ယောကျ်ားအများစုက မိန်းမများ၏ မျက်နှာကို ကြည့်ရုံမျှဖြင့် သစ္စာရှိ မရှိ အတပ်ပြောနိုင်ဟု သုတေသနတစ်ရပ်ကဆို

ယောကျ်ားအများစုက မိန်းမများ၏ မျက်နှာကို ကြည့်ရုံမျှဖြင့် သစ္စာရှိ မရှိ အတပ်ပြောနိုင်ဟု သုတေသနတစ်ရပ်ကဆို

ဆစ်ဒနီ၊ အောက်တိုဘာ-၅ ။              ။ ယခုဆိုလျှင် ယောကျ်ားများက မိန်းမများထက် တစ်ပန်းသာသွားပြန်ပြီဖြစ်သည်။ ယောကျ်ားများက မိန်းမများထက် လစာပိုများခြင်း၊ မတ်တပ်ရပ်၍ အပေါ့စွန့်နိုင်ခြင်း များတင်မဟုတ်ပါ။ မျက်မှောက်ခေတ်တွင် မိန်းမများကို ကြည့်ရုံဖြင့် သူ့ကို လိမ်မည် မလိမ်မည်ကိုလည်း ယောကျာ်များက တပ်အပ်ပြောနိုင်ပြီဟု ယူဆနိုင်ဖွယ်ရှိပါသည်။

PLOS-One တွင် ပုံနှိပ်ဖော်ပြလာသည့် သုတေသနတစ်ရပ်အရ သူစိမ်းမိန်းမနှစ်ယောက်၏ ဓာတ်ပုံများကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ဘယ်မိန်းမက သစ္စာရှိသည်ကို ယောကျ်ားများက ကြည့်ရုံမျှနှင့်ပြောနိုင် စွမ်းရှိကြသည်ဟု ဆိုပါသည်။ ဤသုတေသနအရ ယောကျာ်းများက မိန်းမများထက် ဖြစ်နိုင်ခြေရှိသော စရိုက်ကို ခွဲခြားနိုင်သည့် အာရုံသိတချို့ ပိုနေသည်ဟု ဆိုသည်။

သြစတြေးလျ အနောက်ပိုင်းတက္ကသိုလ်မှ ကောလိပ်ကျောင်းသားအရွယ် ယောကျာ်း ၁၀၀ကို ဒေါက်တာ စမန်သာ လီဗားခေါင်းဆောင်သည့် အဖွဲ့က စမ်းသပ်မှုအမျိုးမျိုးဖြင့် သုတေသနပြုခဲ့သည်ဟု ဆိုသည်။ ဒေါက်တာ လီးဗားက ယောကျ်ားများတွင် ဆင့်ကဲတိုးတက်ပြောင်းလဲမှုမှတစ်ဆင့် မိန်းမများ၏ သစ္စာရှိနိုင်ခြေကို ခန့်မှန်းနိုင်စွမ်းရှိသည်ဟူသည့် အဆိုအတွက် သက်သေအထောက်အထားကို ရှာဖွေနေခြင်းပင်ဖြစ်သည်။

သုတေသနတွင် ပါဝင်သူများကို ကတ် ၁၇ကတ်ပေးထားပြီး ကတ်တစ်ကတ်စီတွင် မိန်းမနှစ်ယောက်၏ ပုံများ ပါရှိရာ၊ တစ်ယောက်သောမိန်းမက သူ၏ ပါ့တနာကို အတိတ်တွင် အနည်းဆုံး နှစ်ကြိမ်ခန့် လိမ်လည်ခဲ့ဖူးပြီး၊ အခြားသော မိန်းမကမူ အမြဲတန်း သစ္စာရှိသူဖြစ်သည်ဟု ဆိုသည်။  

မိန်းမစုံတွဲတစ်တွဲစီတွင် မည်သည့်မိန်းမက ပိုသစ္စာရှိကြောင်းကို သုတေသနတွင် ပါဝင်သည့် ယောကျ်ားများအား မေးမြန်းသည်။ ဤသို့ရွေးချယ်မှုကို မတူညီသည့် မိန်းမအုပ်စုများနှင့် နှစ်ကြိမ် တိုင်တိုင်ပြုလုပ်ရသည်။

မိန်းမများ၏ မျက်နှာကို ကြည့်ရုံမျှဖြင့် ယောကျာ်းများ၏ အကဲဖြတ်မှုမှာ အကြိမ်တိုင်းတွင် ၅၅မှ ၅၉ရာခိုင်နှုန်းအထိ တိကျမှန်ကန်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly