အမှတ်ပေးဇယားထိပ်ကို လီဗာပူးလ် ပြန်လည်ဦးဆောင်၊ ထိပ်ဆုံး (၄) နေရာ အခွင့်အရေးအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရတဲ့ မန်ယူ၊ အာဆင်နယ်

အမှတ်ပေးဇယားထိပ်ကို လီဗာပူးလ် ပြန်လည်ဦးဆောင်၊ ထိပ်ဆုံး (၄) နေရာ အခွင့်အရေးအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရတဲ့ မန်ယူ၊ အာဆင်နယ်
Photo: EPA

လီဗာပူးလ်အသင်းဟာ ကာဒစ်ဖ်ကွင်းမှာ ၂-၀ ဂိုးနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ်ဇယားထိပ်ကို ပြန်လည်တက်ရောက်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့က တနင်္ဂနွေနေ့က အဲဗာတန်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ကို အသီးသီး အရေးနိမ့်ခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခွင့်အရေး အနည်းငယ်သာရှိပါတော့တယ်။

ယူနိုက်တက်အသင်းဟာ အဲဗာတန်ကို ၄-၀ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် နောက်ဆုံး (၈)ပွဲမှာ (၆)ပွဲအထိ ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။

အဆင့် (၄) နေရာက အာဆင်နယ်ကတော့ ပဲလေ့စ်ကို ၃-၂ ဂိုးနဲ့ ရှုံးခဲ့တာကြောင့် ယူနိုက်တက်ကို ၅ မှတ်ဖြတ်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။

လီဗာပူးလ်အသင်းကတော့ ခြေမချော်ပဲ လက်ကျန် တစ်ပွဲကစားဖို့ရှိတဲ့ မန်စီးတီးကို (၂)ပြန်ဖြတ်ပြီး ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ယာဂန်ကလော့ပ်ရဲ့ အသင်းဟာ အခုဆိုရင် ပြိုင်ပွဲစုံမှာ နောက်ဆုံးကစားခဲ့တဲ့ (၉)ပွဲစလုံးအနိုင်ရခဲ့ပြီး ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ရင်ဆိုင်ဖို့ ရှိနေပါတယ်။

"တကယ်ပဲ ကြီးမားတဲ့ နိုင်ပွဲပါ။ ဒီပွဲဟာ အရမ်းခက်ခဲခဲ့ပါတယ်။ ကျနော်တို့ ဒီပွဲအတွက် ပြောဆိုစရာ အများကြီးရှိပါတယ်။ ပြိုင်ဘက်အတွက် ဘယ်လိုအထူးအခြေအနေမျိုးမှာ ရှိနေလဲဆိုတာပေါ့။ ဒါဟာ ကစားနေရတဲ့ ပွဲတစ်ပွဲ မဟုတ်ခဲ့ပါဘူး။ ဒါဟာ စစ်ပွဲတစ်ပွဲတိုက်နေရသလို ဖြစ်ခဲ့ပါတယ်။"လို့ ကလော့ပ်က ပြောသွားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly