။

မာရီယာဟာ ပြည်ပအစိုးရတစ်ရပ်အတွက် အေဂျင့်အဖြစ် လျှို့ဝှက်ပူးပေါင်းကြံစည်မှု လုပ်ဆောင်တယ် ပြစ်မှုနဲ့ ဝါရှင်တန်တရားရုံးတစ်ရုံးက သောကြာနေ့မှာ ပြစ်ဒဏ်ချမှတ်လိုက်တာပါ။

“ဒါဟာ တကယ်တော့ ထင်ရာစိုင်းတာပဲ။ သူ့ကို ဘာကြောင့် အပြစ်ဒဏ် ချမှတ်သလဲဆိုတာ ကျွန်တော်တို့ နားမလည်ဘူး။”လို့ ပူတင်က ပြောပါတယ်။

အမေရိကန်နိုင်ငံရေးမှာ ရုရှားရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ ပတ်သက်ပြီး သုံးနှစ်တာ စုံစမ်းစစ်ဆေးမှုမှာ ရုရှားတစ်ဦးကို ဖမ်းဆီးပြီး အပြစ်ပေးတာက ဒါဟာ ပထမဆုံးလည်း ဖြစ်ပါတယ်။

အသက် ၃၀ နှစ် ရှိတဲ့ မာရီယာဟာ ရုရှား လက်နက်အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့ငယ်လေးက ခေါင်းဆောင်ဖြစ်ပြီး ကွန်ရက်ပိုမိုကျယ်ပြန့်ဖို့ အမေရိကန်က အမျိုးသားရိုင်ဖယ်အသင်းနဲ့ ချိတ်ဆက်မှု လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

သူဟာ ရုရှားအစိုးရ အဆင့်မြင့်အရာရှိတစ်ဦးထံ အစီရင်ခံစာတွေ တင်ပြနေတယ်လို့ အမေရိကန် အစိုးရရှေ့နေတွေက ပြောပါတယ်။

မာရီယာကို ပြစ်ဒဏ် ချမှတ်တာနဲ့ ပတ်သက်ပြီး မော်စကိုဖက်က ဝေဖန်အပြစ်ဆိုရင်း အမေရိကန်ရဲ့ တရားစီရင်ရေးအတွက် ရှက်စရာပဲ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required