မီးခိုးမြူများကြောင့် မလေးရှားတွင် ကျောင်းပေါင်း ရ,၀၀၀ နီးပါးပိတ်လိုက်ရ

မီးခိုးမြူများကြောင့် မလေးရှားတွင် ကျောင်းပေါင်း ရ,၀၀၀ နီးပါးပိတ်လိုက်ရ

အလော်ဆေတာ၊ အောက်တိုဘာ ၅ ။          ။ မလေးရှားတွင် မီးခိုးမြူများကျဆင်းမှုနှင့် အတူ လေထုအရည်အသွေးမှာ ပိုမိုဆိုးဝါးလာသဖြင့် အောက်တိုဘာလ ၅ ရက်နေ့က ကျောင်းပေါင်း ၇,၀၀၀ နီးပါး ပိတ်လိုက်ရသဖြင့် ကျောင်းသား လေးသန်းခန့်မှာ ထိခိုက်နစ်နာလျက်ရှိသည်။

ကီလန်တန်ရှိ ကျောင်းများမှလွဲ၍ မလေးကျွန်းဆွယ်ပေါ်ရှိ ကျောင်းများ ပိတ်လိုက်ရသည်ဟု ပညာရေးဝန်ကြီး မာဟက်ဇီယာက ပြောသည်။ ကီလန်တန်၊ လာဘူအန်၊ ဆာဘားနှင့် ဆာရာဝက် ရှိကျောင်း များနှင့် ပတ်သက်၍မူ ကျောင်းများပိတ်သင့်မပိတ်သင့် ဆုံးဖြတ်ရန် တစ်နာရီခြားတစ်ကြိမ် လေထုအရည်အသွေးကို ဝန်ကြီးဋ္ဌာနက စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု ၎င်းကပြောသည်။

အောက်တိုဘာ ၅ရက်နေ့ နံနက် ၈ နာရီက မလေးရှားနိုင်ငံ၏ နေရာအများအပြားသည် လေထုညစ်ညမ်းမှုညွှန်းကိန်း(API) အသင့်အတင့် သို့မဟုတ် ကျန်းမာရေးမညီကြောင်း မှတ်တမ်းတင်ခဲ့သည်။

ကျန်းမာရေးထိခိုက်မှုရှိနိုင်သဖြင့် ဝန်ကြီးဋ္ဌာနက ပိတ်ရန်ညွန်ကြားခဲ့သော ကျောင်းအရေအတွက်မှာ ၆,၇၉၈ ကျောင်းရှိပြီး ယင်းကျောင်းများမှ ကျောင်းသားစုစုပေါင်း ၃ဒသမ၇သန်းရှိကာ ဆရာအရေ အတွက်မှာ ၃၀၀,၀၀၀ကျော်ရှိသည်။ လုံခြုံရေးအစောင့်များမှအပ ဆရာနှင့် ကျောင်းဝန်ထမ်းများကိုလည်း အိမ်မှာသာ နေထိုင်ကြရန် ညွှန်ကြားထားသည်။

မီးခိုးမြူများကြောင့် ပိတ်ရန်ညွှန်ကြားခဲ့သည့် ကျောင်းများအနေဖြင့် အတန်းချိန်များ အစားထိုးရန်မလိုဟု ဒါတွတ်ဆရီမာဟက်ဇီယာက ပြောသည်။  Pentaksiran Tingkatan 3၊ Sijil Pelajaran Malaysia၊ Sijil Tinggi Agama Malaysia နှင့် Sijil Tinggi Pelajaran Malaysia စာမေးပွဲများမှာ မီးခိုးမြူများကြောင့် ရွှေ့ဆိုင်းမည်မဟုတ်ဟုလည်း ၎င်းကပြောသည်။

ယင်းစာမေးပွဲများမှာ API အဆင့် ၅၀၀ကျော်သို့မဟုတ် အရေးပေါ်အခြေအနေမှသာ ရွှေ့ဆိုင်းမည်ဟုလည်း ၎င်းကပြောသည်။

API အဆင့်မှာ ကျန်းမာရေးနှင့်မညီသဖြင့် စက်တင်ဘာ ၁၅ နှင့် ၃၀ ကြားပြည်နယ်ကိုးခုရှိ ကျောင်းပေါင်း ၄,၅၆၁ကျောင်းပိတ်ခဲ့ရပြီး ကျောင်းသား ၂,၆၁၇,၄၃၂ဦးကို ထိခိုက်စေခဲ့သည်။

၎င်းပြည်နယ်များ ဆေလန်ဂေါ်၊ ကွာလာလမ်ပူ၊ ပူထရာဂျာယာ၊ နက်ဂရီဆင်မ်ဘီလန်၊ မာလက္ကာ၊ ပါဟန်း၊ ဂျိုဟော်၊ တာရာဝက်နှင့် ပေရက်တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required