မြန်မာ ယူ-၁၈အသင်း စင်ကာပူအသင်းကို ဂိုးပြတ်အနိုင်ရပါက ချန်ပီယံဆုဖလား ရရှိမည်

မြန်မာ ယူ-၁၈အသင်း စင်ကာပူအသင်းကို ဂိုးပြတ်အနိုင်ရပါက ချန်ပီယံဆုဖလား ရရှိမည်
ဓာတ်ပုံ- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

ရန်ကုန်၊ ဧပြီ ၂၁ ။     ။ မြန်မာလက်ရွေးစင်ယူ- ၁၈ အသင်းသည် ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပနေသည့် ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲ Jockey Club International Youth Invitational Football Tournament 2019, Hong Kong ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်ကို ဧပြီ ၂၂ ရက်နေ့တွင် စင်ကာပူအသင်း နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး ဂိုးပြတ် အနိုင်ရရှိပါကာ ချန်ပီယံဆုဖလား ရရှိမည် ဖြစ်သည်။

အုပ်စု ဒုတိယပွဲစဉ်အပြီးတွင် မြန်မာအသင်းအနေဖြင့် တစ်ပွဲနိုင် ၊ တစ်ပွဲသရေ၊ ရဂိုး နှစ်ဂိုး ၊ ရမှတ် ၄ မှတ် ရရှိထားပြီး ဗီယက်နမ်အသင်း နှင့် ရမှတ် ၄ မှတ်စီ ရရှိနေတာဖြစ်ပြီး အိမ်ရှင်ပောာင်ကောင်အသင်း က ၃ မှတ် ၊ စင်ကာပူအသင်းမှ ပွဲစဉ် ၂ ပွဲ လုံးကို ရှုံးနိမ့်ထားသည်။

မြန်မာအသင်းအနေဖြင့် ဂိုးကွာခြားချက်အသာဖြင့် အုပ်စုဗိုလ်အဖြစ် ဦးဆောင်နေပြီး လာမည့် ဧပြီ ၂၂ ရက်နေ့ တွင် စင်ကာပူအသင်းကို အနိုင်ရရှိပါကာ အုပ်စုဗိုလ်အဖြစ် ဗိုလ်ဆွဲပြီး ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်မည် ဖြစ်သည်။

မြန်မာယူ-၁၈ အသင်းအနေဖြင့် ဧပြီ ၂၂ ရက်  တွင် ချန်ပီယံအဆုံးအဖြတ်အဖြင့် စင်ကာပူအသင်း နှင့် မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး ဗီယက်နမ်က အိမ်ရှင် ဟောင်ကောင်နှင့် ကစားရမည် ဖြစ်သည်။

လက်ရှိတွင် အိမ်ရှင်ဟောင်ကောင်အသင်းက တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ် ၃ မှတ်ဖြင့် တတိယနေရာတွင် ရှိနေကာ စင်ကာပူမှာ နှစ်ပွဲကစား၊ နှစ်ပွဲရှုံးဖြင့် အောက်ဆုံး၌ ရှိနေသည်။

မြန်မာ ယူ ၁၈ အပြင် မြန်မာယူ-၁၅ အသင်းကလည်း ပောာင်ကောင်တွင် ကျင်းပနေသည့် Jockey Club International Youth Invitational Football Tournament 2019 မှ  ပောာင်ကောင်ယူ-၁၅ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ဧပြီ ၁၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရာသီဥတုဆိုးရွားမှုတို့ကြောင့် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်အရ ဟောင်ကောင်-မြန်မာ၊ စင်ကာပူ-မလေးရှား ပွဲစဉ်များကို ဖျက်သိမ်းခဲ့ရသည်။

မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရွှေ့ဆိုင်းခဲ့ရသော ယူ-၁၅ ပွဲစဉ်များဖြစ်သည့် ဟောင်ကောင်-မြန်မာ၊ စင်ကာပူ-မလေးရှား ပွဲစဉ်နှစ်ပွဲကို ဖျက်သိမ်း သွားမည်ဖြစ်ပြီး ကျန်ပွဲစဉ်များကို ဧပြီ ၂၁  နှင့် ဧပြီ ၂၂ နေ့၊ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီတွင် ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဟု သိရသည်။

ပောာင်ကောင်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဖျက်သိမ်းခဲ့သည့်ပွဲစဉ်များကို ပြန်လည်ယှဉ်ပြိုင်စေခြင်း မရှိတော့ သောကြောင့် အဆင့်သတ်မှတ်ချက်နှင့် အမှတ် သတ်မှတ်ချက်ရလဒ်များ ထွက်ပေါ်တော့မည် မပာုတ်ဘဲ ပြိုင်ပွဲဝင် အသင်းအားလုံးအနေဖြင့် အမှတ်တရ ဆုတံဆိပ်သာ ရရှိတော့မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly