မြန်မာ အလုပ်သမားများအကြား လုပ်ငန်းခွင်ဆိုင်ရာ ဘေးကင်းမှုနှင့် ကျန်းမာရေးအပေါ် အာရုံစိုက်ခြင်း (ဒိန်းမတ် သံအမတ်ကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း)

By မျိုးသန့်(မဇ္စျိမ)
27 April 2019
မြန်မာ အလုပ်သမားများအကြား လုပ်ငန်းခွင်ဆိုင်ရာ ဘေးကင်းမှုနှင့် ကျန်းမာရေးအပေါ် အာရုံစိုက်ခြင်း (ဒိန်းမတ် သံအမတ်ကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း)

၂၀၁၉ ခုနှစ် ဧပြီ ၂၈ တွင် ကျရောက်သည့် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းခွင် ဘေးကင်းမှုနှင့် ကျန်းမာရေးနေ့ မတိုင်မီ မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အလုပ်လုပ်ကိုင်ရမှု အခြေအနေများ တိုးတက်စေရန် ရည်ရွယ်၍ ကြိုးပမ်း အားထုတ်နေမှုများကို မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီး မစ္စတာ ဂျွန်နယ်လ်ဆင်က MizzimaTV တွင် ဆွေးနွေးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

MizzimaTV အယ်ဒီတာ ဦးမျိုးသန့်က ဒိန်းမတ်  သံအမတ်ကြီးနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ နိုင်ငံတကာ စျေးကွက်ထဲ အများနှင့်ယှဉ်ပြိုင်နိုင်မှု တည်ဆောက်ရာ၌ မဖြစ်မနေ အရေးပါသော ဤအပိုင်းကဏ္ဍ၏ အရေးကြီးမှု၊ နက်နဲမှုတို့နှင့်စပ်လျင်းပြီး သေချာအောင် လေ့လာစိစစ်နိုင်စေရန်လည်းကောင်း၊ ယင်းက အလုပ်သမားများအတွက်သာမက ကုမ္ပဏီများနှင့် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများအတွက်လည်း မည်ကဲ့သို့  အကျိုးဖြစ််ထွန်းစေနိုင်မည်လဲ ဆိုသည်တို့ကို မေးမြန်းဆွေးနွေးခဲ့သည်။

မေး။ ။ မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်ဘေးကင်းမှုနဲ့ ကျန်းမာမှုတို့ကို အချိုးကျတိုးချဲ့ဖို့က ဘာကြောင့်များ အရေးကြီး နေရတာလဲခင်ဗျာ့

ဖြေ။ ။ ကောင်းပါပြီ ပထမဦးစွာ ကျွန်တော့်ကို ခုလို ဖိတ်ကြားတဲ့အတွက်ရော နောက်ပြီးတော့ ခုလိုမျိုး တကယ့်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုနဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုနိုင်တဲ့ အခွင့်အလမ်းတစ်ခု ပေးတဲ့အတွက်လည်း ကျေးဇူးတင်ချင်ပါတယ် ဒီကိစ္စက ပိုပိုပြီးတော့ အရေးကြီးလာနေပါပြီ မြန်မာနိုင်ငံဟာဆိုရင် စျေးကွက်စီးပွားရေးကို ဖွင့်လှစ်လုပ်ကိုင်နေပြီး တိုးတက်မှုတွေ ရရှိနေပါတယ် အရေးကြီးတာက ဒီမှာ ပါဝင်ပတ်သက်နေသူ အားလုံးအတွက် ဒါက သိပ်ကောင်းတယ်လို့ ပြောရမှာဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ် တကယ်ဆို ဒါက အလုပ်သမားတွေအတွက် သိပ်ကောင်းပါတယ် သူတို့တွေရဲ့ အခွင့်အရေးတွေ တိုးတက်ဖို့ ခင်ဗျား လုပ်ပေးနိုင်မယ်ဆိုရင် နောက်ပြီး သူတို့ရဲ့ အလုပ်လုပ်ကိုင်ရမှု ပတ်ဝန်းကျင်တွေကို တိုးတက်အောင် လုပ်ပေးနိုင်မယ်ဆိုရင်ပေါ့ ဒါ့အပြင် ဒါက ကုမ္ပဏီတွေအတွက်လည်း ကောင်းပါတယ် သူတို့ ပိုမိုကျန်းမာလုပ်နိုင်ကိုင်နိုင်တဲ့ အလုပ်သမားတွေ ရရှိမယ် နောက်ပြီး သူတို့ ပုံမှန်အားဖြင့် ပို့ကုန်တင်ပို့နိုင်ဖို့ရာ မရှိတဲ့ ဥရောပနဲ့ အမေရိကန်လို နိုင်ငံတစ်ချို့ဆီကိုလည်း ပို့ကုန်တင်ပို့နိုင်မယ့် အခွင့်အရေးတွေ ရရှိကြမှာဖြစ်တယ်လေ ဒီတော့ ကုမ္ပဏီတွေအတွက်လည်း ဒါက ကောင်းပါတယ် ပြီးတော့ နောက်ဆုံး တစ်ခုက ဒါက မြန်မာ့စီးပွားရေးအတွက်လည်း ကောင်းပါတယ် ဒီတော့ကာ ခင်ဗျားအနေနဲ့ ပါဝင်ပတ်သက်သူအားလုံးအတွက် ဒီအရာတွေကို လုပ်ပေးနိုင်မယ်ဆိုရင် ဒါက Win-Win Situation (အပြန်အလှန် အကျိုးဖြစ်ထွန်းနိုင်မယ့် အခြေအနေ) ဖြစ်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံအနေနဲ့ ဒီလုပ်ငန်းခွင် ဘေးကင်းမှုနဲ့ ကျန်းမာမှုအပေါ် အာရုံစိုက်လုပ်ကိုင်တဲ့နေရာမှာ ဒါက ဥရောပါ နိုင်ငံတွေအတွက်ကရော ဘာကြောင့် အရေးကြီးရတာလဲခင်ဗျာ့

ဖြေ။ ။ ခင်ဗျားလည်း သိမယ်လို့ ကျွန်တော်ထင်ပါတယ် အီးယူက ဒီကနေ့ကာလမှာ မြန်မာအတွက် တတိယအကြီးဆုံး ပို့ကုန် စျေးကွက်ကြီးဖြစ်ပါတယ် အထူးသဖြင့် အထည်ချုပ်လုပ်ငန်းမှာဆိုရင် ပို့ကုန်ပိုင်းမှာ အတော်လေးကို မြင့်တက်လာခဲ့ပါတယ် ဒီကနေ့ ဥရောပနိုင်ငံတွေကို ခင်ဗျား ကြည့်လိုက်ပါ အီးယူအုပ်စုတွင်းက Consumers ဝယ်ယူအားပေးသူ တွေဟာ သူတို့ ဝယ်ယူတဲ့အခါမှာ ပိုသန့် ပိုစစ်တဲ့ ပစ္စည်းတွေကိုပဲ သူတို့ ပိုမိုတောင်းဆိုလာနေကြတာကို တွေ့ရပါလိမ့်မယ် ဒါ့အပြင် သူတို့ ဝယ်ယူတဲ့ ပစ္စည်းတွေကို မူလထုတ်လုပ်တဲ့နေရာတွေက လုပ်ငန်းခွင် အခြေအနေတွေကိုလည်း သူတို့ မေးမြန်းနေကြပါပြီ ဒီတော့ ကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်ရတဲ့ အခြေအနေတွေနဲ့ ကျန်းမာရေးအပိုင်းကို ခင်ဗျား တိုးတက်အောင် တစ်ခုခု လုပ်နိုင်တယ်ဆိုရင်တော့ ဒါက ဒီလို နိုင်ငံတွေက Consumers  တွေအတွက် အရမ်းကို အရေးကြီးပါလိမ့်မယ် သူတို့ဟာ ဒီအတွက်တကယ်ပဲ ပိုပြီး ပေးဝယ်ချင်ကြစိတ်ရှိနေကြပါပြီ

မေး။ ။  လုပ်ငန်းခွင်ဆိုင်ရာ ဘေးကင်းမှု၊ ကျန်းမာရေးနဲ့စပ်လျင်းတဲ့ စည်းမျဉ်းဥပဒေတွေ ရှိမနေဘူးဆိုရင် ဒါက ကုမ္ပဏီတွေ အလုပ်သမားတွေ အားလုံးအတွက် ပိုလွယ်ကူနိုင်မယ့် အခြေအနေမရှိဘူးလား

ဖြေ။ ။နိုး အဲဒီလိုတော့ ကျွန်တော် မထင်ပါဘူး အဲဒီလိုမျိုးဆိုရင် ဘယ်သူ့အတွက်မှ ကောင်းဖို့ မရှိပါဘူး ဘာလို့လဲ ဆိုတော့ ကျွန်တော် အစောတုန်းက ပြောခဲ့သလိုပဲ လုပ်ငန်းခွင် အခြေအနေ မကောင်းတဲ့ နိုင်ငံမျိုးတွေကနေ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို အီးယူ Consumers တွေက မဝယ်ချင်ကြပါဘူး ဒီလိုမျိုးက ဥရောပမှာသာမက၊ အမေရိကန်ရော ကျန်ကမ္ဘာ့ ဒေသအများအပြားမှာလည်း ပိုမို ဖြစ်ပေါ်လာနေပါတယ် ဒုတိယအချက်အနေနဲ့ ကျွန်တော်အမြင်မှာတော့ လုပ်ငန်းခွင်တွေထဲမှာ အလုပ်သမားတွေ ပိုကောင်းတဲ့ အလုပ်လုပ်ကိုင်ရမှု အခြေအနေတွေ ရရှိနိုင်အောင် သူတို့ ရောက်နေတဲ့ နေရာတွေမှာ အလုပ်လုပ်ကိုင်ရမှု အခြေအနေတွေ တိုးတက်နိုင်မယ့် အခွင့်အရေး အပြည့်အဝ ရစေအောင်လို့ လုပ်ပေးရမှာက ကျွန်တော်တို့ တာဝန်ဖြစ်ပါတယ် ပြီးတော့ တတိယအချက်အနေနဲ့ မြန်မာအနေနဲ့ လုပ်ငန်းကဏ္ဍ အများအပြားမှာ ထုတ်လုပ်မှုတွေကို မြှင့်တင်ချင်တယ်ဆိုရင်၊ နောက်ပြီး နိုင်ငံရဲ့ စီးပွားရေးအရ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ချင်တယ်ဆိုရင်တော့ ဒါကို မဖြစ်မနေ လိုအပ်ပါတယ် မြန်မာဆိုရင် ကမ္ဘာနဲ့အကြား စျေးကွက်တွေ ဖွင့်လှစ်ထားပြီးဖြစ်ပါတယ် ဒီလိုမျိုး လုပ်ငန်းစဉ်ကတော့ ရှည်လျားတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ဖို့ ရှိပါတယ် ဘာလို့လဲဆိုတော့ ခင်ဗျားဟာ ပိတ်ထားတဲ့ လူ့အဖွဲ့အစည်းတစ်ခုကနေ လာတာဖြစ်တယ် ခုတော့ ဒီနေရာက ဖွင့်လှစ်မှုတွေ လုပ်ဆောင်နေပါပြီ ဒီနေရာမှာ ခင်ဗျားအနေနဲ့  စျေးကွက်သစ်တွေကို ဖွင့်လှစ်နေပါပြီ ဒီစျေးကွက်သစ်တွေက Consumers တွေရဲ့ စိတ်ဝင်စားမှုတွေကတော့ ခင်ဗျားတို့ အရင်သမားရိုးကျ အတူလက်တွဲခဲ့တဲ့ စျေးကွက်တွေက Consumers တွေနဲ့ မတူညီပါဘူး ဒီတော့ ခင်ဗျားအနေနဲ့ ဒီစျေးကွက်တွေကို နားလည်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ် ဒီစျေးကွက်တွေက Consumers တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို နားလည်းသဘောပေါက်အောင် လုပ်ရမှာဖြစ်ပါတယ် ဒီလို သဘောနဲ့ပဲ မြန်မာနိုင်ငံရဲ့ ယှဉ်ပြိုင်နိုင်မှုကတော့ ခင်ဗျားအနေနဲ့ ခင်ဗျားအလုပ်လုပ်နေတဲ့ နိုင်ငံက အလုပ်သမားတွေအတွက် ပိုကောင်းတဲ့အခြေအနေတွေ တိုးတက်အောင် ခင်ဗျားဖန်တီးပေးနိုင်သလားဆိုတဲ့အပေါ်မှာပဲ မူတည်မယ်လို့ ကျွန်တော် ထင်ပါတယ် ၂၀၁၃ နောက်ပိုင်း EURO ဆိုရင်လည်း ဒီလိုမျိုးနဲ့ပဲ SMART ပရိုဂရမ်ကနေတဆင့် ကုမ္ပဏီတွေဘက်က အလုပ်သမားတွေရဲ့ အလုပ်လုပ်ကိုင်ရမှု ပတ်ဝန်းကျင်ဆိုင်ရာ ယေဘုယျစည်းမျဉ်းတွေနဲ့အညီ တိုးမြင့် လိုက်လံလုပ်ဆောင်လာနိုင်အောင် ဆောင်ရွက်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်

မေး။ ။ SMART ပရိုဂရမ် အကြောင်း ပြောပြနိုင်မလား။

ဖြေ။ ။ကျွန်တော် ထင်တယ်၊ ဒါကို သိဖို့တော့ အရေးကြီးပါတယ်၊ ၂၀၁၄ နောက်ပိုင်း ဥရောပနိုင်ငံတွေ၊ အမေရိကန်၊ ဂျပန်၊ နောက် ILO နဲ့ ဒိန်းမတ် တို့ အတူတကွ ပူးပေါင်းလက်တွဲလုပ်ဆောင်ခဲ့ကြတယ် အစိုးရတွေနဲ့ အတူလုပ်ဆောင်ခဲ့တယ်၊ လုပ်ငန်းရှင်တွေနဲ့လည်း အတူလက်တွဲလုပ်ဆောင်ခဲ့တယ် အလုပ်သမား သမဂ္ဂတွေနဲ့လည်း အတူတွဲလုပ်ခဲ့ကြတယ် ဒီက အလုပ်သမားတွေအတွက် ယေဘုယျ ပတ်ဝန်းကျင်ကောင်းတစ်ခု တိုးတက်ဖြစ်ပေါ်စေရေး အတွက်ပေ့ါ ဒါပေမယ့် အဲဒါက အလုပ်သမားစျေးကွက်ကို ပြုပြင်းပြောင်းလဲတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ခင်ဗျားအနေနဲ့ ပြောနိုင်ပါတယ် ဘာလို့လဲ ဆိုတော့ ခင်ဗျားအနေနဲ့ အလုပ်သမားစျေးကွက်တစ်ခုလုံးကို ထဲထဲဝင်ဝင် မလေ့လာပဲနဲ့ ဒီဧရိယာထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို ခင်ဗျားတွေ့နိုင်မှာမဟုတ်ပါဘူး ဒီတော့ကာ ဒါနဲ့ပတ်သက်လို့ ပြည့်ပြည့်စုံစုံ လေ့လာကြည့်ရှုရမှာဖြစ်ပါတယ် ဒီလိုနဲ့ပဲ ကျွန်တော်တို့ တွေ့ခဲ့ရတဲ့အတိုင်း ဒီ ဘဏ္ဍာငွေ ထောက်ပံ့မှုကနေတဆင့် ဒီ အလုပ်ကနေတဆင့် အာရုံစိုက်လုပ်ခဲ့တာက တစ်ဖြည်းဖြည်းနဲ့ ရှေ့ကို သွားနေပါပြီ ဒါပေမယ့် မြန်မာနိုင်ငံအရင်တုန်းက ရှိခဲ့တဲ့အခြေအနေတစ်ခုကနေ ခင်ဗျားလာခဲ့ချိန်မှာတော့ ဒါက အချိန်တော့ ကြာမြင့်ပါလိမ့်မယ်

မေး။ ။ ဒီ ဘေးကင်းမှု၊ ကျန်းမာမှုဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာလုပ်ဆောင်ဖို့ကျတော့ ကုမ္ပဏီတွေအတွက် စရိတ်စက ကြီးနေသလား၊ ကုမ္ပဏီတွေအတွက် ဘယ်လိုမျိုး တိုးတက်မှုတစ်ခု ရှိနိုင်သလဲ။

ဖြေ။ ။ ကျွန်တော်ဆိုလိုချင်တာက ဒါက တိုးတက်မှုတစ်ခုတော့ မဟုတ်ပါဘူး ဒါပေမယ့် ဒီလို ကိစ္စတွေမှာ သူတို့ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရေရှည်မှာ ဒါက အကျိုးကျေးဇူးတစ်ခု ဖြစ်လာဖို့ ရှိပါတယ် ဘာလို့ဆိုတော့ မြန်မာဘက်က ပို့ကုန်တွေ တင်ပို့နေတဲ့ စျေးကွက်တွေမှာ ရှိသူတွေဘက်က စိုးရိမ်ပူပန်နေတဲ့ အရာတစ်ခုပါ ဒါနဲ့ပတ်သက်လို့ Consumers တွေက စိုးရိမ်ပူပန်နေကြပါတယ် ဒီတော့ ရှေ့ကာလမှာ ဒီလို စျေးကွက်တွေဆီ ခင်ဗျားအနေနဲ့ ပို့ကုန်တွေ သေချာပေါက် တင်ပို့နိုင်ခွင့် ရချင်တယ်ဆိုရင် ဒါက အရည်အသွေးပိုင်းအတွက်သာ မကပါဘူး၊ ဒါက ဒီလိုထုတ်ကုန်တွေကို ဘယ်လို နေရာတွေမှာ ထုတ်လုပ်နေပါတယ်ဆိုတာကပါ အရေးကြီးပါလိမ့်မယ် ဒီတော့ ကျွန်တော်တို့ နိုင်ငံတွေမှာ ဝယ်လိုအားတွေ တိုးတက်လာတာကို ခင်ဗျား မြင်ရပါလိမ့်မယ် နောက်ပြီး အမေရိကန်၊ သြစတြေးလျနဲ့ အခြားနိုင်ငံတွေမှာ Consumers တွေဘက်က ဒီထုတ်ကုန်တွေ ဘယ်နေရာတွေ ထုတ်လုပ်နေသလဲ၊ ဘယ်လိုအခြေအနေတွေအောက်မှာ ထုတ်လုပ်နေလဲဆိုတာကို သူတို့ သိချင်ကြပါတယ် ခင်ဗျားလည်း သိမှာပါ ပြီးခဲ့တဲ့ နှစ်တွေအတွင်းက ဘင်္ဂလားဒေ့ရရှ်မှာ ပြဿနာအကြီးကြီးတစ်ခု ဖြစ်ခဲ့ပါတယ် အထည်ချုပ်လုပ်ငန်းထဲမှာပေါ့ အဲဒါဖြစ်တော့ ကော်ပိုရိတ် လူမှုတာဝန်ခံမှုနဲ့ပတ်သက်လို့ အများကြီး အာရုံစိုက်လုပ်ဆောင်ခဲ့ကြတယ်လေ ဒီလိုပဲ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေ့ကြတဲ့ ဒိန်းမတ်နဲ့အခြားနိုင်ငံခြား ကုမ္ပဏီတွေကလည်း ဒီလို ကိစ္စတွေနဲ့ပတ်သက်လို့ တကယ်ပဲ ပူပန်ကြပါတယ် ဘာလို့ဆိုတော့ ဒါတွေက သူတို့ဆီက Consumers တွေ စိတ်ဝင်စားတဲ့ကိစ္စဆိုတာ သူတို့ သိကြပါတယ် သူတို့ရဲ့ Consumers တွေ ဝယ်ယူရရှိတဲဲ့ ပစ္စည်းတွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီအသီးသီးက အလုပ်ခွင်အခြေအနေတွေနဲ့ ပတ်သက်လို့ သူတို့ တကယ်ပဲ သိချင်ကြပါတယ်  ကျွန်တော်ဆိုလိုတာက  ဥရောပဆီ တင်ပို့နေတဲ့ ထုတ်ကုန်အများအပြားက ဥရောပကုမ္ပဏီတွေကနေပဲ လာဖို့ မလိုပါဘူး သူတို့အများစုကတော့ အထည်ချုပ်လုပ်ငန်းတွင်းက ဖြစ်ပါတယ်  ဒီနေရာမှာ CSR Scale အဆင့်မှာ ရှိချင်မှ ရှိနိုင်မှာဖြစ်တဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ ဥရောပစျေးကွက်ထဲ ထုတ်လုပ်ဖို့ လိုအပ်ပါတယ်

မေး။ ။ မြန်မာနိုင်ငံအတွက်ကတော့ ဒီ လုပ်ငန်းခွင်ဆိုင်ရာ ဘေးကင်းမှု၊ ကျန်းမာရေးနဲ့ပတ်သက်လို့ ပြည်သူတွေကို  အသိပညာပေးမှုအပိုင်းမှာ အခက်အခဲ ရှိပုံတော့ ရပါတယ် ဒီတော့ ဒီလုပ်ငန်းစဉ်ကို ဘယ်လိုမျိုး ရှေ့ရောက်အောင် တွန်းပို့နိုင်ပါမလဲ။

ဖြေ။ ။ ဒါကတော့ ရေရှည် ကြိုးစားအားထုတ်မှု တစ်ခု လုပ်ရမှာပါ ခရီးရှည်တစ်ခုကို လျှောက်ကြရမှာဖြစ်ပါတယ် ဒီလိုပဲ ထင်ပါတယ် ဘာလို့ဆိုတော့ ဒီဟာ အရေးမကြီးသလိုမျိုး ဖြစ်နေခဲ့တဲ့ အရင်ယဉ်ကျေးမှုတစ်ခုကို ခင်ဗျားတို့ ပြောင်းလဲကြရမှာဖြစ်ပါတယ် ဒါပေမယ့် ခင်ဗျားတို့အနေနဲ့ စျေးကွက်တစ်ခုကို နိုင်ငံတကာ  စျေးကွက်သစ်တစ်ခုနဲ့အကြား ဖွင့်လှစ်ချိတ်ဆက်ပြီ ဆိုတာနဲ့ ဒီလိုမျိုး စိတ်နေသဘောထားကို ပြောင်းလဲပစ်ရမှာပါ ကျွန်တော် ဆိုလိုချင်တာက ကုမ္ပဏီတွေဘက်ကလည်း ဒါဟာ လုပ်ငန်းအတွက် ပိုကောင်းတဲ့ တိုးတက်မှုတွေရမယ် နောက်ပြီး ပိုမိုကျန်းမာတဲ့ ဝန်ထမ်းအလုပ်သမားတွေကြောင့် ထုတ်လုပ်မှုကို မြင့်တက်စေနိုင်မှာ ဖြစ်တဲ့အတွက် ဒါနဲ့ပတ်သက်လို့ မဖြစ်မနေ ရင်းနှီးမြှုပ်နှံသင့်တယ်ဆိုတာကို မြင်တတ်ရမှာဖြစ်ပါတယ် နောက်ပြီး ဒါက ရေရှည်မှာ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုကောင်းလာစေဖို့ရှိပါတယ် ဘာလို့ဆိုတော့ သူတို့ဟာ နိုင်ငံတကာစျေးကွက်တစ်ခုထဲမှာ ယှဉ်ပြိုင်ကြရမှာမို့လို့ ဖြစ်ပါတယ် အဲဒီ  နိုင်ငံတကာ စျေးကွက်ထဲမှာဆိုရင် သူတို့ ပို့ကုန်တွေ တင်ပို့နေတဲ့ နိုင်ငံတွေက Consumers တွေက စံနှုန်းတွေကို သတ်မှတ်တာဖြစ်ပါတယ်  ဒါပေမယ့် ဒါက အချိန်အကြာကြီးတော့  ယူရမှာဖြစ်ပါတယ် ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာဆိုင်ရာ အပြောင်းအလဲ အများကြီး လုပ်ဖို့လည်း လိုပါလိမ့်မယ် နောက်ပြီး အီးယူ၊ ဒိန်းမတ်နဲ့အခြားနိုင်ငံတွေကလည်း မြန်မာကို မတူညီတဲ့ ပရောဂျက်တွေ၊ စီမံကိန်းတွေ၊ အခြား နည်းပညာအကူအညီတွေနဲ့ မြန်မာကို တကယ့်ကို ကူညီပံ့ပိုးပေးချင်တဲ့ ဆန္ဒရှိတယ်လို့ ကျွန်တော် ထင်ပါတယ်

မေး။ ။ ကောင်းပါပြီ ခင်ဗျာ့ မြန်မာနိုင်ငံမှာ သံအမတ်ကြီး ဒီမှာ လုပ်နေတဲ့ လုပ်ငန်းစဉ်က ဘာများလဲ။

ဖြေ။ ။ ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှာတော့  ပရောဂျက်တစ်ခု ရှိပါတယ် အဲဒီမှာ ကျွန်တော်တို့ကလည်း အလုပ်သမားဝန်ကြီးကို ကူညီပ့ံပိုးပေးနေတာရှိပါတယ် အလုပ်လုပ်ကိုင်ရတဲ့ အခြေအနေတွေကို သေချာစနစ်တကျ ရှိစေဖို့အတွက် ကုမ္ပဏီတွေမှာ လိုက်လံစစ်ဆေးနေတဲ့ လူတွေနဲ့ မိတ်ဆက်ပေးရင်းနဲ့ပေါ့ နောက်ပြီး ကုမ္ပဏီ အသီးသီးမှာ လုပ်ငန်းခွင် အခြေအနေတွေ စနစ်တကျ တိုးတက်အောင်လို့ သွားရောက် စစ်ဆေးကြရတဲ့ စစ်ဆေးရေးအရာရှိတွေကိုလည်း ကျွန်တော်တို့အသေအချာ တကယ့်ကို လေ့ကျင့်သင်ကြားပေးနေပါတယ် ဒီကိစ္စတွေနဲ့ပတ်သက်လို့ အလုပ်လုပ်နေတဲ့ အကြံပေးပုဂ္ဂိုလ်တစ်ဦးလည်း သံရုံးမှာ ရှိပါတယ် ပြီးတော့ ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပဲ၊ အစိုးရရော၊ အီးယူကပါ Smart ပရိုဂရမ်ကို ထောက်ခံပ့ံပိုးပေးနေပါတယ် ဒါကတော့ မတူညီတဲ့ ပရောဂျက်တွေမှာ သတ်မှတ်စံနှုန်းတွေအတိုင်း တကယ်ပဲ လိုက်နာလုပ်ဆောင်နေသလား ဆိုတာကို သေချာ စနစ်တကျ ရှိစေနိုင်အောင် ကြိုးပမ်းတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်

မေး။ ။ Smart ပရိုဂရမ်အကြောင်း နည်းနည်းလောက် ထပ်ပြီး ပြောပြနိုင်မလား။

ဖြေ။ ။ ဒါကတော့ ၂၀၁၃ နောက်ပိုင်း လုပ်ခဲ့တဲ့ ပရောဂျက်တစ်ခုပါ နောက်ပြီး ကုမ္ပဏီတွေမှာ အလုပ်သမားတွေအတွက် ရည်ရွယ်တဲ့ လုပ်ထုံးလုပ်နည်းတွေ လုပ်ငန်းခွင် အလုပ်လုပ်ကိုင်ရမှု စံနှုန်းတွေရဲ့ တိုးတက်မှုတွေ၊ စည်းမျဉ်း၊ ဥပဒေတွေအတိုင်း လိုက်နာဖို့ ကြိုးပမ်းနေကြတဲ့ ဒီက ကုမ္ပဏီတွေကို ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်သလဲဆိုတာကို ပြောပြဖို့ ကြိုးပမ်းတဲ့နေရာမှာ အာရုံစိုက်ထားပါတယ် ဒိန်းမတ်အစိုးရရဲ့ ကူညီပံ့ပိုးမှု တစ်စိတ်တစ်ပိုင်းနဲ့အတူ ကျွန်တော်တို့အနေနဲ့လည်း ကျွန်တော်တို့ ပြောပြောနေတဲ့ မတူညီတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ လူမှုဆိုင်ရာ အပြန်အလှန်ဆွေးနွေးမှုတွေ၊ သမဂ္ဂတွေ၊ အစိုးရနဲ့ အလုပ်ရှင်တွေနဲ့အကြား အပြန်အလှန် ဆွေးနွေးမှုတွေကိုလည်း ကျွန်တော်တို့ အမှန်တကယ် ပံ့ပိုးပေးနေပါတယ် ဒါနဲ့့ပတ်သက်လို့ ဒိန်းမတ်မှာလည်း အထူးစင်တာတစ်ခု ရှိပါတယ် အဲဒီမှာ ဒီ ပါဝင်ပတ်သက်သူ သုံးဦး အကြားက အလုပ်သမား အခြေအနေဆိုင်ရာ ကိစ္စရပ်တွေကို ဖြေရှင်းဖို့ ကြိးစားပေးနေပါတယ် ဒါကြောင့် ဒါနဲ့ပတ်သက်လို့ ဒီမှာလည်း ကျွန်တော်တို့ လုပ်ဖို့ ကြိုးစားနေတာပါ

မေး။ ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဒီ လုပ်ငန်းခွင် ကျန်းမာရေး၊ ဘေးကင်းမှုနဲ့ပတ်သက်လို့ မြန်မာရဲ့ လုပ်ဆောင်နိုင်မှုကရော ဘယ်လိုရှိသလဲ။

ဖြေ။ ။ မြန်မာနိုင်ငံ ဘယ်နေရာကနေ လာခဲ့ရသလဲ နောက်ပြီး ဒီကနေ့ မြန်မာနိုင်ငံ ဘယ်နေရာမှာ ရှိနေလဲ ဆိုတာကို ခင်ဗျားပြန်ကြည့်လိုက်မယ်ဆိုရင် ကိစ္စအချို့တော့ ဖြစ်ပေါ်ခဲ့တာကို တွေ့ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် လုပ်ငန်းခွင်ဆိုင်ရာ ဘေးကင်းမှု ကျန်းမာရေး ဥပဒေကိုလည်း ခုနှစ် မတ်လမှာ ပါလီမန်က အတည်ပြု ပြဌာန်းခဲ့တဲ့အတွက်လည်း ကျွန်တော်အများကြီး ဝမ်းသာမိပါတယ် ဒီကိစ္စတွေနဲ့ပတ်သက်လို့ အများကြီးအာရုံစိုက် ကြိုးပမ်းနေတဲ့နေရာမှာ ဒါကအရမ်းကို အရေးကြီးတဲ့ ခြေလှမ်းတစ်ခုကို လှမ်းလိုက်နိုင်တာဖြစ်ပါတယ် ကျွန်တော်တို့ အပေါ်မှာ ဆွေးနွေးခဲ့သလိုပဲ၊ ထုံးတမ်း၊ဓလေ့ ယဉ်ကျေးမှုကို ပြောင်းလဲရမှာ ဖြစ်ပါတယ် ဒါနဲ့ပတ်သက်လို့ အရင်ကလို သိပ်စိုးရိမ်စရာ မရှိပါဘူး ကျွန်တော်ထင်ပါတယ် ဒီကိစ္စတွေနဲ့ပတ်သက်လို့ အများကြီး ဖြစ်ပေါ်နေပါတယ် အီးယူရော၊ ဒိန်းမတ်ရောပါ၊ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိထားပါတယ် ဒါနဲ့ပတ်သက်လို့ ဝန်ကြီးဌာနနဲ့ရော၊ သမဂ္ဂတွေနဲ့ရောအကြားပါ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိထားပါတယ် ဒီလိုနည်းနဲ့ပဲ ကျွန်တော်ထင်ပါတယ်၊ မြန်မာနိုင်ငံလည်းပဲ ရှေ့ကို ဆက်သွားနိုင်ပါလိမ့်မယ် ဒါပေမယ့် ရှေ့မှာ ဆက်လျှောက်ဖို့ ခရီးရှည်တစ်ခုတော့ ရှိနေပါတယ် တစ်ခါတစ်ရံမှာ ကျွန်တော်တို့တွေဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်သမိုင်းကြောင်းကို ပြန်စဉ်းစားအမှတ်ရဖို့တော့  လိုပါတယ် ဘာလို့ဆိုတော့ ကျွန်တော်တို့တွေဟာ  နှစ်တွေအများကြီး ဆယ်စုနှစ်တွေအများကြီး ဖြတ်သန်းပြီး ဒီကနေ့ ဒီနေရာမှာ ရောက်နေတယ်၊ ဒီတော့ ဒါဟာ ကာလရှည်တစ်ခုကို ဖြတ်သန်းနေရတာဖြစ်တယ် ဒါပေမယ့် မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရှစ်နှစ် ဆယ်နှစ်လောက်တုန်းက အချိန်တွေကို ပြန်ကြည့်ကြဖို့ လိုပါတယ် အရာကိစ္စတွေကတော့ မြန်မြန်ဆန်ဆန်မဟုတ်ပေမယ့် မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုနဲ့ တိုးတက်နေပါတယ် ဒါပေမယ့် ဦးတည်ချက်ကတော့ ပိုပိုကောင်းလာနေပါတယ် ဥပဒေအကြောင်း သက်သက်ပဲ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး အပြောင်းအလဲတွေအကြောင်း သက်သက်ပဲ ပြောနေတာမဟုတ်ပါဘူး ဒီလိုမျိုး အလုပ်သမားစျေးကွက်နဲ့ အခြား အလုပ်သမား ဥပဒေတွေကလည်း တိုးတက်ဖြစ်ပေါ်နေပါတယ် ဒီ ဥပဒေတွေကို ပါလီမန်က အတည်ပြုပြဌာန်းပြီးတာနဲ့ ဒီဥပဒေတွေက နိုင်ငံတကာ စည်းမျဉ်း၊ စံနှုန်းတွေအတိုင်း ကိုက်ညီဖြစ်ပေါ်လာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ် ဒါတွေက တကယ်တော့ မြန်မာ့စီးပွားရေးအတွက် ဥရောပမှာ သာမက၊ အမေရိကန်၊ သြစတြေးလျနဲ့ အခြားနိုင်ငံတွေမှာ ရှေ့ဆက်စေနိုင်မယ့် ကြီးမားတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါလိမ့်မယ်

မေး။ ။ ဒီတော့ မြန်မာနိုင်ငံကလည်း မှန်ကန်တဲ့ လမ်းကြောင်းဦးတည်ချက်နဲ့ ရှေ့ဆက်သွားနေတယ်လို့ သံအမတ်ကြီးက ပြောတယ်၊ အဲတော့ ဒီက အလုပ်သမားတွေ၊ အလုပ်ရှင်တွေနဲ့ အစိုးရပိုင်းအတွက် ဘယ်လိုမက်ဆေ့ချ်မျိုး ပေးချင်ပါသလဲ။

ဖြေ။ ။ ဒီကိစ္စတော့ သုံးဦး၊ သုံးဖလှယ် ဆွေးနွေးမှုတွေ လုပ်ဖို့အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကို သေချာ ဆွေးနွေးသွားရမှာဖြစ်ပါတယ် ဒါက ပါဝင်ပတ်သက်သူအားလုံးအကြား ညှိနှိုင်းဆွေးနွေးရမယ့် ကိစ္စတစ်ခု ဖြစ်ပါတယ် ဒါက တစ်ဦးနဲ့ တစ်ဦးအကြားက ကိစ္စတစ်ခု သက်သက် မဟုတ်ပါဘူး ဒီနေရာမှာ ခင်ဗျားအနေနဲ့ အခြား ပါဝင်ပတ်သက်သူတွေနဲ့အကြား အပြန်အလှန် ဆွေးနွေးမှု မရှိပဲနဲ့တော့ ဒီ ပြုပြင်ပြောင်းလဲမှုတွေကို ခင်ဗျား ရှေ့ဆက်လုပ်လို့ မရနိုင်ပါဘူး အလုပ်သမားစျေးကွက်မှာ ဒီ သုံးဦး သုံးဖလှယ်နဲ့  ဖွဲ့စည်းဖို့ အင်မတန် အရေးကြီးပါတယ်။ ဒီ ပါဝင်ပတ်သက်တဲ့ သုံံးဦး သုံးဖလှယ် အားလုံးကလည်း ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ရမှာဖြစ်ပါတယ််။ ခင်ဗျားတို့ ဘယ်နေရာကို သွားနေလဲ၊ ခင်ဗျားတို့ ဘယ်လိုလုပ်သွားကြမလဲ ဆိုတာကို အပေးအယူလုပ် ညှိယူကြရမှာဖြစ်ပါတယ်

မေး။ ။ မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်ဆိုင်ရာ ဘေးကင်းမှုနဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ပတ်သက်လို့ အပြုသဘောဆောင်အကောင်းဘက်မှာ ရှိနေတယ်လို့ရော ပြောလို့ရနိုင်မလား

ဖြေ။ ။ အလုပ်သမားတွေအတွက် ပိုမိုကောင်းမွန်တဲ့ အလုပ်လုပ်ကိုင်ရမှု အခြေအနေတွေ ရှိဖို့က ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခု ဖြစ်တယ်ဆိုတာကိုတော့ အားလုံး သဘောပေါက် နားလည်ကြဖို့ အရေးကြီးလှပါတယ် အဲဒါဟာ အများနဲ့ ယှဉ်ပြိုင်နိုင်မှုနဲ့ သက်ဆိုင်ရုံသာမက အလုပ်သမားတွေ သူတို့အလုပ်ခွင်ထဲမှာ ပိုကောင်းတဲ့ လုပ်ငန်းခွင် အခြေအနေတွေ ရရှိဖို့က အခွင့်အရေး တစ်ခုဖြစ်တယ်ဆိုတာကို သဘောပေါက်နားလည်ဖို့အတွက် ကုမ္ပဏီအများစုအတွက်ကတော့ အချိန်တစ်ခု ယူရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်  ပြီးတော့ ဒါဟာ အဆုံးသတ်မှာတော့ ထုတ်လုပ်မှုကို တိုးတက်စေမှာဖြစ်ပါတယ် ဘာလို့ဆိုတော့ ဥရောပ အီးယူမှာ ကျွန်တော်တို့ ရခဲ့တဲ့ အတွေ့အကြုံတွေကို ကြည့်လိုက်ရင်တော့ ခင်ဗျားအနေနဲ့ လုပ်ငန်းခွင် အခြေအနေတွေကို တိုးတက်အောင် လုပ်နိုင်ရန် ကုန်ထုတ်လုပ်မှုပိုင်း တိုးတက်အောင် မြှင့်တင်နိုင်ပါလိမ့်မယ်။ ဒီတော့ အဆုံးသတ်မှာတော့ ကုမ္ပဏီတွေအတွက် အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ ဒီတော့ ဒါက အခွင့်အရေးတစ်ခု ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ် ဒါက ပါဝင်ပတ်သက်သူ အားလုံးအတွက် ပိုကောင်းတဲ့ အခွင့်အရေးတွေဆီ ဦးတည်စေနိုင်တဲ့ အရာဖြစ်ပါတယ်

မေး။ ။ ကုမ္ပဏီတစ်ခု အဆင့်မှာရော ဒီ လုပ်ငန်းခွင်ဆို်င်ရာ ဘေးကင်းမှု၊ ကျန်းမာမှုကို အသိပညာပေးတဲ့နေရာမှာ အရေးကြီးဆုံး အချက်က ဘယ်ဟာဖြစ်မလဲ

ဖြေ။ ။ အရေးအကြီးဆုံးကတော့ အလုပ်သမားတွေနဲ့ ကုမ္ပဏီအကြား ဒီ ကိစ္စတွေနဲ့ ပတ်သက်လို့ ဘယ်လို လုပ်သွားမလဲ ဆိုတာကို အပြန်အလှန် ဆွေးနွေးခြင်း ဖြစ်ပါတယ် ဘာလို့ဆိုတော့ ကုမ္ပဏီတစ်ချို့အနေနဲ့  အလုပ်သမားတွေအတွက် ရေရှည် တိုးတက်မှုတွေရဖို့ နေ့ချင်းညချင်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်မှာမဟုတ်ပါဘူး ဒါပေမယ့်လည်း အရင်တုန်းက ဒီနေရာမှာ မရှိခဲ့တဲ့ အပြန်အလှန် ဆွေးနွေးမှုတစ်ခု အစပျိုးခြင်းက အရမ်း၊ အရမ်းကို အရေးကြီးပါတယ် ဒါ တကယ်တော့ မလွယ်ကူးလှပါဘူး ဘာလို့ ဆိုတော့ ကျွန်တော်တို့ ပြောဆိုဆွေးနွေးနေတဲ့ ကုမ္ပဏီအများစုကတော့ သေချာပေါက် မြန်မာကုမ္ပဏီတွေ မဟုတ်ကြပါဘူး သူတို့တွေဟာ တစ်ခြားနိုင်ငံတွေက၊ တစ်ခြား ယဉ်ကျေးမှုတွေကနေလာတဲ့ ကုမ္ပဏီတွေ ဖြစ်ကြပါတယ် ဒီတော့ တကယ့်ကို မလွယ်ပါဘူး ဒါပေမယ့် ဥပဒေသစ်နဲ့အတူ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအကြား အတူတကွ  ဆွေးနွေးပြောဆိုနိုင်မယ့် ကော်မတီတွေ ကုမ္ပဏီတွေမှာ ဖွဲ့စည်းထူထောင်နိုင်အောင် ခင်ဗျားတို့အနေနဲ့ အဆိုပြုကြရမှာဖြစ်ပါတယ် ဒါကို အကောင်အထည်ဖော်မယ်ဆိုရင် ဒါဟာ ဒီက အလုပ်သမား အခြေအနေတွေကို အနာဂတ်မှာ တိုးတက်စေနိုင်ဖို့အတွက် အရမ်းကို အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်

မေး။ ။ ဒီ မြန်မာနိုင်ငံမှာ သံအမတ်ကြီးတို့မှာ Smart ပရိုဂရမ်နဲ့အခြား ပရိုဂရမ်တွေ ရှိတယ်ပေါ့၊  ဒီလို ပရောဂျက်တွေကို ဆောင်ရွက်ရတဲ့ အကြောင်းအရင်းက ဘာများလဲ၊ ပြီးတော့ ဒါကို လုပ်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေ ရှိသလဲ။

ဖြေ။ ။ ခင်ဗျားတို့အနေနဲ့ လွန်ခဲ့တဲ့ ၈ နှစ်၊ ဆယ််နှစ်လောက်တုန်းက အခြေအနေတစ်ခုကနေ လာရတဲ့အတွက် ဒါ တကယ့့်ကို ခက်ခဲတယ်လို့  ကျွန်တော် ထင်ပါတယ် အဲဒီ လွန်ခဲ့တဲ့ အချိန်တွေတုန်းကဆိုရင် ဒီလိုပြဿနာတွေနဲ့ ပတ်သက်လို့ ခင်ဗျားတို့ဆီမှာ သိထားတာတွေလည်း မရှိခဲ့ဘူးလေ နောက်ပြီး အလုပ်သမား အခြေအနေတွေ၊ အလုပ်လုပ်ကိုင်ရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဘယ်သူကမှ မဆွေးနွေးခဲ့ကြဘူးလေ အဲဒီတုန်းက ခင်ဗျားတို့ကလည်း ဖွင့်လှစ်ထားတဲ့ စီးပွားရေးမျိုးလည်း မဟုတ်ပါဘူး။ အဲဒီတုန်းက ကမ္ဘာနဲ့အကြား ဖွင့်လှစ်ထားခြင်း မရှိသေးပါဘူး ကောင်းမွန်တဲ့ အလုပ်လုပ်ကိုင်ရမှု ဆက်ဆံရေးတွေက နိုင်ငံ စီးပွားရေးအတွကင် ဘယ်လိုမျိုး အဓိပ္ပါယ်ဆောင်သလဲ ဆိုတာကိုလည်း ခင်ဗျားတို့ဆီမှာ ရှုထောင့် အမြင်တွေ မရှိခဲ့ဘူးလေ ဒီတော့ အဲဒီ ခုနက အခြေအနေတစ်ခုကနေရွေ့လာပြီး ခုချိန်မှာတော့ ခင်ဗျားတို့အနေနဲ့ နိုင်ငံတကာ အဝန်းအဝိုင်းတစ်ခု၊ နိုင်ငံတကာစျေးကွက်ထဲမှာ ယှဉ်ပြိုင်သွားကြရမှာ ဖြစ်ပါတယ် ဒီ စျေးကွက်မှာတော့ ခင်ဗျားတို့ရဲ့ ထုတ်ကုန်တွေကို သေချာ စစ်ဆေးကြမှာဖြစ်ပါတယ် ဒီထုတ်ကုန်တွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေက နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေ၊ ILO စံနှုန်းတွေလို့လဲ ပြောနိုင်ပါတယ်၊ ဒီစံနှုန်းအတိုင်း လိုက်လံလုပ်ဆောင်နေသလား ဆိုတာကို စစ်ဆေးခံရမှာဖြစ်ပါတယ် ဒါက တကယ့်ကို ကြီးမားတဲ့ လုပ်ငန်းတာဝန်တစ်ခုဖြစ်ပါတယ်။ အဲဒါက အချိန်အကြာကြီးတော့ ယူရပါလိမ့်မယ် ကျွန်တော် အထက်မှာ ပြောခဲ့သလိုပဲ ခင်ဗျားတို့ ဒီမှာက ယဉ်ကျေးမှုတွေက အများကြီး ရှိတဲ့အတွက် ဒါက ပိုခက်ခဲနိုင်ပါတယ် ဒါပေမယ့် ကျွန်တော်ထင်ပါတယ်၊ ခင်ဗျားတို့အနေနဲ့ ပြီးခဲဲ့တဲ့ ရှစ်နှစ်လောက်က အခြေအနေတွေကို ပြန်လည် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်လေ့လာမယ်ဆိုရင် မြန်မာနိုင်ငံဟာ လက်တွေ့ကျတဲ့ အရှိန်တစ်ခုနဲ့ ရှေ့ဆက်သွားနေတယ်ဆိုတာကို တွေ့ရပါလိမ့်မယ် ဘယ်ဟာက အရေးကြီးဆုံးလဲ ဆိုတော့ ဒီဧရိယာမှာ ရှေ့ဆက်သွားနိုင်အောင် အစိုးရဘက်က လုပ်ဆောင်ချင်စိတ် ဖြစ်တယ်လို့ပဲ ကျွန်တော် ခံစားမိပါတယ် ပြီးတော့ သမဂ္ဂတွေကလည်း ဒီ ဧရိယာမှာတိုးတက်အောင် လုပ်ဆောင်ဖို့ စိတ်ဝင်စားမှုရှိဖို့၊ ပြီးတော့ အလုပ်ရှင်တွေရောပေါ့၊ ဒါတွေက အရေးကြီးပါတယ် ဒီတော့ ဒါကို ရှေ့ဆက်ရွေ့ဖို့အတွက် ပတ်ဝန်းကျင်တစ်ခု ရှိရမှာဖြစ်ပါတယ် ဒါပေမယ့် ဒါက အချိန်တော့ ကြာနိုင်ပါလိမ့်မယ်။ ကျွန်တော် အထက်မှာပြောခဲ့သလိုပဲ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေအရ ဥရောပမှာဆိုရင် ဆယ်စုနှစ်များစွာ အချိန်ယူခဲ့ရပါတယ် နောက်ပြီး အမေရိကန်နဲ့ အခြားနိုင်ငံတွေမှာလည်း ဆယ်စုနှစ်တွေအထိ အချိန်ယူလုပ်ခဲ့ကြရပါတယ် ဒီတော့ကာ ဒါက နေ့ချင်းညချင်း လုပ်သွားလို့ရမယ့် အရာတော့ မဟုတ်ပါဘူး ဒီတော့ ဒီလမ်းကြောင်းမှာ ပထမဆုံး  လှမ်းရမယ့် ခြေလှမ်းကို လှမ်းထားလိုက်ပါပြီ  ဒါက အရမ်းကို အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ် ဒီအတွက်ကြောင့်လည်း ဥပဒေတစ်ခုကို အဆိုပြု တင်သွင်းခြင်းက ဒီ နယ်ပယ် ဧရိယာမှာ အရမ်းကို အရေးကြီးတဲ့ ရှေ့ဆက်တိုးမယ့် ခြေလှမ်းတစ်ခု ဖြစ်နေတာလို့ ကျွန်တော် ထင်ပါတယ်

မေး။ ။ မြန်မာနိုင်ငံမှာ ဒီလုပ်ငန်းခွင် ဘေးကင်းမှုနဲ့ ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်တွေကို  အသုံးချတဲ့နေရာမှာ ဘယ်လို အတားအဆီးမျိုးတွေရှိနေတယ်လို့ ထင်မြင်မိပါသလဲ။

ဖြေ။ ။ ဒါက တကယ် ခက်ပါတယ်၊ နောက်ပြီး အချိန်အကြာကြီး ယူရမှာဖြစ်ပါတယ် ပြည်သူတွေ ဒီလို ကိစ္စတွေနဲ့ ထိတွေ့ပတ်သက်ခဲ့ခြင်း မရှိတဲ့ အခြေအနေတစ်ခုကို ခင်ဗျား ကျော်လွှားရမှာဖြစ်ပါတယ် နောက်ပြီး ဒီကိစ္စတွေ လုပ်ရခြင်းရဲ့ ကောင်းကျိုး၊ အကျိုးတရားတွေကိုလည်း ကုမ္ပဏီတွေဘက်က သဘောပေါက် နားလည်ဖို့လိုပါတယ် နောက်ပြီး အတူတကွ ထိုင်ဆွေးနွေးတဲ့ ယဉ်ကျေးမှု၊ အပြန်အလှန် ဆွေးနွေးတဲ့  ယဉ်ကျေးမှု၊ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအကြား ယုံကြည်မှုတစ်ခု ဖန်တီးမှုဆိုင်ရာ ယဉ်ကျေးမှု ၊ ဒါတွေက အရင်တုန်းက ဒီမှာ ရှိမနေခဲ့ပါဘူး ဒီတော့ ကျွန်တော် ဆိုလိုချင်တာက ခင်ဗျားအနေနဲ့ ဒီလိုမျိုး အခြေအနေတစ်ခုကနေ အခြား အခြေအနေတစ်ခုကို ရွေ့အောင် လုပ်ရမှာဖြစ်ပါတယ် ဥပဒေသစ်ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့လည်း ကုမ္ပဏီတွေမှာ အပြန်အလှန် ဆွေးနွေးမှုတစ်ခုကို ဖြစ်အောင် အစပျိုးရမှာ ဖြစ်ပါတယ် ဒါကတော့ အချိန်တစ်ခုအထိ ကြာမြင့်ပါလိမ့်မယ် ဥပဒေတစ်ခု ပြဌာန်းရတာ လွယ်ပါတယ် ဒါပေမယ့် အရေးကြီးတဲ့ နောက်အဆင့်က ဒီ ဥပဒေကို အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ် ပြီးခဲ့တဲ့ နှစ်တွေအကြာတုန်းက လုပ်ထားခဲ့တာတွေကို ခင်ဗျား တကယ်တမ်းကြည့်ခြင်းက တကယ်ထိရောက်မှု ရှိပါလိမ့်မယ် ဒါပေမယ့် အချိန်တော့ ကြာပါလိမ့်မယ်

မေး။ ။ ဒီလုပ်ငန်းခွင် ဘေးကင်းမှု၊ ကျန်းမာမှုအတွက် လမ်းညွန်ချက်တွေ အကောင်အထည်ဖော်တဲ့နေရာမှာ မြန်မာရဲ့ ရှေ့အနာဂတ်အပေါ်မှာရော ဘယ်လို မြင်မိပါသလဲ။

ဖြေ။ ။ ဒီကုမ္ပဏီတွေမှာ ဒါမျိုးကိစ္စတွေနဲ့ပတ်သက်လို့ ခင်ဗျားတို့ လုပ်ဆောင်ဖူးတာမျိုး မရှိခဲ့တဲ့ ယဉ်ကျေးမှု အစဉ်အလာတစ်ခုအကြောင်း ကျွန်တော်တို့ ပြောဆိုဆွေးနွေးနေတယ်လို့ ထင်ပါတယ် ခုဆိုရင် ဒီမှာ ရှိနေတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ခင်ဗျားတို့ ပတ်သက်ဆက်ဆံကြရမှာဖြစ်ပါတယ် ဒီကုမ္ပဏီတွေကတော့ အရာအားလုံးနဲ့ပတ်သက်လို့ စံနှုန်းတွေတော့ တူညီဖို့ မရှိပါဘူး ဒါကတော့ ခင်ဗျားတို့ ကျော်လွှားရမယ့် အတားအဆီးတစ်ခု ဖြစ်ပါတယ် ဆိုလိုချင်တာက ဥပဒေကလည်း အရမ်းကို အရေးကြီးပါတယ် ဘာလို့ဆိုတော့ ဒါက  ကုမ္ပဏီတွေအားလုံံးအတွက် ယေဘုယျ စည်းမျဉ်းဥပဒေသတွေ သတ်မှတ်တာဖြစ်ပါတယ် ဒီကုမ္ပဏီတွေ ဘယ်နိုင်ငံကနေပဲ လာလာ အဓိကမကျပါဘူး ဆိုလိုချင်တာက ရှေ့မှာ ဆက်သွားရမယ့် လမ်းက အပြန်အလှန် ဆွေးနွေးခြင်း ဖြစ်ပါတယ် ဒါက အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေအကြားက အပြန်အလှန် ဆွေးနွေးခြင်းပါ နောက် အလုပ်ရှင်တွေနဲ့ အစိုးရအကြား၊ အလုပ်သမားတွေနဲ့ အစိုးရအကြား အပြန်အလှန် ဆွေးနွေးခြင်းပါ။ ဒီအပိုင်းမှာ ရှေ့ကာလဆိုရင် တိုးတက်မှုတွေကို ခင်ဗျားရှာတွေ့နိုင်ပါတယ် ပြီးတော့ ဒီလိုမျိုး အပြန်အလှန် ဆွေးနွေးမှုတစ်ခုကို ခင်ဗျားတို့ ရောက်ရှိသွားနိုင်မယ်ဆိုရင် အနာဂတ်မှာ ဒီ နယ်ပယ်ဧရိယာကို  တိုးတက်ဖွံ့ဖြိုးသွားလိမ့်မယ်လို့ပဲ ကျွန်တော်ကတော့ အကောင်းမြင်ထားပါတယ်။

မေး။ ။ ဒါနဲ့ပတ်သက်လို့ မြန်မာ ပြည်သူတွေကို ဘာမက်ဆေ့ချ် ပေးချင်ပါသေးလဲ။

ဖြေ။ ။ ကျွန်တော် ပြောချင်တာက ပထမဆုံးအနေနဲ့ အလုပ်သမားတွေအတွက် ကောင်းမွန်တဲ့ အလုပ်လုပ်ကိုင်ရမှု အခြေအနေတွေ ရဖို့က သူတို့ရဲ့ ရပိုင်ခွင့်တစ်ခုဖြစ်ပါတယ် ဒါက အရေးကြီးပါတယ် ဒါ မဖြစ်မနေ လိုအပ်ပါတယ် ဒါက လူသားဖြစ်ခြင်းအတွက် သူတို့ရဲ့ ရပိုင်ခွင့်တစ်စိတ်တစ်ပိုင်းပါ ဒုတိယအချက် အနေနဲ့ ဒါက မြန်မာနိုင်ငံအတွက် ကောင်းပါတယ် ခင်ဗျားတို့အနေနဲ့ ထုတ်လုပ်မှုကို တိုးမြှင့်နိုင်မယ်ဆိုရင် ဒါ မြန်မာ့စီးပွားရေးအတွက် ကောင်းပါတယ် ကုမ္ပဏီတွေအနေနဲ့လည်း ကုမ္ပဏီအဆင့်တွေမှာ ပိုမိုကောင်းမွန်တဲ့ အလုပ်လုပ်ကိုင်ရမှု အခြေအနေတွေ ဖန်တီးထားရှိခြင်းကနေတဆင့် ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ပါတယ် ဒီတော့ ခင်ဗျားတို့သာ ဒီလမ်းအတိုင်း ဆက်လျှောက်သွားမယ်ဆိုရင် ဒါက ကုမ္ပဏီတွေအတွက်ရော၊ မြန်မာ့စီးပွားရေးအတွက်ရော၊ အလုပ်သမားတွေအတွက်ရော၊ Win-Win Situation တစ်ခု ဖြစ်တယ်လို့ ထင်ပါတယ် ဒါက  ရှေ့ကို ဆက်သွားဖို့ အရမ်းကို အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ် မြန်မာအနေနဲ့ ခု မျက်မှောက်ခေတ် ကမ္ဘာမှာ စျေးကွက်ကို နိုင်ငံတကာနဲ့အကြား ဖွင့်လှစ်ထားတဲ့အတွက် ဒါက အရမ်းကို အရေးကြီးပါတယ်။

မေး။ ။ ကောင်းပါပြီ ခင်ဗျာ တစ်ခြား ဖြည့်စွက် ပြောချင်တာများ ရှိဦးမလား။

ဖြေ။ ။ ဒီနေ့ (ဧပြီ ၂၈) ရက် အထိမ်းအမှတ် အမှတ်တရကျင်းပဖို့ အီးယူနိုင်ငံတွေကိုယ်စား ကျွန်တော့်ကို ဒီအခွင့်အရေး  ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် ဒါက ကမ္ဘာမှာ လုပ်ငန်းခွင်ဆိုင်ရာ ဘေးကင်းမှု၊ ကျန်းမာမှုကို ကျင်းပလေ့ရှိတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ် ဒါက ဒီ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေအကြောင်း ဆွေးနွေးပြောဆိုနိုင်တဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ် အရာကိစ္စ အတော်များများကတော့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ကျွန်တော် ထင်ပါတယ် ဒီက အလုပ်သမား စျေးကွက်တစ်ခုလုံးနဲ့ ပတ်သက်လို့ကတော့ လုပ်စရာကိစ္စတွေ အများကြီးတော့ ရှိနေဆဲပါ ဥပဒေတွေလည်း ထပ်မံပေါ်ထွက်လာဖို့ ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ် ဒီဥပဒေတွေဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီဖို့တော့  အရမ်းကို အရေးကြီးပါတယ် ဒါပေမယ့် အချိန်တိုတစ်ခုအတွင်းမှာ ခင်ဗျားတို့အနေနဲ့ ခရီးဝေးတစ်ခုကို လျှောက်ထားပြီးပါပြီ၊ နောက်ထပ် အချိန်အကြာကြီးတော့ ဒီစောင့်ရပါလိမ့်မယ် အနာဂတ်ရှေ့ကာလမှာ ကံကောင်းပြီး အကောင်းဆုံးဖြစ်စေဖို့ ကျွန်တော် ဆုတောင်းပါတယ် ကျေးဇူး အများကြီး တင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly