လွိုက်ဘဏ်မှ ပေါင် နှစ်ဘီလျံတန်ဘိုးရှိ စတော့ရှယ်ယာများကို အများပြည်သူသို့ ဗြိတိန်ထုတ်ရောင်းမည်

လွိုက်ဘဏ်မှ ပေါင် နှစ်ဘီလျံတန်ဘိုးရှိ စတော့ရှယ်ယာများကို အများပြည်သူသို့ ဗြိတိန်ထုတ်ရောင်းမည်

လန်ဒန်၊ အောက်တိုဘာ ၅ ။          ။ ဗြိတိန်သည် နိုင်ငံမှ ကယ်တင်ထားသော လွိုက်ဘဏ်ရှိ နောက်ထပ် ပေါင်နှစ်ဘီလျံတန်ဘိုးရှိ စတော့ရှယ်ယာများကို အများပြည်သူသို့ ထုတ်ရောင်းမည်ဖြစ်ကြောင်း အစိုးရက အောက်တိုဘာ ၅ တွင် ထုတ်ပြန်ခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနသည် ၂၀၁၆ခုနှစ် နွေဦးတွင် ဒေါ်လာသုံးဘီလျံ သို့မဟုတ် ၂ ဒသမ ၇ ယူရိုတန်ဘိုးရှိ လွိုက်၏ရှယ်ယာများကို အများပြည်သူသို့ ထုတ်ရောင်းမည်ဖြစ်ပြီး လာမည့်လများအတွင်း လွိုက်ဘဏ် ရှိဘဏ္ဍာရေးပိုင်ဆိုင်မှုများရှိတော့မည်မဟုတ်ဟု ဝန်ကြီးဋ္ဌာန၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

ရှယ်ယာရောင်းရငွေအားလုံးကို အမျိုးသားကြွေမြီဆပ်ရာတွင် အသုံးပြုမည်ဟု ဆိုသည်။ ဗြိတိသျှအစိုးရသည် ၂၀၀၈ခုနှစ်က ဘဏ္ဍာရေးအကျပ်အတည်းကာလအတွင်း လွိုက်ဘဏ်ကို ပေါင် ၂၀ဘီလျံဖြင့် စိုက်ထုတ်ကယ်တင်ခဲ့ရသည်။

အစိုးရသည် မကြာသေးမီလများအတွင်း ဘဏ်ရှိ ၎င်း၏ရှယ်ယာများကို တဖြည်းဖြည်းလျှော့လာခဲ့ပြီး ယခုအခါ ၁၂ ရာခိုင်နှုန်းအောက်သာ ရှိတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required