နော်တာဒမ်ဘုရားကျောင်းကြီးကို ငါးနှစ်အတွင်း နဂိုပုံစံအတိုင်း ပြန်လည်ပြုပြင်တည်ဆောက်နိုင်

နော်တာဒမ်ဘုရားကျောင်းကြီးကို ငါးနှစ်အတွင်း နဂိုပုံစံအတိုင်း ပြန်လည်ပြုပြင်တည်ဆောက်နိုင်

ပါရီ၊ ဧပြီ ၂၇ ။         ။ ပြင်သစ်နိုင်ငံက မီးကြီးလောင်ကျွမ်းခဲ့တဲ့ နော်တာဒမ်ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးမှာ သစ်သားအမိုးခုံး သုံးပုံနှစ်ပုံ ပျက်စီးခဲ့ရတာကို နဂိုအတိုင်း ပြန်လည်ပြုပြင်တည်ဆောက်ဖို့ အချိန်ငါးနှစ်အတွင်း အလုံးစုံတည်ဆောက်ပြီးစီးနိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ပါရီမြို့ရဲ့ ဝိညာဉ်လညး်ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အထင်ကရ နော်တာဒမ်ဘုရားကျောင်းကြီးဟာ ဧပြီ ၁၆ ရက်က မီးလောင်ကျွမ်းခဲ့ရတာ ဖြစ်ပါတယ်။
ဒီလို မီးကြီး လောင်ကျွမ်းမှုအတွင်းမှာ ဘုရားကျောင်းကြီးရဲ့ ခေါင်ချွန်းနဲ့ အမိုးတွေ ပျက်စီးခဲ့ပေမယ့် ခေါင်းလောင်းမျှော်စင်နှစ်ခုအပါအဝင် ပင်မအဆောက်အအုံတွေ မလောင်ကျွမ်းအောင် မီးကို အလျင်အမြန် ငြိမ်းသတ်လိုက်နိုင်တာပါ။

နှစ်သက်တမ်း ၈၅၀ ရှိတဲ့ ဂေါသစ်လက်ရာ နော်တာဒမ်ဘုရားကျောင်းကြီး မီးလောင်မှုမှာ ခုလို အမိုးတွေသာ မီးလောင်ပျက်စီးမှု ဖြစ်ခဲ့တာလည်း ပြင်သစ်နိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ စိတ်သက်သာရာ ရခဲ့ရပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန်က ဘုရားကျောင်းကြီး ပြန်လည်မွမ်းမံပြုပြင်ရေးအတွက် အမျိုးသားရန်ပုံငွေ ကောက်ယူမှု အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါတယ်။

နော်တာဒမ်ဘုရားကျောင်းကြီး မီးလောင်မှု ဖြစ်ပြီး ရက်ပိုင်းမှာပဲ ဝေါ့ဒစ္စနေးကုမ္ပဏီက အမေရိကန်ဒေါ်လာ ငါးသန်း၊ ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်ကြီး ဖရန့်ဆွာဟန်ရီပီနော့က ယူရိုငွေ သန်း ၁၀၀ လှူဒါန်းတာအပါအဝင် ဘုရားကျောင်းကြီးအတွက် အသီးသီး ပါဝင်လှူဒါန်းတာတွေ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required