ပရီးမီးယားလိဂ်သမိုင်းမှာ အမြန်ဆုံးဂိုးကို သွင်းယူခဲ့တဲ့ ရှိန်လောင်း

ပရီးမီးယားလိဂ်သမိုင်းမှာ အမြန်ဆုံးဂိုးကို သွင်းယူခဲ့တဲ့ ရှိန်လောင်း
Photo: Southampton

ဆောက်သမ်တန် တိုက်စစ်မှူး ရှိန်လောင်းဟာ အင်္ဂါနေ့က ဝက်ဖို့ဒ်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ၇.၆၉ စက္ကန့်မှာ ဂိုးသွင်းယူခဲ့အပြီး ပရီးမီးယားလိဂ်သမိုင်းမှာ အမြန်ဆုံးဂိုးကို သွင်းယူခဲ့သူဖြစ်လာပါတယ်။

အဆိုပါပွဲမှာ ဝက်ဖို့ဒ်အသင်းရဲ့ စပေးဘောဟာ နောက်ခံလူ ကတ်ကာ့ဒ်ထံ ရောက်လာခဲ့ပြီး ချက်ချင်းပဲ ရှိန်လောင်းက ဘောလုံးနောက်ကို ပြေးလိုက်လာပါတယ်။ ကတ်ကာ့ဒ်ဟာ ဘောလုံးကို ကန်တင်ခဲ့ပေမယ့် ရှိန်းလောင်းက ခုန်ပြီး ကာလိုက်တာကြောင့် ဘောလုံးက ပြန်အန်ထွက်သွားခဲ့ပါတယ်။ ဒီဘောလုံးကို ရှိန်းလောက်က ဆွဲပြေးသွားကာ ရှေ့ထွက်လာတဲ့ ဘန်ဖော်စတာ ပေါ်ကနေ လှလှပပ သွင်းယူသွားခဲ့တာပဲဖြစ်ပါတယ်။

၇.၆၉ စက္ကန့်မှာ ဂိုးသွင်းယူခဲ့တဲ့ ဒီဂိုးဟာ စပါးနောက်ခံလူ လက်ဒလီ ကင်းရဲ့ ၁၉ နှစ်ကြာ တင်ရှိထားတဲ့ အမြန်ဆုံးဂိုးစံချိန်ကို ရိုက်ချိုးခဲ့ပါတယ်။

"အမြန်ဆုံးစတင်ဖို့နဲ့ သူတို့ကို ဖိအားပေးလုပ်ဆောင်ဖို့ နည်းပြက ပြောထားပါတယ်။ အလွန်ကောင်းမွန်တဲ့ မှတ်တမ်းစံချိန်ပါ။"လို့ လောင်းက ပြောပါတယ်။

ကင်းရဲ့ စံချိန်ကတော့ ၉.၈၂ စက္ကန့်ဖြစ်ပြီး ၂၀၀၀ ခုနှစ်၊ ဒီဇင်ဘာက ဘရက်ဖို့ဒ်အသင်းဘက်ကို သွင်းတဲ့ဂိုးပဲဖြစ်ပါတယ်။

အမြန်ဆုံးဂိုးတွေထဲမှာ ကင်းရဲ့ ဂိုးပြီးနောက်၂၀၀၃ ခုနှစ်က မန်စီးတီးနဲ့ပွဲမှာ နယူကားဆယ်အတွက် ၁၀.၅၂ စက္ကန့်မှာ သွင်းယူခဲ့တဲ့ အလန်ရှီးယားရဲ့ ဂိုးဖြစ်ပါတယ်။ အဲဒီနောက်မှာ ပြီးခဲ့တဲ့ ရာသီက မန်ယူနဲ့ပွဲမှာ စပါးအသင်းအတွက် သွင်းယူခဲ့တဲ့ အဲရစ်ဆင်ရဲ့ ၁၀.၅၄ စက္ကန့်မှာ သွင်းယူဂိုးပဲဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အမြန်ဆုံး ဟက်ထရစ်ကိုလည်း ပိုင်ဆိုင်ထားတဲ့ အသင်းလည်းဖြစ်ပြီး ဆောင်သမ်တန်ကစားသမားဟောင်း မာနေးက သွင်းယူရရှိခဲ့တာပဲဖြစ်ပါတယ်။

ဆောက်သမ်တန်ဟာ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။

Ref; BBC, AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly