ထိုင်းနိုင်ငံမှာ ပထမဆုံး ဆေးခြောက်ပွဲတော် ကျင်းပရာသို့ လာရောက်သူ များပြား

ထိုင်းနိုင်ငံမှာ ပထမဆုံး ဆေးခြောက်ပွဲတော် ကျင်းပရာသို့ လာရောက်သူ များပြား

ဘန်ကောက်၊ ဧပြီ ၂၀ ။         ။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ကျင်းပနေတဲ့ ဆေးခြောက်ပွဲတော်ဆီ လာရောက်သူ အရေအတွက်က အတော်လေး များပါတယ်။

ဧပြီ ၂၀ ရက်မှာ စတင်ကျင်းပတဲ့ ဒီ ဆေးခြောက်ပွဲတော်ဟာ ကျန်းမာရေးအတွက် ဆေးခြောက်သုံးစွဲခွင့် ရရှိလာတာရဲ့ အသီးအပွင့်ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို ဆေးဝါးအတွက် တရားစွဲသုံးစွဲခွင့်ပြုလိုက်တဲ့ ပထမဆုံး အရှေ့တောင်အာရှနိုင်ငံဖြစ်လာခဲ့ပါတယ်။

ကနေဒါ၊ သြစတြေးလျ၊ အစ္စရေးနဲ့ အမေရိကန်ရဲ့ ပြည်နယ်ထက်ဝက်ကျော်မကရဲ့ အစိုးရနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေ အပါအဝင် ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားတဲ့ တိုးပွားလာနေတဲ့ အရေအတွက်ထဲ ထိုင်းနိုင်ငံပါ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဆေးခြောက်စျေးကွက်ကလည်း ဆယ်စုနှစ် တစ်ခုအတွင်းမှာ တစ်ဆယ်ဘီလီယံအထိ ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ ပြည်တွင်း ဆေးခြောက်အပေါ် စိတ်ထက်သန်မှု ရှိတာကို ဥပဒေပြုမှု နှေးကွေးတာက တရွတ်ဆွဲနေလျက် ရှိနေဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ ဆေးခြောက်ကောင်းကြောင်း ပြောဟောကြတာတွေ၊ ဆေးခြောက်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေ ပေါ်ပေါက်လာခဲ့ချိန်မှာပဲ နိုင်ငံရေးပါတီတစ်ခုကပါ ဆေးခြောက်ကောင်းကျိုး အားပေးထောက်ခံလာခဲ့ပြီး ဆေးခြောက်သုံးစွဲသူတွေအတွက် ဘူရီရမ်မြို့လေးမှာ သုံးရက်တာ ဆေးခြောက်ပွဲတော်ကို ဒီကနေ့မှာ စတင်ကျင်းပလာတာပဲ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ပြီးဆုံးမှာဖြစ်တဲ့ ဘူရီရမ်တေးချင်းဆိုတဲ့ Pan Buriram ဆေးခြောက်ပွဲတော်ကို ဘန်ကောက် အရှေ့မြောက်ဖက် ငါးနာရီခန့် ကားနဲ့သွားရတဲ့ ခရီးမှာရှိတဲ့ ဘောလုံးပွဲတွေနဲ့ ကားဆိုင်ကယ်ပြိုင်ပွဲတွေကြောင့် နာမည်ကြီးတဲ့ ခြောက်ကပ်ကပ်မြို့ငယ်လေး ဘူရီရမ်မြို့မှာ ကျင်းပနေတာပါ။

အဖွင့်ပွဲတော်နေ့ရဲ့ အခင်းအကျင်းကတော့ စစ်အစိုးရလက်အောက် ထိုင်းနိုင်ငံမှာ ဆေးဝါးအတွက် ဆေးခြောက်တရားဝင် သုံးစွဲခွင့်ပြုမှုအပေါ် စိတ်လှုပ်ရှားပျော်ရွှင်မှုနဲ့အတူ သတိကပ်ပြီးလည်း ကျင်းပနေတဲ့ အနေအထားမျိုး တွေ့ရတာပါ။

လက်နက်ကိုင်ရဲ တပ်ဖွဲ့တွေ အစောင့်အကြပ် ရှိနေတဲ့ကြားမှာ ပွဲတော်ကွင်းပြင်မှာ ဘော့မာလီရဲ့ တေးသီချင်းသံ ပျံလွှင့်နေပါတယ်။ စျေးသည်တွေဟာ ဆေးခြောက်ပါ စက္ကူလိပ်တွေနဲ့ ပိုက်တွေကို ရောင်းချနေပါတယ်။ ကွင်းပြင်အနှံ့မှာ စိမ်းရွှေရွှေ ဆေးခြောက်ရနံ့က လှိုင်သင်းလို့ နေပါတယ်။

ဆေးခြောက်ပင်တွေ အများအပြား ခင်းကျင်းပြသထားတဲ့ ရွက်ဖျင်တဲတွေထဲမှာ ပညာတတ်စာပေပို့ချသူတွေက ဆေးခြောက်အမျိုးအစား လေးမျိုးအကြောင်း တက်ရောက်လာသူတွေကို ဟောပြောပို့ချပေးနေပါတယ်။

စျေးဆိုင်ခင်း ရောင်းချသူတွေကလည်း ဆေးခြောက်ပင် ကြီးထွားအောင်စိုက်ပျိုးနိုင်ဖို့ မြေသြဇာအပြင် အလင်းရောင်ရယ်၊ ဖန်လုံအိမ်အာနိသင်လိုတာတွေရယ်ကို ရှင်းလင်းပြသပေးနေပါတယ်။

“ဒီပွဲတော်မှာ တကယ့် ဆေးခြောက်သမားဘိုးအေကြီးတွေကို တွေ့ရတယ်။ သူတို့ကို ဓာတ်ပုံရိုက်ပြီး အိမ်ပြန်ရောက်ရင် အဖေနဲ့ အမေကို ကျွန်တော် ပြလိုက်ဦးမယ်။”လို့ ဆေးခြောက်ပွဲတော်လာ အသက် ၂၆ နှစ်ရှိ လူငယ်တစ်ဦးက ပြောခဲ့ပါတယ်။

Pan Buriram ပွဲတော်ကို ထိုင်းနိုင်ငံဟာ တစ်ကမ္ဘာလုံးဆိုင်ရာ ဆေးခြောက်သုံးစွဲသူတွေ ကျင်းပဆင်နွှဲကြမြဲဖြစ်တဲ့ နှစ်စဉ် ဧပြီ ၂၀ ရက်နေ့နဲ့ တစ်နေ့တည်း တစ်ရက်တည်း အပြိုင်ကျင်းပတာလည်း ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required