ဘင်္ဂလားဒေ့ရှ်မှာ လိင်ထိပါးစော်ကားခံရတယ်လို့ တိုင်ကြားတဲ့ ကျောင်းသူကို ကျောင်းအုပ်ကြီး အမိန့်နဲ့ မီးရှို့သတ်ဖြတ်မှု ဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်မှာ လိင်ထိပါးစော်ကားခံရတယ်လို့ တိုင်ကြားတဲ့ ကျောင်းသူကို ကျောင်းအုပ်ကြီး အမိန့်နဲ့ မီးရှို့သတ်ဖြတ်မှု ဖြစ်ပွား

ဒါကာ၊ ဧပြီ ၂၀ ။      ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လိင်မဖွယ်မရာ ပြုမှုခံရတယ်လို့ ရဲစခန်းမှာ တိုင်ကြားတဲ့ ကျောင်းသူတစ်ဦးကို ကျောင်းအုပ်ကြီးဖြစ်သူ အမိန့်နဲ့ မီးရှို့သတ်ဖြတ်မှု ဖြစ်ပွားကြောင်း ရဲဌာနက ဧပြီ ၁၉ ရက်မှာ ပြောပါတယ်။

အသက် ၁၉ နှစ်အရွယ် နုစာရတ်ဂျဟန်ရာဖီဟာ ပြီးခဲ့တဲ့သီတင်းပတ်က ခုလို သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဒီအမှုကြောင့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်ပြီး ဝန်ကြီးချုပ်ဖြစ်သူ ကိုယ််တိုင်လည်း ဒီအမှုမှာ ပါဝင်ပတ်သက်သူအားလုံးကို တရားရုံးတင်မယ်လို့ ကတိပေးထားပါတယ်။

အစ္စလာမ္မစ်ကျမ်းစာသင်ကျောင်းမှာ  တက်ရောက်နေတဲ့ ကျောင်းသူလေး ရာဖီဟာ ကျောင်းအုပ်ကြီိးဖြစ်သူက သူ့ကို လိင်ထိပါးနှောင့်ယှက်တယ်လို့ ရဲစခန်းမှာ မတ်လ နှောင်းပိုင်းက အမှုတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီလို တိုင်ကြားပြီးနောက်မှာ ရာဖီကို ကျောင်းရဲ့ ခေါင်းမိုးပေါ် ဖြားယောင်းခေါ်ဆောင်သွားပြီး တိုက်ခိုိက်သူတွေက တိုင်ကြားချက်ကို ပြန်ရုပ်သိမ်းဖို့ ပြောဆိုပါတယ်။

ရာဖီက ငြင်းဆန်တဲ့အခါမှာ သူကိုယ်ပေါ် ရေနံဆီ လောင်းချပြီး မီးရှို့ခဲ့ကြတာ ဖြစ်ပါတယ်။

ဒိ သတ်ဖြတ်မှုနဲ့ ပတ်သက်ဆက်နွယ်ပြီး လူပေါင်း ၁၇ ဦးကို ဖမ်းဆီးထားရာမှာ တစ်ဦးက ဒီလို ကျူးလွန်ဖို့ ကျောင်းအုပ်ကြီးဖြစ်သူက အမိန့်ပေးတာလို့ ထွက်ဆိုထားကြောင််း ရဲက ပြောပါတယ်။

ရာဖီကို အမှုရုပ်သိမ်းဖို့ ဖိအားပေးခြိမ်းခြောက်ရန် ကျောင်းအုပ်ကြီးက သူတို့ကို ပြောပြီး ငြင်းဆန်ရင် သတ်ပစ်ဖို့ အမိန့်ပေးခဲ့တာဖြစ်ကြောင်း ဒီီအမှုကို ကိုင််တွယ််နေတဲ့ ရဲထောက်လှမ်းရေး အကြီးတန်းတာဝန််ရှိသူ မိုဟာမတ်အီဘယ်က ဆိုပါတယ်။

ဖမ်းဆီးထားသူတွေမှာ ငါးဦးက ရာဖီကို ပုဝါတွေနဲ့ တုပ်နှောင်သူတွေဖြစ်ပြီး သူတို့အထဲမှာ ရာဖီရဲ့ အတန်းဖော်သုံးဦးလည်း ပါဝင်တယ်လို့ အီဘယ်က ပြောပါတယ်။

“ကျုးလွန်သူတွေဟာ ရာဖီကို ကိုယ်ကိုကို သတ်သေတဲ့ ပုံစံမျိုးပေါက်အောင် စီစဉ်ထားကြတာပါ။ ဒါပေမယ့် ရာဖီရဲ့ လက်နဲ့ ခြေထောက်တွေကို တုပ်နှောင်ထားတဲ့ ပုဝါတွေ မီးလောင်ပြီး ရာဖီဟာ အောက်ထပ်ကို ဆင်းပြေးလာနိုင်ခဲ့တာကြောင့် ကျူးလွန်သူတွေရဲ့ အစီအစဉ် ပျက်သွားရတာဖြစ်တယ်။”လို့ အီဘယ်က ပြောခဲ့ပါတယ်။

ရာဖီဟာ ခန္ဓာကိုယ်ရဲ့ ၈၀ ရာခိုင်နှုန်း မီးလောင်ကျွမ်းခဲ့ပြီး ဆေးရုံမှာ ဧပြီ ၁၀ ရက်က သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required