Likes အတု ရောင်းချတဲ့ နယူးဇီလန်ကုမ္ပဏီတစ်ခုကို Facebook တရားစွဲ

Likes အတု ရောင်းချတဲ့ နယူးဇီလန်ကုမ္ပဏီတစ်ခုကို Facebook တရားစွဲ

ဧပြီ ၂၆ ။         ။ Instagram users တွေထံ Likes ၊ views နဲ့ followers အတုတွေ ရောင်းချနေတယ်ဆိုတဲ့ နယူးဇီလန် ကုမ္ပဏီတစ်ခုကို Facebook က ဧပြီ ၂၅ ရက်မှာ တရားစွဲဆိုလိုက်ပါတယ်။

ဒီလိုမျိုး တရားမဝင် လုပ်ရပ်ကို တားဆီးနိုင်ဖို့အတွက် အထက်ပါ နယူးဇီလန်ကုမ္ပဏီကို အမေရိကန် ဖက်ဒရယ် တရားရုံးတစ်ခုမှာ တင်ပြတရားစွဲဆိုခဲ့တာဖြစ်ကြောင်း Facebook က ပြောပါတယ်။

ဒီ တရားစွဲဆိုမှုမှာ စွဲဆိုခံရတဲ့ ကုမ္ပဏီနဲ့ ပုဂ္ဂိုလ် သုံးဦးတို့ကတော့ Instagram accounts တွေရဲ့ ပရိုဖိုင်ကို လူသိများပေါက်မြောက်စေမယ့် service တစ်ခုကို လည်ပတ်လုပ်ကိုင်နေခဲ့တယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် အတုအယောင် followers ၊ views နဲ့ likes တွေနဲ့အတူ ၎င်းတို့ကို အားပေးအထောက်အပံ့ပြုဖို့ ရည်ရွလုပ်ဆောင်နေတာဖြစ်တယ်လို့ Facebook ရဲ့ platform enforcement ဆိုင်ရာ ဒါရိုက်တာ Jessica Romero က ဘလော့ဂ်ပို့စ်တစ်ခုမှာ ပြောပါတယ်။

“ ခုလို တရားစွဲလိုက်တာက Facebook အနေနဲ့ ဒီလိုမျိုး မရိုးဖြောင့်တဲ့ လုပ်ရပ်တွေကို လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတာကို ပြသလိုက်ခြင်း ဖြစ်ပါတယ်၊ ဒီပလက်ဖောင်းကို ကာကွယ်သွားဖို့ ရည်ရွယ်ပါတယ်” လို့  Romero က ပြောသွားပါတယ်။

ယခုကိစ္စမှာ တရားစွဲဆိုခံရတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေရဲ့ နာမည်တွေကိုတော့ Romero က ထုတ်ဖော်ပြောကြားသွားခြင်းတော့ မရှိပါဘူူး။

ဒါပေမယ့် ခုလို လုပ်ရပ်ကတော့ Facebေook ပိုင် Instagram ရဲ့ terms of service တွေကို ချိုးဖောက်ရာ ကျကြောင်း ၎င်းက ပြောကြားသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required