ဘန်ဇီမာက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးပါ – ဇီဒန်း

ဘန်ဇီမာက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးပါ – ဇီဒန်း
Photo: EPA

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဇီဒန်းက ဘီလ်ဘာအိုအသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ်သွင်းယူပေးခဲ့တဲ့ ဘန်ဇီမာဟာ ကမ္ဘာအကောင်းဆုံးတိုက်စစ်မှူးဖြစ်တယ်လို့ ချီးကျူးစကားဆိုလိုက်ပါတယ်။

ရီးယဲလ်အသင်းဟာ တနင်္ဂနွေနေ့က ပွဲစဉ်မှာ သူတို့ရဲ့ အကောင်းဆုံးခြေစွမ်းကို မပြနိုင်ခဲ့ပေမယ့် အသင်းအတွက် (၅)ပွဲဆက်တိုက် ဂိုးသွင်းယူပေးခဲ့တဲ့ ဘန်ဇီမာကြောင့် အနိုင် ၃ မှတ်ရခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီပြိုင်ပွဲစုံသွင်းဂိုး (၂၉)ဂိုးအထိ ရှိလာခဲ့ပြီး လာလီဂါမှာ သွင်းဂိုး (၂၁)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါက ၂၀၁၅-၁၆ ဘောလုံးရာသီက သူသွင်းယူနိုင်ခဲ့တဲ့ (၂၄)ဂိုး စံချိန်ကို လိုက်မီဖို့ နီးစပ်နေပြီလည်းဖြစ်ပါတယ်။

ဇီဒန်းက လိုင်ယွန်ကစားသမားဟောင်းရဲ့ အရည်အသွေးကို အားကျကျေနပ်လို့နေပါတယ်။

 

 

 

“သူ့ရဲ့ သွင်းဂိုးနှစ်ဂိုးက မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်စေခဲ့ပါတယ်။ လူတိုင်းမှာ သူတို့ရဲ့ ကြိုက်နှစ်သက်မှုတွေရှိပါတယ်။ ကျနော့်အတွက်တော့ သူက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးပါပဲ။ သူ့ရဲ့ သွင်းဂိုးတွေက အထင်ကြီးစရာကောင်းပြီး သူ့အတွက် ကျနော် ပျော်ရွှင်မိပါတယ်။ သူက ယုံကြည်ချက်အပြည့်အဝရှိပြီး တိုးတက်ဖို့အတွက်လည်း အမြဲတမ်း ဆန္ဒရှိတဲ့သူပါ။”လို့ ဇီဒန်းက ပြောပါတယ်။

ဘန်ဇီမာကတော့ ဘီလ်ဘာအိုအသင်းဘက်ကို သွင်းဂိုးပေါင်း (၁၁)ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ စပိန်လာလီဂါမှာ ရင်ဆိုင်ခဲ့ဖူးတဲ့ အခြားသောပြိုင်ဘက်အသင်းတွေထက် ဂိုးပိုမိုသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Ref; Fox Asia

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly