ပုဂံ၊ညောင်ဦးဒေသတွင် သောက်သုံးရေ လိုအပ်နေ

ပုဂံ၊ညောင်ဦးဒေသတွင် သောက်သုံးရေ လိုအပ်နေ
 (ဓာတ်ပုံ၊ကိုဝင်းမင်းထွန်း)

မန္တလေး၊ဧပြီ ၂၀ ။     ။ မန္တလေးတိုင်းဒေသကြီး၊ပုဂံ၊ညောင်ဦးဒေသရှိ ကျေးရွာပေါင်း ၂၂၈ ရွာတွင် သောက်သုံးရေ ပြတ်လပ်မှု ဖြစ်ပေါ် နေခြင်းကြောင့် ပရဟိတ လူမှုကူညီရေးအသင်းများက သွားရောက်လှူဒါန်းမှုများ နေ့စဉ် ပြုလုပ်ပေးနေ ရသည် ဟု ဖြူစင်မေတ္တာ ရေလှူအသင်းမှအဖွဲ့ခေါင်းဆောင် ဦးဝင်းမင်းထွန်းကပြောသည်။

"ကျွန်တော်တို့ ပုဂံညောင်ဦးဘက်မှာက မိုးရေကန်ကြီးတွေရှိတယ်။ မိုးရေကန်ကြီးတွေမှာ ပြီးခဲ့သည့်နှစ်က မိုးမရွာလိုက်တာ ရေမဝင်တော့ ကျွန်တော်တို့ ဒေသခံတွေမှာ သောက်ရေ အခက်အခဲဖြစ်နေတယ်။ ကျွန်တော် တို့ ဆီမှာက ကျေးရွာပေါင်း ၂၂၈ ရွာရှိတယ်။အဲဒီရွာတွေမှာရေတွင်းတွေရှိတယ်။ပေ ၈၀၀၊ပေ၉၀၀၊ ပေ၁၀၀၀ အဲလိုတွင်းတွေပေါ့။အဲလိုတွင်းတွေက ထွက်လာတဲ့ရေက သောက်ဖို့အဆင်မပြေဘူး။သောက်လိုက်ရင် တစ်ပတ်လောက် ဆီးအောင့်တယ်။ရေတွေက အငံဓါတ်တွေပါနေတဲ့အတွက် ဆီးအောင့်တာပေါ့။ဒါကြောင့် ရွာကလူတွေက လျော်တာ ဖွတ်တာနဲ့ နွားတွေအတွက်ပဲ အသုံးပြုကြတယ်။အဲဒီတော့ မိုးရေကို အားကိုး ရတယ်။ပြီးခဲ့တဲ့နှစ်က မိုးမရွာတာရယ်။အခု အပူပြင်းတာရယ်ကြောင့် ကျွန်တော်တို့က နေ့တိုင်းသွားသွား ပို့နေရတယ်။"ဟု ဦးဝင်းမင်းထွန်းက ပြောသည်။

အဆိုပါ သောက်ရေ လိုအပ်မှုကြောင့် တစ်ရွာလျှင် ရေဂါလံ ၂၈ဝဝကို နေ့စဉ်သွားရောက်လှူဒါန်းနေရသည်မှာ ပြီခဲ့သည့် မတ်လ ပထမပတ်အတွင်းကစတင်ခဲ့ခြင်း ဖြစ်ကြောင်း ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဖြူစင်မေတ္တာ ရေလှူအသင်း၏ နာယကဆရာတော် ဦးသာဂရ ဖုန်း ၀၉၂၀၄၂၅၀၅နှင့် အသင်းခေါင်းဆောင် ဦးဝင်းမင်းထွန်း ဖုန်း ၀၉၄၂၀၃၈ဝရရဝတို့ ဆက်သွယ်ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required