ဖွဲ့စည်းပုံကို စိတ်ကူးပေါက်တာ မပြင်စကောင်း ဖွံ့ဖြိုးရေး လုပ်မယ်ဆိုတဲ့ အမျိုးသားတိုးတက်ရေးပါတီ အကြံပေးနှင့် တွေ့ဆုံခြင်း

ဖွဲ့စည်းပုံကို စိတ်ကူးပေါက်တာ မပြင်စကောင်း ဖွံ့ဖြိုးရေး လုပ်မယ်ဆိုတဲ့ အမျိုးသားတိုးတက်ရေးပါတီ အကြံပေးနှင့် တွေ့ဆုံခြင်း

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျာ၊ ကျွန်တော်တို့ ဒီကနေတော့ အမျိုးသား တိုးတက်ရေးပါတီက မူဝါဒ အကြံပေး ဥက္ကဋ္ဌ ဦးခင်မောင်ဇော်နှင့် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဆရာတို့ ပါတီကနေပြီး တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘာတွေပြင်ဆင်နေပြီလဲ ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေး အပေါ် ထင်မြင်သုံးသပ်ချက်တွေ ရွေးကောက်ပွဲအပေါ် ထားတဲ့ ဆရာတို့ရဲ့ ပါတီ မူဝါဒတွေကို ကျွန်တော် မေးမြန်းသွားမှာ ဖြစ်ပါတယ်။

ဆရာတို့ ပါတီကနေပြီးတော့ ဘာတွေများ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်နေပြီးလဲပေ့ါ နော်။ နေရာဘယ်လောက်မှာ ဝင်ပြိုင်မလဲ အခုလိုတွေ့ဆုံပြီးတော့ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံတဲ့နေရာမှာ မဲဆန္ဒရှင်တွေရဲ့ပေ့ါနော်။ တုန့်ပြန်မှုတွေက ဘယ်လိုအလားအလာ ရှိပါလဲခင်ဗျ။

 

ပထမဦးဆုံး ပြောချင်တာကတော့ ကျွန်တော်တို့ပါတီက တော်တော်လေး အချိန်တိုတိုကာလ အတွင်းမှာ တည်ထောင်ပြီးတော့မှ ဒီပြိုင်ပွဲကို အခု ရွေးကောက်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရပါတယ်။ ပြင်ဆင်ချိန် သာမန်အားဖြင့် ကျွန်တော်တို့ နှစ်လလောက်ဘဲ ရခဲ့ပါတယ်။ အဲဒီတိုတောင်းတဲ့ ပြင်ဆင်ချိန် ကာလထဲမှာဘဲ ကျွန်တော်တို့တွေသည် မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်ဖို့ နောက်တစ်ခါ ဦးဆောင်သူ ဒေါက်တာ နေဇင်လတ်ရဲ့ အနီးကပ်ကြပ်မတ်မှုနဲ့ စံမံချက်တွေကြောင့် ကျွန်တော်တို့ အများမထင်နိုင် လောက်အောင်ဘဲ ၃၅၄ နေရာ ယှဉ်ပြိုင်မှု အနေထားဆိုရင် စတ္တုထနေရာပေ့ါ။ ရှေ့ကပါတီးကြီးသုံးခု ပြီးရင် ကျွန်တော်တို့က လူအမျိုးရေ အများဆုံး ယှဉ်ပြိုင်နိုင်တဲ့ စတ္တုထ လူဦးရေ အများဆုံးဖြစ်ပါတယ်။

 

ဆရာ ပြောသွားတဲ့အထဲထဲမှာ အချိန်တိုတိုနဲ့ပေါ့လေ ဆရာတို့ဒါ ပါတီကို ထူထောင်ပြီးတော့ ရွေးကောက်ပွဲဝင်တယ်။ အချိန်တိုတိုအတွင်းမှာ ဘာကြောင့်များ ပါတီကို တည်ထောင်ပြီးတော့ ဝင်ခဲ့တာလဲ။ နောက်တစ်ခါ ကျွန်တော်တို့နိုင်ငံမှာ ပြန်ကြည့်လို့ရှိရင် ပါတီတွေက ၉၀ ကျော်တောင် ရှိနေတယ်ပေ့ါလေး။ ပါတီတွေက အရမ်းဖောင်းပွ နေတယ်လို့ တစ်ချို့လေ့လာသူတွေက ဆိုတယ်။ ဒီရွေးကောက် ပွဲမှာ ဘာကြောင့်ဝင်ပြိုင်တာလဲ ပါတီမူဝါဒတွေက ဘယ်လိုရှိလဲခင်ဗျာ။

ပထမဦးဆုံးကတော့ ကျွန်တော်တို့ မူလ အစီအစဉ်တုန်းက ပြီးခဲ့တဲ့ ၂၀၁၂ လောက်ကနေစပြီးတော့ ဒီ ကျောင်းတစ်ကျောင်း ထောင်ပါတယ်ခင်ဗျာ။ အဲဒီကျောင်း တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ပေါင်း ၅၀ လောက် တကယ့်နိုင်ငံရေးနဲ့ ကင်းကွာနေပါတယ်။ တကယ့်နိုင်ငံရေး ဆိုတာ ပါတီစုံနိုင်ငံရေးပေါ့နော်။ တော်လှန်ရေး အစိုးခေတ် ရှိတယ်။ နောက် တစ်ပါတီခေတ် ရှိတယ်။ စသည်ဖြစ်ပေါ့နော်။ တကယ်နိုင်ငံရေးဆိုတာကို ပါတီစုံ နိုင်ငံရေး၊ ဒီမိုကရေစီ နိုင်ငံရေးစစ်စစ်ကို နဖူးတွေ့ဒူးတွေ့တွေ့တဲ့အချိန်မှာ အဲဒီစနစ်တွေပေ့ါ စနစ်အသစ် တွေ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးပုံစံအသစ် နိုင်ငံရေး အခင်းအကျင်းအသစ် ထို့အတူ စီးပွားရေးပေ့ါ ပြောင်းလဲတဲ့ စီးပွားရေး ပုံစံအသစ်တွေနဲ့ အဆင်သင့်မဖြစ်ပါဘူး။

 

အဆင်သင့် မဖြစ်တာတောင်မှာ ကျွန်တော်တို့က ကြားထဲကနေပြီးတော့မှ အထူးသဖြင့် လူငယ် လူရွယ်အလွှာတွေ ပညာတတ ်အလွှာတွေကို ဒီစီမံခန့်ခွဲရေးပေ့ါ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးပညာတွေ စီးပွားရေး ပညာတွေ နောက်တစ်ခါ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ပညာရပ်တွေ နောက်တစ်ခါ နိုင်ငံရေး ပညာရပ်တွေပေ့ါနော်။ ဒီဟာတွေကို ကျွန်တော်တို့က အတွေးသစ် လောင်းပေးမှ သင်ပေးမှ အစုအဖွဲ့က ကြီးထွားလာမှ ဒီနိုင်ငံရေးအပြောင်း အလဲ စီးပွားရေးအပြောင်းအလဲ လူမှုရေးအပြောင်းအလဲပေ့ါ အဲဒါတွေကို ချောချောမွေ့မွေ့ရရှိမယ်လို့ ကျွန်တော်တို့ ယုံကြည်တဲ့အတွက် အဲလိုမျိုးကျောင်းလေး ထောင်ကြပါတယ်။

 

ထောင်တော့ အတိုချုပ်ပြော ရရင်တော့ အခု Master သုံးတန်း ဖွင့်နိုင်တဲ့အဆင့်အထိ အခုဆိုရင် ရောက်ပြီးပေ့ါနော်။ Master သုံးတန်းဆိုတာ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးမှာလည်း Master ပေးနိုင်တယ်။ ဒီလိုဘဲ MBA (Master of Business Administration) လို့ခေါ်တဲ့ စီးပွားရေး စီမံခန့်ခွဲမှုမှာလည်း Master ပေးနိုင်တယ်။ MBA (Master of Business Administration) လို့ ခေါ်တဲ့ နိုင်ငံရေး စီမံခန့်ခွဲမှု မှာလည်း Master ပေးနိုင်တယ်ပေါ့။ အားလုံးပေါင်းလိုက်တော့ ကျွန်တော်တို့ မွေးထုတ်လိုက်တာ နှစ်လ သင်တန်း ကိုးလသင်တန်းကနေပြီးတော့မှ Master တန်းအထိကို ကျောင်းသား သုံးထောင် လောက် ထွက်သွားပြီးပေါ့။

 

အဲဒီတော့ ဘယ်လိုလဲဆိုတော့ မူလရည်ရွယ်ချက်က ကျွန်တော်တို့ ဒီ၂၀၂၀ လောက်ကျမှ စပြီးတော့ ကျောင်းသားတွေကို သင်တန်းသားဟောင်းတွေပေ့ါ သူတို့လည်း ကျောင်းဆင်းသွားပေမဲ့ အုပ်စုက ကွဲမသွားဘူး။ စုစုစည်းစည်းပဲ ဆက်ပြီးတော့ ဒီနိုင်ငံရေးကို လေ့လာတယ် သုံးသပ်တယ်။ သုသေသနာတွေ ဆက်လုပ်နေကြတော့ သူတို့ တောင်းဆိုမှုကြောင့်သာ အဲဒီတော့ ကျွန်တော်တို့က နှစ်မျိုးစဉ်းစားတယ်ပေါ့လေ။ မူလ အစီအစဉ်အတိုင်း ၂၀၂၀ ကျမှဘဲ ကလေးတွေအတွက် လုပ်ပေးမလား၊ မဟုတ်ဘူး အခုဘဲ ဝင်တော့မလားပေါ့။

ဆုံးဖြတ်ချက်ကတော့ ဒီအချိန်မှာ ကျွန်တော်တို့က အနည်းဆုံး စာမေးပွဲဖြေတာ ကြတယ်။ အတွေ့အကြုံ ယူထားကြတယ်။ ယူရင်လည်းကျွန်တော်တို့က ထိထိမိမိဘဲ လုပ်ချင်တယ်။ အလုပ်လုပ်ပြီးမှတော့ မဖြစ်စေချင်ဘူး။ အဲဒီတော့ အဲဒီနှစ်ခုကြားထဲမှာ အချိန်ကာလ တိုတိုတောင်း တောင်းထဲမှာဘဲ ကျွန်တော်တို့က အဓိကကတော့ ကျွန်တော်တို့ ကျောင်ဆင်းတွေပေ့ါနော်။ ကျောင်းသားဟောင်း ကျောင်းသားတွေရဲ့ အင်အားကို ဗဟိုပြုပြီးတော့မှ ဒီပြည်သူ့ ပူးပေါင်းမှုနဲ့ ဒီဒေသဆိုင်ရာအားလုံးက အခြေခံ မဲဆန္ဒနယ်တွေရဲ့ ပြည်သူလူထုရဲ့ စိတ်ပါဝင်စားမှုနဲ့ ပူးပေါင်းမှုကို ရရယူပြီးတော့မှ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်တာဖြစ်ပါတယ်။

 

ဆရာတို့အခု မဲဆွယ်စည်းရုံးရေးတွေ စနေပြီပေါ့လေး။ ပြည်သူလူထုရဲ့ တုန့်ပြန်မှုက ဘယ်လိုရှိလဲ။

 

ပြည်သူလူထု တုန့်ပြန်မှုက သာမန်အားဖြင့် အတော်လေး အားရစရာ ကောင်းပါတယ်။ အားရစရာ ကောင်းတယ်ဆိုတာ သူကိုယ်စားပြုတဲ့ နယ်မြေတစ်ခု ရှိရာ အဲဒီ ကိုယ်စားပြုတဲ့ အခြေခံနယ်မြေဆိုရင် အခုခေါ်တော့ မဲဆန္ဒနယ်ပေ့ါ။ နိုင်ငံရေးသမား တစ်ယောက်လို ဖြစ်လာရင် ကိုယ်တာဝန်ယူထားတဲ့ တာဝန်ခံထားတဲ့ ကိုယ်နှစ်မြုပ်ထားတဲ့ ကိုယ့်ရဲ့ဒေသ မဲဆန္ဒနယ်ကို လုံးဝတာဝန်ရှိပါတယ်။ အဲဒီတော့ မင်းတို့ကို အခုကစပြီးတော့ မင်းမိဘတွေလည်း မပိုင်တော့ဘူး မင်းမိသားစုတွေလည်း မပိုင်တော့ဘူး။ မဲဆန္ဒနယ်က မင်းတို့ကို ပိုင်သွားပြီ။ ရွေးကောက်ပွဲမှာ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ။ ဒီမဲဆန္ဒနယ်ကို ကိုယ်စား ပြုရတော့မယ်။ ဦးဆောင်ရတော့မယ်။ တာဝန်ခံရတော့မယ်။ ဒါတွေသည် နိုင်ငံရေး လုပ်ပြီဆိုရင် အစကနေ အဆုံးသတ်လို့ မရဘူး သေတဲ့အထိ။ ဒီတာဝန်တွေကို တာဝန်ယူရမယ်၊ တာဝန်ထမ်းရမယ်။ အဲဒီလိုမျိုး ပုံစံကျွန်တော်တို့လည်း ဆွေးနွေးပါတယ်။ သူတို့ဘက်ကလည်း လက်ခံပါတယ်။ အဲလိုအထဲထဲဝင်လုပ် ကျတော့ တော်တော်ကို အားရကြပါတယ်။

 

ဆရာခုနက ပြောသွားတဲ့အထဲမှာ Master တန်းကနေပြီးတော့  မွေးထုတ်ပေးနေတာ ရှိတယ်။ မြန်မာ့နိုင်ငံကို ပြန်ကြည့်ရင်လဲ လူငယ် နိုင်ငံရေးသမားတွေ အားနည်းနေတယ်လို့ ဝေဖန် ထောက်ပြကြတာ ရှိတယ်။ ၂၀၁၅ အလွန် ၂၀၂၀ ပေ့ါ အစရှိသည်အားဖြင့် ကျော်ပြီး ကြည့်နိုင်မယ်ဆို့ ဆရာတို့လုပ်နိုင်တဲ့ အလုပ်ထဲကနေပြီးတော့ နိုင်ငံရေးသမားတွေ လူငယ်နိုင်ငံရေးသမားတွေ ဒါမှမဟုတ် နိုင်ငံကို ပြန်ပြီးတော့ အကျိုးပြုမယ့် လူငယ်တွေ ဘယ်လောက်ထိများ များများစားစား မွေးထုတ်နိုင်မလဲ။

 

အခု ကျွန်တော်တို့ဆိုရင် အတန်းတစ်တန်းကို လူ တစ်ရာဝန်းကျင်ပေ့ါနော်။ အတန်း သုံးတန်း ဆိုရင် သုံးရာပေ့ါ။ သုံးရာသုံးရာ ဒါနှစ်စဉ် ထွက်သဘောပေ့ါ။ ပြီးတော့ ဒီသင်တန်းအတို လေးတွေပေ့ါ အဲဒါတွေပြီးတော့ ပိုများများ ထွက်တယ်လေ။ ဆိုတော့ ဟိုနှစ်လတစ်ခါ သုံးလတစ်ခါ ကျတော့ အခုကတော့ နှစ်လ သင်တန်းတွေ သုံးလ သင်တန်းတွေ ဆက်ပြီးမထွက်နိုင်တော့ဘူး။ ဒီ Master တန်းတွေဘဲ ဦးစားပေးပြီး ထုတ်တာပေ့ါနော်။ အတန်းလည်း မှီသွားအောင်ဆိုပြီးတော့ ဆိုတော့ ကျွန်တော်တို့ မွေးထုတ်တဲ့ အစီအစဉ်တွေက ကျောင်းကမွေးထုတ်တာက တစ်ပိုင်းပါတယ်ဗျ။ ကျောင်းကမွေးထုတ်တဲ့ ကျောင်းသား ကျောင်းသူတွေကိုကြီးဘဲ အခြေခံပြီးတော့ နိုင်ငံရေး လုပ်လို့မရပါ ဘူးချင်ဗျ။

 

သူတို့ရဲ့အသိ သူတို့ရဲ့အတတ်ပညာ၊ သူတို့ရဲ့ယုံကြည်ချက်က နေပြီးတော့ ဆင့်ပွားလာတဲ့ ကျွန်တော်တို့ပါတီတို့ ဖြစ်လာတဲ့အခါမှာ မည်သူမဆို ကျွန်တော်တို့နဲ့ မူဝါဒလမ်းစဉ် ယုံကြည်ချက်ကို တူတဲ့လူတွေကို ကျွန်တော်က အကုန်လုံး စုပေါင်းပြီး လုပ်ကြတာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ အားသာချက်ကတော့ ကျောင်းပေါ့နော်။ ဘယ်သူဘဲ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်ဖြစ်သွားပြီဖြစ် စေ၊ ဘယ်လွတ်တော်မှာဘဲ ရောက်သည်ဖြစ်စေ၊ သူတို့ဟိုမှာ ဆွေးနွေးရမည့် မူဝါဒလမ်းစဉ် အကုန်လုံးကို နောက်က သုတေသန လုပ်ပေးမည့်သူ၊ ဝိုင်းပြီးတော့ တိုင်ပင် ဆွေးနွေးမည့်လူ အကုန်ပေ့ါ ဒါအစုအဖွဲ့ လိုက် အသင်းအဖွဲ့လိုက် ရှိပါတယ်။

 

ဆွေးနွေးတဲ့အထဲထဲမှာ ကျွန်တော်မြင်ရသလောက်ပေါ့ ဆရာတိုပါတီမူဝါဒတွေ ချပြတဲ့အခါမှာ အများပြောပြောနေတဲ့ ဘာသာရေးပေ့ါနော်။ ဘာသာရေးကို အခြေခံပြီးတော့မှ နိုင်ငံရေး လုပ်တယ်ဆိုတဲ့ အမြင်ပေ့ါ။ အဲဒီအမြင်တွေ ဆရာတို့ပါတီ ပေါ်မှာ ရှိတာကို ကျွန်တော်သိရတယ်။ အဲဒါနဲ့ပတ်သတ်ပြီးတော့ ဆရာဘာများ ပြောချင်သလဲ။

ကျွန်တော်တို့ အမြင်ကတော့ ဘာသာရေးက ဘာသာရေးပါဘဲခင်ဗျ။ နိုင်ငံရေးက နိုင်ငံရေးပါဘဲ ခင်ဗျာ။ ဒီနှစ်ခုက တော်တော်ကွာနေတာပါ။ အမှန်အတိုင်း ပြောလို့ရှိရင် ကျွန်တော်တို့က အမျိုးသားရေးပေ့ါ။ အမျိုးသားရေးဆိုတဲ့ စကားလုံးလေး ပါလာတဲ့ အခါကျတော့ အမျိုးဘာသာ သာသနာနဲ့ သွားချိတ်မိတယ်လို့များတောင် မသိဘူးခင်ဗျာ။ အမှတ်တကယ်ကတော့ ကျွန်တော်တို့က အမျိုးသား တိုးတက်ရေးပါ။ အမျိုးသား တိုးတက်ရေးလို့ ပြောလိုက်တာနဲ့ ၁၃၅ မျိုးသော တိုင်းရင်းသားတွေ အားလုံးပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားပေါ့။ ဒီအကျိုးစီးပွားကို တည်ပြီးလုပ်တာဘဲ။ အကျိုးစီးပွားလို့ ပြောလိုက်တော့ တစ်ခုတည်း မဟုတ်ပါဘူး။ ဥပမာ စီးပွားရေးလား၊ စီမံအုပ်ချုပ်ရေးလား၊ ဖွံ့ဖြိုးတိုးတက်ရေးလား။ ပညာရေးလား၊ ကျန်းမာရေးလား၊ ယဉ်ကျေးမှု၊ ဒါမှဟုတ် လူမှုအရင်းအမြစ် အဆင့်အတန်းတွေ တိုးပွားလာရေးလား၊ ဒါတွေအကုန်ပါပါတယ်။

 

ဆရာ ဆိုလိုချင်တာက ဘာသာရေးနှင့် လုံးဝမဆက်စပ်ဘူးဆိုတဲ့ သဘောပေ့ါ။ ကျွန်တော်တို့ သွားမြင်လိုက်လို့ရှိရင် အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသား တိုးတက်ရေးကို အခြေခံပြီး နိုင်ငံရေးလုပ်တယ် ဆိုတဲ့အခါကျတော့ အမျိုးသားဆိုလို့ရှိရင် နောက်ကနေပြီးတော့ အခုန ဆရာပြောသလို ဘာသာရေး ပါလာတဲ့သဘောပေါ့။

 

ဘာသာရေးနဲ့ လုံးဝမရာနှုန်းပြည့် မသက်ဆိုင်ဘူးလို့ ပြောဖို့တော့ ခက်ပါတယ်ခင်ဗျာ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ မြန်မာ့ယျဉ်ကျေးမှုက မြန်မာနိုင်ငံဆိုတာ အစကတည်းက တည်ထောင် လာကတည်းကိုထဲက ဗုဒ္ဓဘာသာ မြန်မာမင်းများ ဦးဆောင်ပြီးတော့ တည်ထောင်ခဲ့တာပေ့ါနော်။ နှစ်ပေါင်းလည်း ထောင်ကျော်နေပါပြီ။ အဲလိုဖြစ်တဲ့အတွက် မြန်မာယျဉ်ကျေးမှုက ဗုဒ္ဓဘာသာ ယျဉ်ကျေးမှုအတွက် အထိုက်အလျောက် ဆက်နွယ်မှုရှိပါတယ်။ အဲလိုဖြစ်တဲ့အတွက် ကိုယ့်ယဉ်ကျေးမှုကို ကိုယ် ထိန်းသိမ်း မြင့်တင်တဲ့အခါမှာ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်း မြင့်တင်ရင်းနဲ့ ဘာသာရေးကို ထိန်းသိမ်းမြင့်တင် သွားရမယ်ဆိုတာလည်း ကျွန်တော်တို့ဆီမှာ ဝတ္တရားလည်း ရှိပါတယ်။ အဲဒီ သဘောပါ ကျွန်တော်တို့ ဘာသာရေးကိုတည်ပြီး နိုင်ငံရေးကို လုပ်တယ်ဆိုတာတော့ လုံး၀ မဟုတ်ပါဘူး။

 

တစ်ဖက်ကပြန်ကြည့်ရင်လဲ ဘာသာပေါင်း စုံယှဉ်တွဲနေပြီးတော့မှ ဒါအတူတကွ နိုင်ငံတစ်ခုကို တိုးတက်အောင် လုပ်လို့ရမယ်ဆိုတဲ့ အမြင်တွေလဲ ရှိတာပေ့ါနော်။

သေချာတာပေ့ါခင်ဗျာ၊ ဘာသာပေါင်းစုံသည် လက်တွဲပြီးတော့မှ ကျွန်တော်တို့ရဲ့ မြန်မာယဉ်ကျေးမှုဆိုတဲ့ ဘောင်ထဲမှာ ဆိုတဲ့သဘောက ကျွန်တော်တို့အထဲမှာ အစ္စလာမ်တွေလည်းရှိမယ်။ မူဆလင်တွေ လည်း ရှိမယ်။ ခရစ်ယာန်လည်း ရှိတယ်။ ဟိန္ဒူလည်းရှိမယ်၊ နတ်ကိုးကွယ်တဲ့ လူလဲရှိမယ်။ ဒီလိုပဲ တရုတ်လဲရှိမယ်၊ ကုလားလည်း ရှိမယ်၊ အဲဒါတွေအားလုံးက မြန်မာ့ ယဉ်ကျေးမှု ဘောင်ထဲမှာ စုစည်းပြီး ပေါင်းစည်းပြီးတော့မှ ဥပမာ တရုတ်လူမျိုးဆို စင်္ကာပူမှာလဲ တရုတ်ရှိတာဘဲ။ စင်္ကာပူ တရုတ်နဲ့ ဟောင်ကောင်တရုတ်နဲ့ ထိုင်ဝမ်တရုတ်နဲ့ ဗမာပြည်က တရုတ်နဲ့တူစရာ အကြောင်းမရှိဘူးလေ။

 

ဆရာတို့ ပါတီနဲ့တော့ ဒါနည်းနည်း သိပ်ဆိုင်ချင်တော့ ဆိုင်မှာပေ့ါလေ။ အခု ဆိုကြပါစို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအတွက် လုပ်ကြတယ်။ တစ်ဖက်ကလည်း ဒါနိုင်ငံရေးနဲ့ ဆက်နွယ်တယ်ဆိုပြီးတော့ အယူအဆတွေ ထွက်ပေါ်လာတယ်။ ဆရာအဲဒီ အပေါ်မှာကော ဘယ်လိုသုံးသပ်လဲ ဒီဘာသာရေးနဲ့ နိုင်ငံရေး ချိတ်ဆက်ပြီးတော့ ထင်မြင် ယူဆချက်တွေပေါ့နော် ဒါဟာ ဘာသာရေးနဲ့ ဆက်နွယ်ပြီးတော့မှ ဒီဘက်က နိုင်ငံရေးကို နေရာယူတယ်ဆိုတဲ့ အယူအဆတွေ ထွက်လာတဲ့အပေါ်မှာ။

 

ဒီအယူအဆတွေလည်း ကျွန်တော်တို့ မကြာခဏ ဆွေးနွေးခဲ့ပါတယ်ခင်ဗျာ။ အမှန်အတိုင်း ပြောရရင် တော့ ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ အဲဒီအခုန ဘယ်အစွန်း ညာအစွန်း ပေ့ါနော်။ အဲဒီကိစ္စတွေတော့ ကျွန်တော် အသေးစိတ်တော့ သိပ်မပြောချင်ပါဘူး။ ကျွန်တော်တို့ အစွန်းတွေ ညှိရတဲ့အပေါ်မှာ ကျွန်တော်တို့ရဲ့ အဓိက မူဝါဒက အားလုံးကို ပြေလည်သွားအောင် အလယ်ကနေ ထိန်းညှိနှိုင်းပေးဖို့ အဲဒါသည် ကျွန်တော်တို့ မူဝါဒပါခင်ဗျာ။

 

အခုကျွန်တော်တို့ ဒီရွေးကောက်ပွဲလည်း စတော့မယ်ပေါ့လေ။ ဆရာတို့ရဲ့ မူဝါဒတွေလည်း ရှိပြီးဆိုတော့ ဆရာရဲ့ မူဝါဒတွေဟို မဲဆန္ဒရှင်တွေကို ကျွန်တော်တို့တေ့ာ ဒီမူဝါဒတွေ ရှိတယ်။ ကျွန်တော်တို့ ပါတီကတော့ ဒီဟာကို ကျွန်တော်တို့ပါတီကို မဲထည့်ရင် ခင်ဗျားတို့အတွက် ဒါအကျိုးရှိနိုင်မယ်။ ဆရာတို့ မဲဆွယ်စည်းရုံးတဲ့အခါလည်း ပြောကောင်း ပြောမယ်ပေ့ါ။ ဆရာတို့မူဝါဒတွေ တစ်တစ်ခွခွ ပြောနိုက်တာက ဘာရှိမလဲ ခင်ဗျာ။

 

မူဝါဒအကြောင်း နည်းနည်းပြောရရင် မူဝါဒဆိုတာ ပေါ်လစီပေ့ါ။ ပေါ်လစီရဲ့ နောက်မှာ ရပ်တည်ချက် ပေါ့နော်။ နောက်မူဝါဒ ကနေပြီးတော့မှ ဒီဗျူဟာပေ့ါနော်။ မဟာဗျူဟာတို့ နောက်တစ်ခါ မျှော်မှန်းချက်တို့ ပါတီတွေ တော်တော်များများ ပြောနေကျတာတော့ ပေါ်လစီ ဆိုတော့ ကျွန်တော်တို့ အနေနဲ့ကျတော့ ခိုင်ခိုင်မာမာ ချမှတ်ထားတဲ့ဟာက ကျွန်တော်တို့ ဒီကျွန်တော်တို့ လိုဂိုတွေမှာလည်း ပါပါတယ်။ စစ်မှန်သော အပြောင်းအလဲ အတွက်၊ စစ်မှန်သော အပြောင်းအလဲ အတွက်ကို ဘယ်လိုပိုပြီးရှင်းအောင် ပြောမလဲ၊ ပြောလို့ရှိရင် လူတွေအားလုံးက အပြောင်းလဲကို အားလုံးမျှော်လင့်တယ်။

 

ဘာဖြစ်လို့လဲ စီးပွားရေးအရ ဖြစ်သင့်သလောက် မဖြစ်ဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ သယံဇာတတွေ ပေါတယ်၊ သဘာ၀ သယံဇာတတွေ ပေါတယ်။ နောက်တစ်ခါ ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားတဲ့တိုင်းပြည် ဖြစ်သော်ငြားလည်း လူတွေက တစ်ဖြည်းဖြည်းနဲ့ စာရိုက်တွေ ကြမ်းလာကြတယ်။ ပြောတာဆိုတာတွေ ရိုင်းစိုင်းလာတယ်။ စသည်ဖြင့် ပေ့ါနော် ဒီလိုလေးတွေ ဒါလေးတွေပေ့ါနော် အကုန်လုံးမှာ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။

 

အဲဒီတော့ အခြေခံအားဖြင့် ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး တစ်ခုဆိုတာသည် ပိုပြီး တိတိကျကျ မျှမျှတတ ဖြစ်တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဥပမာ ကျွန်တော်တို့ အိမ်နီးနားချင်းတွေနဲ့ လူထုချင်းယှဉ်ရင် ကျွန်တော်တို့ ဘက်ကလည်း အဆင့်နိမ့်နေသလို၊ ဖွံ့ဖြိုး တိုးတက်ရေးကလည်း ဘေးနားက မြို့ကြီးတွေနဲ့ ယှဉ်ရင် နယ်နယ်ချင်း ရွာရွာချင်းယှဉ်ရင် ကျွန်တော်တို့ ဘက်စုံနောက်ကျ နေပါတယ်။

အဲဒီဟာတွေကို ကျွန်တော်တို့က ဘယ်လိုပြောင်းမလဲ ဒီဒုတိယတစ်ဆင့်ကပေ့ါ ဘယ်လို ပြောင်းမလဲဆိုရင် ကျွန်တော်တို့က တစ်သက်လုံး ယုံကြည်၊ တစ်ကမ္ဘာလုံးကလည်း လက်ခံတယ် ဆိုတော့ တကယ့်စစ်မှန်တဲ့ တိုးတက်မှုကို လိုချင်ရင် လူသားအရင်းအမြစ်ကို ဆွဲတင်ရပါလိမ့်မယ်။ ဒီကုန်ကြမ်းတွေ ကုန်ကြမ်းအတိုင်း ရောင်းနေသမျှ ဟုတ်လား ဒီအရှိကို အရှိအတိုင်း ထုတ်လုပ်တဲ့ ပစ္စည်းတွေက ဝန်ဆောင်မှုတွေက အဖြစ်လုပ်နေသမျှ ကျွန်တော်တို့ တိုင်းပြည်က တိုးတက်စရာအကြောင်း မရှိပါဘူး။

 

အဲလို ဖြစ်တဲ့အတွက် ဒီကုန်ထုတ် ယဉ်ကျေးမှုပေ့ါ ပိုပြီးကောင်းတဲ့ ကုန်တွေကို ပြန်ထုတ်ကြတယ်။ ပိုပြီးသာလွန်းတဲ့ ဝန်ဆောင်မှုတွေ ပေးကြမယ်။ အဲလိုပေးဖို့ အရည်အသွေးရှိတဲ့အခါ ဖြစ်လာအောင် ကျွန်တော်တို့ ကိုယ့်လူတွေကို ပညာအခြေခံတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာအောင် တွန်းတင်သွားရင် လာမည့် ၅ နှစ်အတွင်းမှာ သိသိသာသာ အပြောင်းအလဲ တစ်ခုဖြစ်လာမှာပါ။

 

ဆရာတို့ ပါတီကနေပြီးတော့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်သွားမယ်။ လွတ်တော်ထဲ ရောက်သွားတဲ့အခါမှာ ဘာတွေများ လုပ်ကြမလဲ၊ အပြောင်းအလဲပေ့ါ ဆရာအခုနပြောသွားတဲ့ အထဲမှာ အပြောင်းအလဲပေ့ါ ဆိုကြပါဆို ဆရာတို့ ရောက်သွားတယ်။ ရောက်သွားတဲ့အခါမှာ ကျွန်တော်တို့ ဖြစ်ချင်တဲ့ ပထမဦးဆုံး အပြောင်းအလဲက ဘာများဖြစ်မလဲဗျာ။

စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုပါဘဲခင်ဗျာ။

 

အများပြောပြောနေတဲ့ ဖွံ့စည်းပုံပြင်ဆင်ရေးတို့ နောက်ပြီးတော့ တိုင်းရင်းသားတွေ ပြောနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတို့၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက အထောက်အကူအပြုဘူး ဆိုတဲ့အမြင်တွေလဲရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဆရာတို့ပါတီက ဘာများလုပ်ဖို့ရှိလဲ။

ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ ပြောလို့ရှိရင် ကျွန်တော်နည်းနည်းလေး ဆက်ပြောလို့ ရလားခင်ဗျာ။ ဖွဲ့စည်းပုံ အခြေခံဆိုသည်မှာ ကျွန်တော်တို့က နိုင်ငံတော်နှင့် နိုင်ငံသားတွေ ကြားထဲမှာ ရှိတဲ့ သဘောတူညီချက် တွေပေ့ါနော် ဆိုတော့ ဒီတိုင်းပြည်ရဲ့ တစ်သွေးတည်း တစ်သားတည်း ဖြစ်တဲ့ တစ်နိုင်ငံသားတည်းဖြစ်တဲ့ ဘယ်လိုဖြစ်အောင် ထူထောင်မလဲ။ တစ်ဘက်က ဘယ်လိုနိုင်ငံမျိုး ဖြစ်အောင် ထူထောင်မလဲ။ အဲဒီနှစ်ခု ကျွန်တော်တို့ဆီမှာ ပိုင်ပိုင်နိုင်နိုင် ရှိလား။ အဲဒီနှစ်ခုကို ချိန်လိုက်တဲ့ အပြင်အလှန်မှီခိုမှု ဖြစ်စရာပေ့ါ။

 

အဲဒီဖြစ်စဉ်အကြောင်းကို သေသေချာချာ တိတိကျကျ သဘောပေါက်ပြီးတော့မှ အဲဒါကို ဆွဲလို့ရပါတယ်။ ဆိုတော့ ဒါတွေက မပျက်လေ့လာ ဆွေးနွေး သုတေသနလုပ်ပြီးမှ ဖော်ထုတ်ပြီးတော့မှ လုပ်လို့ရတဲ့ လုပ်ငန်းပါ။ အားလုံးကို ခြုံငုံပြီးတော့ အဲဒီနှစ်ခုကို ဘယ်လို ပေါင်းစည်းမယ် စသည်ဖြစ်ပေါ့နော်။ ရှင်းရှင်းပြောရရင် လေးလေးနက်နက် လေ့လာ သုသေသနလုပ် ဝေဖန်သုံးသပ်ပြီးမှ လုပ်ရမယ့် အလုပ်မျိုးပါ။

 

ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ဒါဆက်လေ့လာရဦးမယ် သဘောပေ့ါ။

အစဉ်ဆက်မပြတ် လေ့လာနေပါတယ်။ မတိုင်ခင်ကလဲ လေ့လာတယ်။ အခုလည်း လေ့လာတယ်။ နောင်လဲဆက်လုပ်သွားဦးမှာဘဲ ဒါပေမဲ့ စိတ်ကူးပေါက်သလို တစ်စချင်း တစ်စချင်း အဲလို လုပ်လို့မရဘူး။

ကျေးဇူးတင်ပါတယ် နောက်တစ်ခုက ဆရာတို့ပါတီဟာ သမ္မတနဲ့ ချိတ်ဆက်နေတယ် ဆိုပြီးတော့ ယူဆတယ်ပေါ့။ ထင်မြင်ချက်တွေ ထွက်လာတဲ့အခါမှာ ပြည်သူတွေကလည်း ထင်ကြတယ်။ အဲဒီအမြင်တွေကို နည်းနည်း ပြန်ပြီးတော့ ပြောပြပေးပါလား။ ဘယ်လိုဖြစ်လာတာလဲ။

ဒီလိုပါ အဲလိုထင်တာကတော့ မဆန်းပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ ပါတီရဲ့ ဥက္ကဋ္ဌကပေ့ါ အရင်တုန်းကတော့ နာယက ပေ့ါလေး။ ဒါဒီ သမ္မတကြီး ဦးသိန်းစိန်ရဲ့ အကြံပေးပေ့ါ။ ကျွန်တော်က အကြံပေးထဲက တစ်ယောက်ဖြစ်တော့ ထင်လိုဘဲ ထင်ကြတာပဲ အထူးသဖြင့် အရင်ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ဟောင်းများကလည်း ဒီလိုဘဲ သံသယရှိတာဘဲ။ ဆိုတော့ တစ်ဖက်ကပြန်ကြည့်ရင်လဲ ဟို နှစ်ပိုင်းပေ့ါ အဲလိုအဆက်ဆက်ရှိတယ် မရှိဘူးဆိုတာ ကျွန်တော်တို့ ပါတီဥက္ကဋ္ဌကြီး ဒုဥက္ကဋ္ဌကြီး ကျွန်တော်တို့လို အကြံပေးတွေ CEC တွေ EC တွေ အသိဆုံးပေ့ါနော်။

 

ဟိုဒီလူတွေ ရွေးချယ်တဲ့အချိန် မှာ ဘယ်လိုရွေးချယ်လဲ စသည်ဖြင့်ပေါ့နော် ဘယ်လိုဆက်ပြီး Run လုပ်နေလဲ ဟို သမ္မတလို ပုဂ္ဂိုလ်မျိုးက အထောက်အကူပြုရင် ကျွန်တော်တို့ လက်ရှိတွေ့နေရတဲ့ ဘဏ္ဍာရေး အခက်အခဲတွေ စသည်ဖြစ်ပေါ့နော် အထောက်အကူတွေ ရမှာပေ့ါ။ ကျွန်တော်တို့ဟာ အခုန ဥက္ကဋ္ဌတွေ ဦးဆောင်တဲ့ ECE၊ EC စသည်ဖြစ်ပေါ့ ဒီလူတွေအားကြီးနေနဲ့ဘဲ ကိုယ့်အားနဲ့ဘဲ ရာနှုန်းပြည့် ရုန်းနေရတာ ဆိုတော့ ဟို ဘယ်လိုမှ ကျွန်တော်တို့ စဉ်းစားလို့မရဘူး။

 

ကျွန်တော်တို့ကလည်း အံ့သြတယ်ပေါ့လေး။ ဆရာနေဇင်လတ်က သမ္မတ အကြံပေးဖြစ်တာ၊ သူသမ္မတ အကြံပေးဖြစ်ပြီးတော့ ချက်ချင်း ပါတီထောင်တယ်ဆိုတော့ ကျွန်တော်တို့က အရမ်းအံ့သြတာပေ့ါ။ ဒါပြည်သူလူထုကလည်း ထင်မြင်ယူဆချက်တွေ ထွက်လာတယ်။ နောက်တစ်ခုက ဆရာအခုနက ပြောတဲ့အထဲမှာ ကိုယ်စားလှယ်လောင်း ၃၀၀ ကျော်ယှဉ်ပြိုင်တယ်ပေ့ါနော်။ တစ်ချို့ပါတီတွေမှာလည်း ဘဏ္ဍာရေး အကျပ်အတည်း ရှိတယ်။ ဆရာတို့ ပါတီကျတော့ ဘဏ္ဍာရေးကို ဘယ်လိုဖြေရှင်းသလဲ။ ဘယ်လိုမျိုး လုပ်နေကြလဲ။

 

အခက်အခဲကတော့ ရှိပါတယ်။ ကျွန်တော်ပါတီ Family မှာ ဘေးကပေါ့နော် ဒီလုပ်ငန်းရှင်တွေက ဝိုင်းပြီး လှူဒါန်းတဲ့ငွေဆိုလို့ တော်တော် နည်းပါတယ်။ အခုမှစတင် တည်ထောင်တဲ့ပါတီကိုး။ ဒါပေအမဲ့ တည်ထောင်သူတွေထဲမှာ ကိုယ်၌ကတော့ လုပ်ငန်းရှင်တွေ ပါတယ်။ ပါတော့ များများထည့်နိုင်တဲ့ လူကတော့ များများထည့်တယ်။ နည်းနည်းထည့်နိုင်တဲ့သူက နည်းနည်းထည့်တယ်။ နောက်သက်ဆိုင် ရာ ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း အသီးသီးကလည်း ရသလောက် သူ့ဟိုဟာပေါ့ ငွေးကြေးဘာညာ အကုန်လုံးစုထည့်ဖို့ ကျွန်တော်တို့က တိုက်တွန်းတယ်။

ဒီလိုဘဲ ကျွန်တော်တို့ ကလည်း ကိုယ့် ကိုယ်စားလှယ်လောင်းတွေ အားလုံးကိုလည်း ရှင်းရှင်းလင်းလင်း ကျွန်တော်တို့ပြောထားတာ ငွေရေးကြေးရေးက ကျွန်တော်တို့ ထောက်ပံ့နိုင်ဖို့ အခြေအနေမရှိပါဘူး။ အဲလိုဖြစ်တဲ့အတွက် ဒီအလံတွေ နောက်တစ်ခါ အင်္ကျီတွေ တတ်နိုင်သမျှပေါ့ နောက်တစ်ခါ ဒီ အခုနက လက်ကမ်းစာစောင် ကလေးတွေ၊ ဒါလေးတွေတော့ အားလုံးဝေပါတယ်။ ပေးပါတယ်။ ကျွန်တော်တို့ ပါတီဝင်တွေ ကိုယ်စားလှယ်လောင်းတွေ ဒီအားနဲ့ဘဲ ကျွန်တော်တို့ ဒီဘဏ္ဍာရေးကို ဖြေရှင်းပါတယ်။

 

ဆရာတို့ ၃၀၀ ကျော်ပေ့ါလေး ၃၀၀ ကျော်မှာ ဘယ်လောက်ထိမျှော်မှန်းလဲ အခုမဲ ဆွယ်စည်းရုံးရေး စနေပြီးဆိုတော့ ဒီမဲဆန္ဒရှင်တွေရဲ့ သဘောထားတွေလဲ သိရပြီးပေ့ါ။ ၃၀၀ ကျော်မှာ ရာခိုင်နှုန်းဘယ်လောက်လောက်များ အခြေအနေ၊ အလားအလာ ကောင်းနိုင်လဲခင်ဗျာ။

 

ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုအရဆိုရင် အခြေအနေကောင်းသွားရင် ကျွန်တော်တို့ ၅၀% ပေါ့။ နည်းနည်းလေးဆိုးသွားရင် ၃၀%။ အဲဒီကြားထဲမှာ မျှော်လင့်ပါတယ်ခင်ဗျာ။

 

ကျွန်တော် နည်းနည်းလေး ထပ်ဖြည့်ပေးချင်တာက အခုတော်တော်လေးကို လူပြောများနေတဲ့ ကိစ္စပေ့ါ။ ဘာလဲဆိုတော့ မဲစာရင်းမှားတာ ဆရာတို့ကကော တစ်ချို့ ကျွန်တော်တို့ ပါတီခေါင်းဆောင်တွေလည်း တွေ့တဲ့အခါကျတော့ ကျွန်တော်တို့လည်း မှားတယ်တဲ့ စာရင်း။ ဆရာတို့ကော အဲလိုအခြေ အနေ ကြုံခဲ့ရလား။  ဆရာ့ မိသားစုဝင်တွေပဲဖြစ်ဖြစ်၊ ဆရာအသိတွေပဲဖြစ်ဖြစ်။

ကျွန်တော်တို့ မိသားစုကိုယ်တိုင်ကို မပါဘူးခင်ဗျာ၊ Complain လုပ်ရပါတယ်။ Complain သွားလုပ်တော့ ပြန်ထည့်ပေးပါတယ် ခင်ဗျာ/

 

ဒီလိုမျိုး မှားယွင်းမှုတွေအပေါ်မှာ ကျွန်တော်တို့ကလည်း ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အတွေ့အကြုံလည်း မရှိဘူးပေ့ါလေး။ သွားပြီးတော့ ပြင်တာတို့ ဖျက်တာတို့ စသည်အားဖြင့် ပယ်တဲ့သူ သွားပြီးတော့ ပယ်ဖြတ်ခိုင်းတာတို့ အဲဒီတော့ ပြည်သူလူထုက အလုပ်ရှုပ်တယ်လို့ထင်တယ်။ နောက်တစ်ခုက ရွေးကောက်ပွဲ ကော်မရှင်တွေကိုလည်း  လဲတော်တော်လေး ဝေဖန်တယ်။ ဆရာအနေနဲ့ကော ဘာများပြောချင်လဲ ခင်ဗျာ။

 

ကျွန်တော်ကတော့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ သူတို့ မှာလည်း အများကြီး အခက်အခဲတွေ ရှိတယ်လို့ ကျွန်တော်မြင်ပေးပါတယ်။ ဘာလဲဆိုတော့ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ စာရင်းဇယား ထိန်းသိမ်းမှုက နေရာတိုင်း ဌာနတိုင်းမှာ အားနည်းပါတယ်။ ဆိုတော စာရင်းဇယား ထိန်းသိမ်းမှုအားနည်းတဲ့ အပိုင်းရယ် နောက်ဒီဟို အများပြည်သူဘက်ကလည်း ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဟိုဟာပေ့ါနော် ဟိုနိုးကြားမှုပေ့ါ မဲစာရင်းသွားစစ်ဖို့ စစ်တဲ့အချိန်မှာ မစစ်ဖြစ်တာတို့ ဒီလိုလေးတွေလည်း ရှိပါတယ်။

 

ဆိုတော့ ချုံ့ပြောလို့ရှိရင် ဒီမဲစာရင်းနဲ့ပတ်သက်ရင် အားနည်းချက်တွေ ရှိမှာဘဲ။ အားနည်းချက်တွေ ရှိတာကိုလည်း ကျွန်တော်တို့ သဘောပေ့ါက်တယ်။ ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အပြစ်တင်နေမည့်အစား၊ ဒီမဲဆန္ဒရှင် အားလုံးက လည်းဟုတ်လား ကိုယ့်အသိလေးတွေနဲ့ တက်တက်ကြွကြွသွားပြီးတော့ စိစစ်မယ်၊ မေးမယ်။ နောက်တစ်ခါ ကော်မရှင်ကလည်း ပူးပေါင်းမယ်ဆိုရင် ဒါဖြစ်နိုင်တဲ့ အထဲကနေ အကောင်းဆုံးပေ့ါနော်။ တိကျမှု အကောင်းဆုံးဖြစ်သွားမယ်လို့ ကျွန်တာ်ယုံကြည်ပါတယ်။

ကျွန်တော်တို့ နိုင်ငံရေးမှာ အခုနက ပြောခဲ့သလိုဘဲ ဆွေးနွေးခဲ့သလိုဘဲ၊ လူငယ်နိုင်ငံရေး သမားတွေ ရှားပါး နေတယ်။ ဆိုတော့ ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေးဟာ ဘယ်လိုများ ဖြစ်လာမလဲ။

 

၂၀၁၅ အလွန်နိုင်ငံရေးဟာ ကျွန်တော်တို့ မျှော်လင့်ထားတာကတော့ ဒီပေါင်းစီးရေးပေ့ါ။ ပေါင်းစည်းရေးဆိုတာ အခုကျွန်တော်တို့ ဝင်ပြိုင်ကြမယ်၊ အားလုံးပြိုင်ကြမယ်။ ပါတီ ကြီး၊ ငယ်၊ လတ် အားလုံးပြိုင်ကြမယ်။ အဲဒီမှာ ပေါ်ဖြူလာ အဖြစ်ဆုံး ပါတီကြီး တစ်ခုရှိမယ်။ ဟုတ်လား အဲဒီပါတီက မဲအများဆုံးရမှာပေ့ါ။ ပြီးရင် ကျွန်တော်တို့ ဒုတိယလိုက်နိုင်တဲ့ လက်ရှိအာဏာရ ပါတီ သူလည်း အထိုက်အလျှောက် ရမှာဘဲ။ ထိုအတူ ကျွန်တော်တို့လည်း ကျွန်တော်တို့ အပါအဝင်ပေ့ါနော်။ တတိယ ပါတီတွေကလည်း ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါတယ်။

 

ဒီလိုပဲ တိုင်းရင်းသား ပါတီတွေကလည်း သူ့အင်နဲ့ သူအားနဲ့ ရှိပါတယ်။ ထို့အတူ တပ်မတော်ရဲ့ ၂၅% ကလည်း သူ့နေရာနဲ့သူ ရှိပါတယ်။ ဆိုတော့ အဲဒီအင်အားစုတွေ အကုန်လုံးက ပေါင်းစည်းသွားမှာပါ။ ကျွန်တော်တို့ ရှုမြင်ချက်ကတော့ တစ်ဖက်သတ်ကြီး တစ်ဖက်ထဲနိုင်ပြီး တစ်ဖက်ကဟို ဘာမှ အလုပ်မဖြစ်တော့တာတို့ အဲလိုမျိုးကျတော့ မျှောင်လင့်မထားပါဘူး။ အဲလိုဖြစ်တဲ့အတွက် ဒီပြည်သူ့လွတ်တော်ထဲမှာ နိုင်ငံရေး အင်အားစု အမျိုးမျိုးဟာ ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့ အားလုံးသဘောတူတဲ့ အဖြေတွေပေါ့ ထုတ်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

 

လွတ်တော်ထဲမှာရောက်နေတဲ့ ၂၅% တပ်မတော်သား အမတ်တွေပေါ့နော် ဆရာတို့ ပါတီ ထဲကနေပြီးတော့ မဲဆွယ်စည်းရုံးနေတဲ့အချိန်မှာ လွတ်တော်ထဲမှာ ဝင်နေထိုင်နေတယ်။ ဒါများများစားစား ဝေဖန်ကြတာရှိတာပေ့ါနော်။ ဆရာတို့အနေနဲ့ကော ဒီတပ်မတော်သား လွတ်တော်အမတ်တွေအပေါ်မှာ ပါတီမူဝါဒ သဘောထားဘဲဖြစ်ဖြစ် ဆရာရဲ့ တစ်ဦးတည်း သဘောထားဘဲဖြစ်ဖြစ်ပေ့ါ နည်းနည်းပြောပြပေးပါလား။

အခုကာကာလက ဒီအရင်အစိုးရ တည်ဆောက်ပေးခဲ့တဲ့ တစ်ဆင့်ပြောင်းလဲရေး ကာလပေ့ါ။ ဒီလိုကာလမျိုးမှာ ကျွန်တော်တို့က ဒီလွတ်တော်ထဲမှာ အရွေးကောက်မခံတဲ့ စစ်ဝတ်တွေ ရောက်နေတယ်ဆိုတာ အချိန်ကာလ တစ်ခုပါ။ ဆိုတော့  သက်တောင့်သက်သာတော့ မဟုတ်ဘူး။ ရှင်းရှင်းလင်းလင်း ပြောရရင်တော့ ဒီ ၂၅% က အမြန်ဆုံး ထွက်သွားလေ မြန်မာနိုင်ငံရေး အခင်ကျင်းရဲ့ အစိုးရရဲ့ တရားဝင်ပေါ့ တက်လာမယ်။ တက်လာရင်ပိုပြီးတော့ နိုင်ငံရေး အားကောင်တဲ့ အစိုးရဖြစ်မှာ။ နိုင်ငံရေး အားကောင်းတဲ့ အစိုးရဖြစ်ရင် နိုင်ငံတော်က ထောက်ခံမှု၊ ပြည်တွင်းထောက်ခံမှု၊ ပိုပြီးရလာမယ်။ ပိုရလာရင် နိုင်ငံရေးအကျပ်အတည်း ဖြစ်လာရင် နိုင်ငံရေးပြဿနာတွေ စီးပွားရေးပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်မှာ။

 

ဆိုတော့ ကျွန်တော်တို့ ယုံကြည်တာကတော့ တပ်မတော်သား ၂၅%ကို တတ်နိုင်သမျှ မြန်မြန် ဖယ်ရှားပေးမယ် သူတို့ဘာသူတို့ ဆုတ်ခွာသွားမယ် ဆိုရင် အကောင်းဆုံးပါဘဲ။ ဒါပေမဲ့ တကယ်တမ်းကျွန်တော်တို့က ဒါကို လက်တွေ့ကျကျ ရှုမြင်ပေးဖို့လိုပါတယ်။ အပြန်အလှန် ယုံကြည်မှုတည်ဆောက်မယ်၊ နားလည်မှု တည်ဆောက်မယ်။ အပြန်အလှန် နားလည်ကြမယ်။ ဘာကြောင့်သူတို့ ဒီမှာရှိနေတာလဲ။ ဘာတွေကြောင့်လဲ ဟုတ်လား တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် နားလည်မှုရသွားပြီး ယုံကြည်မှုရသွားပြီး လိုလားချက်တွေကို အပြန်အလှန် သဘောပေါက်ကြပြီး ဆိုလို့ရှိရင် အပြန်ဆုံး ဒီကိစ္စကို ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

 

အချိန်ဘယ်လောက်များ ယူနိုင်သလဲလို့ ဆရာထင်သလဲ။

 

အဲဒါကတော့ ကျွန်တော်သိပ်ပြီးတော့ အကြာကြီး တွေးကြည့်စရာ မလိုတော့ဘူး။ ရွေးကောက်ပွဲ ပြီးပြီး ဆိုတာနဲ့ ကျွန်တော်တို့ နိုင်ငံရေး အင်အားစုတွေဟာ လွတ်တော်ထဲမှာ စုံမယ်။ စုံပြီးရင် သိပ်မကြာဘူး ဘယ်လိုလက်တွဲကြမယ်၊ ဘယ်လို ပေါင်းစည်းကြမယ် ဘယ်လိုမျိုး အဆင်တစ်ခု ထွက်လာမယ်ဆိုတဲ့ အနေအထားကို ကြည့်ပြီးရင် ဘယ်လောက်မြန်လဲ ဘယ်လောက်ကြာလဲ အဲဒီအချိန်မှ တော်တော်လေး နီးစပ်ပြောလို့ရတယ် ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required