ဗီယက်နမ်ရှိ ရွာလေးတစ်ရွာတွင် ရိုးရာစွန်လွှတ်ပွဲကျင်းပ

ဗီယက်နမ်ရှိ ရွာလေးတစ်ရွာတွင် ရိုးရာစွန်လွှတ်ပွဲကျင်းပ

ဧပြီ ၂၀ ။     ။ ယမန်နေ့က ဗီယက်နမ်မြို့တော် ဟနွိုင်းမြို့နဲ့ ၂၀ ကီလိုမီတာအကွာမှာရှိတဲ့ ဘာတောင်နွိုင်ရွာလေးမှာ ရိုးရာစွန်လွှတ်ပွဲကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါရိုးရာစွန်လွှတ်ပွဲကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်ကစပြီး ယခုတိုင် နှစ်စဉ်ကျင်းပလာခဲ့တာဖြစ်ပြီး ပါဝင်ဆင်နွှဲသူ အယောက် ၁၃၀ ကျော်ရှိပါတယ်။

လခြမ်းပုံ၊ သင်္ဘောပုံသဏ္ဍာန် ၀ါးနဲ့လုပ်ထားတဲ့ စွန်မှာ ပုလွေသေးသေးလေးတွေတပ်ဆင်ပြီး အလှဆင်ကြတာဖြစ်ပါတယ်။

ပုလွေသေးသေးလေးတွေ တပ်ထားတဲ့အတွက် စွန်ကို လွှတ်လိုက်တဲ့အချိန်တစ်လျှောက်လုံး လေတိုးတဲ့ အသံလေးတွေမြည်နေမှာဖြစ်ပါတယ်။

လွှတ်လိုက်တဲ့ စွန်လေးတွေက ကောင်းကင်ယံမှာ အမြင့်ဆုံးပျံသန်းနိုင်ပြီး လေတိုးသံလေးတွေ ကျယ်ကျယ်လောင်လောင်ကြားရရင် အဆိုပါနှစ်မှာ ရာသီဥတုကောင်းမွန်ပြီး သီးနှံအထွက်နှုန်းတိုးပွားကာ ရွာသားအပေါင်း ရောဂါဘယကင်းဝေးမှာ ဖြစ်ကြောင်း ဒေသခံတွေက ယုံကြည်ထားကြပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required