သီရိလင်္ကာက ဘုရားကျောင်းတွေမှာ ပေါက်ကွဲမှုတွေဖြစ်၊ ဒဏ်ရာရရှိသူ ၈၀ ဦးထက်မနည်း ရှိ

သီရိလင်္ကာက ဘုရားကျောင်းတွေမှာ ပေါက်ကွဲမှုတွေဖြစ်၊ ဒဏ်ရာရရှိသူ ၈၀ ဦးထက်မနည်း ရှိ
Photo- AFP

ဧပြီ ၂၁ ။     ။ သီရိလင်္ကာနိုင်ငံက ခရစ်ယာ်န်ဘုရားကျောင်းသုံးကျောင်းမှာ ဧပြီ ၂၁ ရက်မှာပဲ ပေါက်ကွဲမှုတွေဖြစ်ခဲ့လို့ အနည်းဆုံး လူ ၈၀ ဦးထက်မနည်း ဒဏ်ရာတွေ အသီးသီး ရရှိသွားတယ်လို့ သိရပါတယ်။

ဒါဟာ  တနင်္ဂနွေနေ့ အီစတာ ဝတ်ပြုဆုတောင်းပွဲတွေမှာ ခရစ်ယာန် ဘာသာကိုးကွယ်သူတွေ စုရုံးတက်ရောက်လာကြစဉ် ခုလို ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာလို့ ရဲနဲ့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ ယင်းနိုင်ငံက ဟိုတယ် သုံးလုံးမှာလည်း ပေါက်ကွဲမှုတွေ ပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

မြို့တော်ရဲ့ မြောက်ပိုင်းမှာရှိတဲ့ ဘုရားကျောင်းနဲ့ မြို့တော်အနီးမှာရှိတဲ့ ဘုရားကျောင်းတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။

ပေါက်ကွဲမှုတွေ ဘာကြောင့့် ဖြစ်ရတာလဲဆိုတာကိုတော့ ကနဦး မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required