ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ သောက်သုံးရေ ခက်ခဲနေသည့် ကျေးရွာ ၁၇ ရွာကို ရေရရှိအောင် ဆောင်ရွက်မည်

ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ သောက်သုံးရေ ခက်ခဲနေသည့် ကျေးရွာ ၁၇ ရွာကို ရေရရှိအောင် ဆောင်ရွက်မည်

မန္တလေး၊ဧပြီ ၂၃ ။            ။ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ သောက်သုံးရေခက်ခဲနေသည့် တိုင်းရင်းသားကျေးရွာ ၁၇ ရွာကို ဧပြီလအကုန်တွင် မိုးကုတ်မြို့နယ် ညောင်သုံးပင်ဆရာတော် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် ဒေါက်တာ အရှင် တေဇော သာရာဘိဝံသ(Ph.D)ဦးဆောင်၍ လူပုဂ္ဂိုလ်သာသနာပြုအဖွဲ့က ရေရရှိအောင် သွားရောက်လုပ်ဆောင် လှူဒါန်း မည်ဟု ၎င်းအဖွဲ့အတွင်းရေးမှူး ဦးစုဗူး(သဒ္ဓမ္မဇောတိကဓဇ) က ပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းနောင်းမြို့နယ်အတွင်းရှိ ပန်လောက်ရွာ၊ နားကန်းရွာ၊ နောအေးရွာ၊ လွယ်အန်ရွာ၊ ကောင်းလန်းရွာနှင့်မိုင်းရှူးမြို့နယ်အတွင်းရှိ ပန်ညောင်ရွာ၊ မုင်းခါးရွာ၊ ဟိုက်ပါရွာ၊ ဟေမုံကျေးရွာ၊ ဟွေကမ်းမစ်၊ဝမ်ဆောက်ရွာ၊မိုင်းခန့်ရွာ၊ကုန်းစံရွာ၊နန်းဟွေဘို၊ဝမ်လွေရွာ၊နားဟွန်းအွန်၊ဖက်တံလိုင်း စသည့်ကျေးရွာ ပေါင်း ၁၇ ရွာမှ အိမ်ထောင်စု ၁၄၃စု၊လူဦးရေ ၈၆၄ ဦးတွက် သောက်သုံးရေ ရရှိအောင်ဆောင်ရွက် လှူဒါန်းပေးသွားမည် ဟု ဦးစုဗူးကဆိုသည်။

"သူတို့က အကူအညီတောင်းလို့သွားကြည့်တယ်။ တကယ်အခက်အခဲဖြစ်တဲ့ ရွာတွေဖြစ်နေတယ်။ သူတို့ ရွာတွေကနေ ရေရဖို့ တစ်နာရီကျော်ခရီးသွားပြီးမှ ရတာတွေ့ရတယ်။ ဒါတွေကို ညောင်သုံးပင် ဆရာတော် ဘုရားကြီးနဲ့တိုင်ပင်ပြီး ရေလှောင်ကန်တည်ဆောက်မယ်။ပိုက်တွေနဲ့သွယ်တန်းပေးမယ်။ရွာတိုင်း အိမ်တိုင်း ရေရရှိဖို့ လုပ်ပေးသွားပါမယ်။"ဟု ဦးစုဗူးကပြောသည်။

 လက်ရှိတွင် လိုအပ်သည့် ရေပိုက်များဝယ်ရန်စီစဉ်လျက်ရှိပြီး ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဦးစုဗူး ဖုန်း ၀၉၄၀၂၆၃၅၈၁၅ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required