မကွေးတွင် နှမ်းမျိုးသန့်ပွား စိုက်ပျိုးမည့် တောင်သူများအတွက် နှမ်းမျိုးစေ့များ အခမဲ့ ထောက်ပံ့

မကွေးတွင် နှမ်းမျိုးသန့်ပွား စိုက်ပျိုးမည့် တောင်သူများအတွက် နှမ်းမျိုးစေ့များ အခမဲ့ ထောက်ပံ့

မကွေး၊ ဧပြီ ၂၄ ။                    ။ (၂၀၁၉-၂၀၂၀)ခုနှစ် စိုက်ပျိုးရာသီတွင် နှမ်းမျိုးသန့်ပွားစိုက်ပျိုးမည့် တောင်သူများအား ဧပြီလ (၂၃)ရက်နေ့က နှမ်းမျိုးစေ့များ အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ နှမ်းမျိုးစေ့ အခမဲ့ ထောက်ပံ့ခြင်းကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမော်ဌေးနှင့် တာဝန်ရှိသူများက မကွေးမြို့နယ်တွင်းရှိ ကျေးရွာ(၇)မှ နှမ်းမျိုးသန့်ပွားစိုက်ပျိုးမည့်တောင်သူများအား မျိုးစေ့များ ပံ့ပိုးပေးအပ်ခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက တိုင်း တောင်သူဖွံ့ဖြိုးရေးအဖွဲ့ကို မျိုးသန့်ပွားဖို့ရန်အတွက် နှမ်းမျိုးစေ့ အခမဲ့ ထောက်ပ့ံပေးခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်မျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်းက ပြောပြသည်။

“တစ်ဧကကို(၃)ပြည်နှုံးထောက်ပံ့တယ် နှမ်းပေါ်လာပြီဆိုရင် အတိုးမယူဘဲနဲ့ တစ်ဧက နှမ်း(၃)ပြည် ပြန်ပေးရမယ် ပေါ်လာတဲ့နှမ်းအကုန်ကိုလည်း တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့က အကုန်ပြန်ဝယ်မှာပါ” ဟု မကွေးမြို့နယ်၊ ဖိုလေးလုံးကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးကျော်ဆန်းက ပြောသည်။

နှမ်းမျိုးသန့်ထောက်ပံ့ပေးရာတွင် မကွေးမြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာမှ တောင်သူပေါင်း (၃၈)ဦး၏ စိုက်ဧက (၁၅၃.၅၀)ဧကအတွက် တစ်ဧက စမုံနက်နှမ်းမျိုး သုံးပြည်နှုန်းဖြင့် တင်းပေါင်း(၂၈.၅၀)တင်း ပံ့ပိုး ပေးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly