ဆန်းဒါးလန်းအသင်းမှ နည်းပြအက်ဒဗိုကတ်နုတ်ထွက်

ဆန်းဒါးလန်းအသင်းမှ နည်းပြအက်ဒဗိုကတ်နုတ်ထွက်

အောက်တိုဘာ ၅၊ ဆန်းဒါးလန်း ။          ။ လက်ရှိပရီးမီးယားလိဂ်ဘောလုံးရာသီတွင် နိုင်ပွဲတစ်ပွဲမှမရသေးသော ဆန်းဒါးလန်းအသင်း၏နည်းပြ အက်ဒဗိုကတ်သည် ရာထူးမှနုတ်ထွက် သွားပြီဖြစ်သည်။

အသက် ၆၈ နှစ်အရွယ်ရှိ နယ်သာလန်လူမျိုးနည်းပြ အက်ဒဗိုကတ်သည် ဆန်းဒါးလန်းအသင်းတန်းဆင်ဇုန်အထက် တစ်မှတ်အကွာဖြင့် ရပ်တည်နေစဉ် မတ်လမှစတင်ကာ နည်းပြအဖြစ် တာဝန်ယူခဲ့ သူဖြစ်သည်။

အသင်းကို တန်းမဆင်းရအောင်စွမ်းဆောင်ပေးပြီးနောက် ထွက်ခွာရန်ရှိခဲ့သော်လည်း ဆုံးဖြတ်ချက်ကိုပြင်ဆင်ကာ တစ်နှစ်စာချုပ်ခဲ့သည်။ "ပြောင်းလဲချိန်တန်ပြီလို့ ခံစားရတာကြောင့် ရှစ်ပွဲသာကိုင် ရသေးပေမယ့် ဒီဆုံးဖြတ်ချက်ကို ချလိုက်တာပါ"ဟု အက်ဒဗိုကတ်က ပြောသည်။

ဆန်းဒါးလန်းဥက္ကဋ္ဌ အဲလစ်ရှော့ကလည်း "အက်ဒဗိုကတ်ရဲ့ဆုံးဖြတ်ချက်ကြောင့် ဝမ်းနည်းရပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားပါတယ်" ဟု ပြောကြားခဲ့သည်။ လက်ထောက်နည်းပြဖြစ်သူ ပီထရိုဗစ်သည်လည်း အသင်းမှထွက်ခွာသွားခဲ့သည်။

ဝက်စ်ဟမ်းနှင့် သရေကျပြီးနောက် ပရီးမီးယားလိဂ်ရှစ်ပွဲတွင် တစ်ပွဲမှမနိုင်သေးသော ဆန်းဒါးလန်းအသင်းမှာ လေးနှစ်အတွင်း ခြောက်ယောက်မြောက်နည်းပြကို ရှာဖွေရမည်ဖြစ်သည်။

၂၀၁၁ နိုဝင်ဘာတွင် စတိဘရုစ်ထုတ်ပယ်ခံရပြီးနောက် မာတင်အိုနေးလ်၊ ဒီကာနီယို၊ ပိုယက်စ်နှင့် အက်ဒဗိုကတ်တို့က အဆင့်ဆင့်ပြောင်းပြီး ဆန်းဒါးလန်းကို ကိုင်တွယ်ခဲ့ကြသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly