လူပေါင်း ၂၉၀ သေဆုံးခဲ့သည့် သီရိလင်္ကာ ဗုံးပေါက်ကွဲမှုများနှင့်စပ်လျဉ်း၍ လူ ၂၄ ဦးအား ဖမ်းဆီးထား

လူပေါင်း ၂၉၀ သေဆုံးခဲ့သည့် သီရိလင်္ကာ ဗုံးပေါက်ကွဲမှုများနှင့်စပ်လျဉ်း၍ လူ ၂၄ ဦးအား ဖမ်းဆီးထား

ဧပြီ ၂၂ ။   ။ သီရိလင်္ကာနိုင်ငံမှာ ယမန်နေ့ ဧပြီ ၂၁ ရက်က ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဟိုတယ်တွေကို ပစ်မှတ်ထားတဲ့ ဗုံးဖောက်ခွဲတိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက်  ယခုအခါ သေဆုံးသူဦးရေဟာ ၂၉၀ အထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရူဝန် ဂူနာဆီကီရာက ပြောပါတယ်။

ယင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် ဒဏ်ရာရရှိသူ ၅၀၀ ကျော်အထိ ရှိနေကြောင်းလည်း ၎င်းက ပြောပါတယ်။ သေဆုံးသွားသူတွေထဲမှာ နိုင်ငံခြားသားတွေလည်း ပါဝင်နေခဲ့ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ စပ်လျင်းပြီးတော့ လူ ၂၄ ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ယင်း ဖမ်းဆီးထိန်းသိမ်းထားသူတွေနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဒါ့အပြင် ဘယ်အဖွဲ့အစည်း၊ ဘယ်သူတွေက ဒီတိုက်ခိုက်မှုတွေကို ကျူးလွန်ခဲ့တာလဲ ဆိုတာကိုလည်း အစိုးရက ယခုထက်ထိ အတည်ပြုထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဧပြီ ၂၁ ရက်က ဖြစ်ခဲ့တဲ့ အဆိုပါ ဗုံးပေါက်ကွဲမှုတွေကတော့ နိုင်ငံကို အကြီးအကျယ် တုန်လှုပ်စေခဲ့ပါတယ်။ ယင်းကတော့ ၂၀၀၉ ခုနှစ် ပြည်တွင်းစစ်ပြီးနောက်ပိုင်း နိုင်ငံမှာ ပေါ်ပေါက်လာခဲ့တဲ့ လူအသေအပျောက်အများဆုံးသော အကြမ်းဖက်မှုလည်း ဖြစ်လာခဲ့ပါတယ်။

အဆိုပါ သီရိလင်္ကာ ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ရှုတ်ချပြစ်တင်ထားခဲ့ကြပါတယ်။

ယမန်နေ့က ယင်းနိုင်ငံမှာခရစ်ယာန် ဘာသာဝင်တွေရဲ့ ယေရှုခရစ်တော် ပြန်လည်ထမြောက်ခြင်း အီစတာပွဲတော် ဝတ်ပြုဆုတောင်းပွဲတွေကျင်းပနေခဲ့စဉ်မှာ ခုလိုမျိုး ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required