ဟောင်ကောင်ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲ မြန်မာယူ-၁၈ အသင်း ဗိုလ်စွဲ

ဟောင်ကောင်ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲ မြန်မာယူ-၁၈ အသင်း ဗိုလ်စွဲ
ဓာတ်ပုံ-MFF

ရန်ကုန်၊ ဧပြီ ၂၂ ။    ။ ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပနေသည့် ဟောင်ကောင်ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲ Jockey Club International Youth Invitational Football Tournament 2019, Hong Kong နောက်ဆုံးပွဲစဉ်ကို ဧပြီလ ၂၂ ရက်နေ့ကမြန်မာ ယူ ၁၈အသင်းနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၂-၁ ရလဒ်ဖြင့် အနိုင်ရပြီး ဗိုလ်စွဲခဲ့သည်။

ဧပြီလ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၈ နာရီခွဲအချိန်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် မြန်မာအသင်းအတွက် သွင်းဂိုးများကို ပွဲကစားချိန် မိနစ် ၄၀ တွင် ကွင်းလယ်ကစားသမား ဝေယံစိုးက လည်းကောင်း ပွဲကစားချိန် မိနစ် ၆၂ မိနစ်တွင် ကွင်းလယ်တိုက်စစ်ကစားသမား ပြည့်ဖြိုးအောင်က လည်းကောင်း အသီးသီးသွင်းယူခဲ့ကြပြီ ပွဲပြီးဆုံးချိန်တွင် ၂-၁ ရလဒ်ဖြင့် မြန်မာအသင်းက အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဗီယက်နမ်အသင်းနှင့် အိမ်ရှင် ဟောင်ကောင်အသင်းတို့ယှဉ်ပြိုင်ကစားသည့်ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ ဖြင့် သရေ ရလဒ်ဖြစ်ပေါ်ခဲ့သည်။

အဆိုပါပြိုင်ပွဲ၏ အုပ်စု တတိယပွဲစဉ်အပြီးတွင် မြန်မာအသင်းသည် နှစ်ပွဲနိုင် ၊ တစ်ပွဲသရေ၊ ရဂိုးလေးဂိုး ၊ ရမှတ် ၇ မှတ်ရရှိထားပြီး ဗီယက်နမ် အသင်းသည်  ရမှတ် ငါး မှတ်ရရှိခဲ့ကာ အိမ်ရှင်ပောာင်ကောင်အသင်းသည် ရမှတ် ၄ မှတ် ရရှိခဲ့သည်။ စင်ကာပူအသင်းမှာ ပွဲစဉ် ၃ ပွဲ လုံးကိုရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

ဟောင်ကောင်တွင် ကျင်းပနေသည့် Jockey Club International Youth Invitational Football Tournament 2019 ဟောင်ကောင်ယူ-၁၅ ပြိုင်ပွဲကို မြန်မာယူ-၁၅ အသင်းလည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ဧပြီလ ၁၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှု နှင့် ရာသီဥတု ဆိုးရွားမှုတို့ကြောင့် ဒိုင်လူကြီး ၏ ဆုံးဖြတ် ချက်အရ ဟောင်ကောင်-မြန်မာ၊ စင်ကာပူ-မလေးရှား ပွဲစဉ်များကို ခေတ္တဖျက်သိမ်းထားခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly