မနီလာမှာ အားပြင်းငလျင်လှုပ်၍ အဆောက်အအုံများ လှုပ်ယမ်းကာ ဘေးလွတ်ရာ ပြောင်းရွှေ့မှုများ ဖြစ်

မနီလာမှာ အားပြင်းငလျင်လှုပ်၍ အဆောက်အအုံများ လှုပ်ယမ်းကာ ဘေးလွတ်ရာ ပြောင်းရွှေ့မှုများ ဖြစ်

မနီလာ၊ ဧပြီ ၂၂ ။        ။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ အားပြင််းငလျင် လှုပ်တာကြောင့် အဆောက်အအုံတွေ ယိမ်းခါပြီး လူတွေလည်း ဘေးလွတ်ရာ ထွက်ပြေးမှုတေတွ ဖြစ်ပွားပါတယ်။

ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၁ မိနစ်မှာ မြို့ရဲ့ အနောက်မြောက်ပိုင်း ၃၇ မိုင်အကွာမှာ မြေအောက် ၂၅ မိုင်အနက်မှာ ငလျင်ဗဟိုပြု လှုပ်တာဖြစ်ပြီး မြို့တော်ရဲ့ အချက်အခြာစည်ကားရာ အရပ်က အဆောက်အအုံတွေ ယိမ်းခါခဲ့တာပါ။

အမေရိကန် ဘူမိတိုင်းတာရေးက အစပိုင်းမှာ ဒီ ငလျင်က ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိတယ် ထုတ်ပြန်ပေမယ့် နောက်ပိုင်းမှာ အဆင့်လျှော့ချခဲ့ပါတယ်။

ငလျင်ဘေးအတွင်း သေဆုံးပျက်စီးမှု သတင်း လတ်တလော မကြားသိရသေးပါ။ တစ်ချို့လူတွေကတော့ ရုံးတွေထဲကနေ ဘေးလွတ်ရာ ပြေးထွက်ကြတာကိုလည်း တွေ့ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ပစိဖိတ် မီးတောင်နဲ့ ငလျင်ရပ်ဝန်းအရပ်မှာ တည်ရှိတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required