၄၅ နှစ် ကြာပြီးနောက် ထိုင်းနဲ့ ကမ္ဘောဒီးယား ရထားလမ်း ပြန်လည်ချိတ်ဆက်

၄၅ နှစ် ကြာပြီးနောက် ထိုင်းနဲ့ ကမ္ဘောဒီးယား ရထားလမ်း ပြန်လည်ချိတ်ဆက်

ဘန်ကောက်၊ ဧပြီ ၂၂ ။             ။ အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံကြား ခရီးသွားလာတဲ့ အချိန် လျှော့ချရန်နဲ့ ကုန်သွယ်ရေး မြှင့်တင်ဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ဟာ ရထားလမ်း ပြန်လည်ချိတ်ဆက်မှုကို ဧပြီ ၂၂ ရက်က တရားဝင် ဖွင့်လှစ်လိုက်ပါတယ်။

ထိုင်းနယ်စပ်စခန်းမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ထိုင်းဝန်ကြီးချုပ် ချန်အိုချာတို့ရဲ့ ရှေ့မှောက်မှာ ရထားလမ်း ဖွင့်လှစ်မှု လက်မှတ်ထိုးအခမ်းအနားကို ကျင်းပခဲ့တာပါ။ ဒီလို လက်မှတ်ရေးထိုးအပြီးမှာ ခေါင်းဆောင်နှစ်ဦးဟာ ထိုင်းနိုင်ငံက လှူဒါန်းထားတဲ့ ရထားတစ်စင်းနဲ့ ကမ္ဘောဒီးယားက ပီပက်မြို့ဆီ စီးနင်းထွက်ခွားသွားရတာ ဖြစ်ပါတယ်။

ဒီ ခရီးစဉ်ဟာ သမိုင်းဝင်ပဲ ဖြစ်တယ်လို့ ဟွန်ဆန်က ပြောရင်း နှစ်နိုင်ငံကြား ပြန်လည်ချိတ်ဆက်မှုကို ကြိုးပမ်းအားထုတ်မှုအတွက် ထိုင်းနိုင်ငံကို ကျေးဇူးတင်ကြောင်းလည်း ဖြည့်စွက်ဆိုပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံ ရှိပါတယ်။

ပြင်သစ်ကိုလိုနီခေတ်က အများစု ဖောက်လုပ်တည်ဆောက်ခဲ့တဲ့ ကမ္ဘောဒီးယားက ရထားလမ်းတွေဟာ စစ်အေးကာလအတွင်းက နိုင်ငံတွင်း ဖြစ်ပွားတဲ့ ပဋိပက္ခတွေမှာ ပျက်စီးခဲ့ရတာပါ။

ပီပက်မြို့အနီးက မိုင် ၃၀ ရှည် ရထားလမ်းပိုင်းဟာ ၁၉၇၃ ခုနှစ်အတွင်း ပျက်စီးခဲ့ရတာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကမှ မြို့တော် ဖနွမ်းပင်ကနေ ထိုင်းနယ်စပ်အထိ ချိတ်ဆက်တဲ့ အရှည် မိုင် ၂၃၀ ရထားလမ်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly