ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား မန္တလေးမြို့တွင် ကျင်းပ

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား မန္တလေးမြို့တွင် ကျင်းပ
(ဓာတ်ပုံ၊အောင်ခိုင်မြဲ၊မဇ္ဈိမ)

မန္တလေး၊ ဧပြီ ၂၁ ။     ။ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားကို မန္တလေးမြို့၊အမရပူရမြို့နယ်၊ ဦးပိန်တံတားအနီးရှိ တောင်လေးလုံးကျောင်းတိုက်၊ သူဌေးဘုရားရင်ပြင်တွင် ဧပြီ ၂၁ ရက်နေ့၊ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ သတင်းစာဆရာများ၊ စာရေးဆရာများ၊ ကဗျာဆရာများနှင့် နိုင်ငံရေးသမားများ တက်ရောက်ခဲ့ပြီး ဆရာမောင်သစ်လွင်(လူထု)နှင့်ဆရာ ဦးသိန်းတန်(စာနယ်ဇင်း)တို့က ဟံသာဝတီ ဦးဝင်းတင် ဖြတ်သန်းခဲ့သောသမိုင်းကြောင်းများကို အောက်မေ့ဖွယ် အမှတ်တရများကို ပြောခဲ့ကြသည်။

"ဒီလို အချိန်ကာလမျိုးမှာ ဦးဝင်းတင်ကို ရှိစေချင်ပါတယ်။ ဦးဝင်တင်က ဘယ်တော့မှ ကိုယ်ကျိုးမလုပ်ပါဘူး။ ဦးဝင်းတင်က သတင်း ာဆရာဆိုတော့ တိုင်းပြည် ဘာဖြစ်နေတယ်ဆိုတာ သိတယ်။ သယ်သူက မှားနေတယ် ဘယ်သူက မှန်နေတဟ်ဆိုတာ အကုန်သိတယ်။ ဒါကို သူက စည်းစည်းလုံးလုပ်ပေးကြဖို့ အမြဲ ဆောင်ရွက်တယ်။ ဦးဝင်းတင်က အမှန်တရားကို ဖော်ထုတ်ရဲတဲ့ သတ္တိ ရှိပါတယ်။ အဲဒီအတွက် ဦးဝင်တင် ကို သတိမေ့လို့ မရပါဘူး။"ဟု ဆရာမောင်သစ်လွင် ( လူထု )က ပြောသည်။

ဟံသာဝတီ ဦးဝင်းတင်ကို အဖ ဦးပု၊ အမိ ဒေါ်မာတို့က ကြို့ပင်ကောက်မြို့တွင် ၁၉၃၀ ခုနှစ်၊ မတ်လ ၁၂ ရက် နေ့တွင် မွေးဖွားခဲ့ပြီး၂၀၁၄ ခုနှစ်၊ ဧပြီ ၂၁ ရက်နေ့၌ ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ဦးဝင်းတင် ကွယ်လွန်ချိန်တွင် အသက် ၈၄ နှစ်ရှိ ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required