ဖိလစ်ပိုင်မှာ လွန်လွန်ကဲကဲ ကျင်းပသော Good Friday နေ့

ဖိလစ်ပိုင်မှာ လွန်လွန်ကဲကဲ ကျင်းပသော Good Friday နေ့

မနီလာ၊ ဧပြီ ၂၀ ။          ။ ဖိလစ်ပိုင်နိုင်ငံမှာ ယေရှုခရစ်တော်အပေါ် သက်ဝင်ယုံကြည်မှုကို ပြသရာမှာတော့ သွေးစိမ့်ထွက်တဲ့အထိ စိတ်အားထက်သန်ကြပါတယ်။

 နှစ်စဉ်ကျင်းပမြဲ အီစတာပွဲတော် မတိုင်မီ ကျရောက်တဲ့ သောကြာနေ့တိုင်းမှာ Good Friday နေ့ဆိုတဲ့ ယေရှုခရစ်တော် ကားစင်တင်ခံရတဲ့နေ့ကို ကမ္ဘာ့နေရာတော်တော်များများမှာ ကျင်းပကြရာမှာ ဖိလစ်ပိုင်မြောက်ပိုင်း ဒေသတွေကတော့ လွန်လွန်ကဲကဲ ရှိနေပါတယ်။

သခင်ယေရှု ရှင်ပြန်ထမြောက်တဲ့နေ့အဖြစ် အီစတာပွဲတော်ကို နှစ်စဉ် မတ် ၂၁ ရက်နောက်ပိုင်း ပထမဆုံးလပြည့်အခါရဲ့ ပထမဆုံး တနင်္ဂနွေနေ့မှာ ကျင်းပမြဲရှိတာဖြစ်ပြီး Good Friday နေ့ကိုတော့ အီစတာတနင်္ဂနွေမတိုင်မီ သောကြာနေ့မှာ ကျင်းပလေ့ရှိတာပါ။

 ဖိလစ်ပိုင််နိုင်ငံက Good Friday နေ့မှာတော့ အမျိုးသား ရှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဟာ ကားစင်မှာ သံမှိုစွဲ အရိုက်ခံပြီး ဓလေ့ရိုးရာ ခရစ်တော်ကားစင်တင်ခံရတဲ့နေ့ကို ကျင်းပပါတယ်။ ဘုရားရှိခိုးကျောင်းတွေက ဒီလို လွန်လွန်ကဲကဲ ကျင်းပမှုမျိုးကို မနှစ်မြို့ကြောင်း ထုတ်ဖော်အသိပေးထားပေမယ့်လည်း နှစ်စဉ်နှစ်တိုင်းလို ရိုးရာဓလေ့အတိုင်း ကျင်းပမြဲလည်း ဖြစ်ပါတယ်။

 အခုလို ကားစင်ပေါ် သံမှိုအရိုက်ခံပြီး ကျင်းပတဲ့ လူတွေ ရှိသလို ခြေဗလာနဲ့ ထောင်ပေါင်းများစွာသော အမျိုးသားတွေဟာလည်း အပူရှိန်ပြင်းပြတဲ့ လမ်းတွေပေါ် လျှောက်လှမ်းရင်း ကြိုးနဲ့ တွဲထားတဲ့ ၀ါးခြမ်းပြား ထက်ထက်နဲ့ ကိုယ်နောက်ကျောကို ကိုယ်တိုင် လွှဲရိုက်နေကြတာလည်း သွေးစို့တဲ့အထိပါပဲ။

 အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ ဆံဖြူဖြူ အသက်ကြီးပိုင်း အမျိုးသားကြီးတစ်ဦးလည်း ကိုယ့်ကိုယ်ကိုယ် ကားစင်တင်ရာမှာ ပါဝင််နေပါတယ်။ “ကျွန်တော်ကတော့ ဒါကို ရပ်ပစ်မှာ မဟုတ်ဘူး။ အသက််ထက်ဆုံး လုပ်ဆောင်သွားမှာဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒါက ကျွန်တော်ရဲ့ အသက်ပဲဖြစ်တယ်။”လို့ ၁၄ နှစ်တိုင်တိုင် ကိုယ့်ကိုယ်ကိုယ် ကားစင်တင်တာကို ဆက်တိုက် လုပ်ဆောင်ခဲ့တဲ့ တံငါသည် အဘိုးအို ဆယ်ဗာဒေါက ပြောခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly