ကိုလံဘီယာမှာ ရွံ့နွံပြိုကျမှုကြောင့် လူ ၁၇ ဦး သေဆုံး

ကိုလံဘီယာမှာ ရွံ့နွံပြိုကျမှုကြောင့် လူ ၁၇ ဦး သေဆုံး

ဘိုဂိုတာ၊ ဧပြီ ၂၂ ။     ။ ကိုလံဘီယာ အနောက်တောင်ပိုင်းမှာ ဧပြီ ၂၁ ရက် အစောပိုင််းအချိန်က ရွံ့နွံပြိုကျမှုဖြစ်ပြီး အိမ်ရှစ်လုံးအပေါ် ဖုံးလွှမ်းမှု ဖြစ်ခဲ့ရာမှာ သေဆုံးသူ ၁၇ ဦးရှိပြီး ၁၃ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရိုဆက်အရပ်မှာ ဖြစ်ပွားတဲ့ ဒီမြေပြိုမှုမှာ ပျောက်ဆုံးနေသူတွေကို တွေ့ရှှိရေး ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ အမျိုးသားဘေးအန္တရာယ်စီမံရေးရုံးက ဆိုပါတယ်။

အစောပိုင်းက မီးသတ်သမားတွေဟာ သေဆုံးသူ ၁၉ ဦး ရှိတယ်လို့ ပြောထားပေမယ့် ၁၇ ဦးရှိကြောင်း ပြန်လည်ထုတ်ပြန်လာတာဖြစ်ပြီး ဒဏ်ရာရသူ ငါးဦးရှိတယ်လို့ ဖြည့်စွက်ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ပျောက်ဆုံးသူအရေအတွက်ကို စီမံရေးရုံးက အမည်မဖော်သူ တာဝန်ရှိသူတစ်ဦးက ခန့်မှန်းပြောဆိုတာ ဖြစ်ပါတယ်။

အပျက်အစီး မြေအောက်မှာ ပိတ်မိနေဖွယ် ရှိသူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ဒဏ်ရာရသူတွေကိုလည်း ဆေးရုံတင်ပို့ထားကြောင်း အဆိုပါ စီမံရေးရုံးက ထုတ်ပြန်ပါတယ်။

ခုလို ရွံ့မြေပြိုမှု ဖြစ်ပွားတာဟာ နိုင်ငံအတွင်း  သီတင်းပတ်အတန်ကြာ မိုးသည်းထန်စွာ ရွာပြီးနောက်မှာ ဖြစ်ပွားလာတာပါ။

ကိုလံဘီယာနိုင်ငံမှာ  မိုးရာသီအချိန်ကာလတွေအတွင်း ရွံ့မြေပြိုမှုတွေ ဖြစ်ပွားလေ့ရှိတတ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required