ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲအတွက် ဖာမီနို အသင့်ဖြစ်နေနိုင်တယ်လို့ ကလော့ပ် ယုံကြည်

ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲအတွက် ဖာမီနို အသင့်ဖြစ်နေနိုင်တယ်လို့ ကလော့ပ် ယုံကြည်
Photo: EPA

လီဗာပူးလ်က ဟတ်ဒါဖီးလ်ကို (၅-၀)နဲ့ အနိုင်ရခဲ့တဲ့ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ တိုက်စစ်ကစားသမား ရောဘတ်တိုဖာမီနိုဟာ ပေါင်ကြွက်သားစုတ်ပြဲဒဏ်ရာ ရရှိနေကြောင်း နည်းပြ ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်

ဒီတပတ် ဟတ်ဒါဖီးလ်နဲ့ပွဲအတွက် နောက်ဆုံးပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဖာမီနိုင်က ကြွက်သားဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး မန်စီးတီးနဲ့ အမှတ်ပေးချန်ပီယံတိုက်ပွဲ၊ ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် ဘာစီလိုနာနဲ့ ယှဉ်ဆိုင်ရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲ ပြင်ဆင်မှုတို့မှာ လီဗာပူးလ်အတွက် သတင်းဆိုးပဲဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ကလော့ပ်က  ဘရာဇီးလ်တိုက်စစ်ကစားသမားရဲ့ ဒဏ်ရာအခြေအနေက အသေးစားဖြစ်တာကြောင့် အမြန်ပျောက်ကင်းလာမယ့် အခွင့်အရေးတွေရှိတဲ့အတွက် အကောင်းဘက်ကမြင်နေပါတယ်။

"သူကြွက်သားဒဏ်ရာ အနည်းငယ် ရရှိခဲ့တာပါ။ ဗုဒ္ဓဟူးနေ့ပွဲအတွက် (ဘာစီလိုနာနဲ့ပွဲ) သူ အသင့်ဖြစ်နေနိုင်ပါတယ်။ ဒါမယ့် သူ့လက်ရှိအခြေအနေကို ကျနော်တို့ ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။ ဒီဒဏ်ရာကြောင့် သူ ဟတ်ဒါဖီးလ်နဲ့ပွဲမှာ မပါဝင်ခဲ့တာပါ။"လို့ ကလော့ပ်က ဟတ်ဒါဖီးလ်နဲ့ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဟတ်ဒါဖီးလ်နဲ့ပွဲမှာ လီဗာပူးလ်အတွက် ဂိုးတွေကို ကလပ်ရဲ့ အမြန်ဆုံး ပရီးမီးယားလိဂ်သွင်းဂိုးဖြစ်တဲ့ ကီတာရဲ့ ၁၅ စက္ကန့်သွင်းဂိုး၊ မာနေးနဲ့ ဆာလာတို့က (၂)ဂိုးစီ အသီးသီးသွင်းယူပေးခဲ့အပြီးမှာတော့ တနင်္ဂနွေမှာ မန်စီးတီးအသင်း ဘန်လေနဲ့ မကစားရသေးခင် (၂)မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly