တရုတ်လယ်သမားတစ်ဦးက ပိုးဟပ်တွေကို လူကြိုက်များတဲ့ စားဖွယ်ရာ ဖြစ်လာအောင် ရည်ရွယ်ပြီး မွေးမြူရောင်းချနေ

တရုတ်လယ်သမားတစ်ဦးက ပိုးဟပ်တွေကို လူကြိုက်များတဲ့ စားဖွယ်ရာ ဖြစ်လာအောင် ရည်ရွယ်ပြီး မွေးမြူရောင်းချနေ

ပေကျင်း၊ ဧပြီ ၁၆ ။         ။ တရုတ် အနောက်တောင်ပိုင်းက လယ်သမား လီပင်းဆိုင်ဟာ သူရဲ့ ပိုးဟပ်မွေးမြူရေးခြံတံခါးကို ဖွင့်လိုက်ချိန်မှာ ပိုးဟပ်တစ်ကောင်က သူ့မျက်နှာပေါ် ရုတ်ခြည်းလာနားပါတယ်။

ဒီ ပိုးဟပ်ကို လှမ်းဖမ်းပြီး လီဟာ အမှောင်ခန်းထဲဆီ ပြန်ပို့လိုက်ပါတယ်။ ဒီအမှောင်ခန်းကတော့ ဝါးအကန့်စင်လေးတွေနဲ့ မွေးမြူထားတဲ့ ပိုးဟပ်ကောင်ရေး ဆယ်သန်းနီးပါး ဟိုသည်ပြေးလွှားလို့နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ခြေ ခြောက်ချောင်းပါ ပိုးဟပ်တွေဟာ လူတော်တော်များများအတွက် မနှစ်မြို့စရာပါ။ ဒါပေမယ့် တရုတ်နိုင်ငံမှာ လီနဲ့အတူ အခြားမွေးမြူသူတွေကတော့ ပိုးဟပ်တွေကို စီးပွားရေး ဝင်ငွေဖြောင့်လမ်းအဖြစ် ပြောင်းလဲနေပါတယ်။

တစ်ချို့က ပိုးဟပ်တွေကို ဆေးဝါးအတွက်၊ တိရစ္ဆာန်တွေကို ကျွေးဖို့အတွက်နဲ့ အစားအစာအကြွင်းအကျန်တွေကို ရှင်းလင်းဖို့အတွက် ရောင်းချကြတာ ဖြစ်ပါတယ်။

လီကတော့ တစ်မူထူးပါတယ်။ ပိုးဟပ်တွေကို လူတွေ စားဖို့အတွက် ရောင်းချနေတာပါ။

သူ့ရဲ့ မွေးမြူရေးခြံရဲ့ အောက်ဖက်လမ်းမှာ ရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ဟာ အစားကျူးသူတွေအတွက် ပိုးဟပ်တွေကို ကြော်လှော်ပြီး နာမည်ကျော် အနံ့စူးရှတဲ့ စီချွမ်အချဉ်ရည်နဲ့ တို့မြုပ်စားနိုင်ဖို့ တည်ခင်းရောင်းချပေးနေပါတယ်။

“ပိုးဟပ်တွေကို စားကြည့်အရသာ မခံဘူးသေးရင်တော့ ဘယ်လောက်ကောင်းတယ်ဆိုတာကို လူတွေ ယုံနိုင်မှာ မဟုတ်ဘူး။”လို့ လီက ပြောရင်း ဟိုသည် ပြေးလွှားနေတဲ့ ပိုးဟပ်တစ်ကောင်ကို အရှင်လတ်လတ် ကျွတ်ကျွတ်မြည်အောင် ဝါးစားလိုက်ပါတယ်။

“ပိုးဟပ်တွေက ပေးစွမ်းတာကတော့ ကိုယ်ခံအား အလွန်ကောင်းစေတာပါပဲ။ ပိုးဟပ် စားပြီးသွားရင် လူတွေအနေနဲ့ ကိုယ်ခံစွမ်းအားတွေ တက်လာမှာ ဖြစ်တယ်။”လို့ လီက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly