တောမီးလောင်၍ မီးငြှိမ်းသတ်ရာမှ အမျိုးသား ၃ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရ

တောမီးလောင်၍ မီးငြှိမ်းသတ်ရာမှ အမျိုးသား ၃ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရ

ငဖဲ၊ ဧပြီ ၁၄ ။              ။ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ လိုင်ကျေးရွာ၏အနောက်မြောက်ဘက်၂ မိုင်ခန့်အကွာတွင် တောမီးလောင်သဖြင့် ငြှိမ်းသတ်ရာတွင် အမျိုးသား ၃ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က တောမီးလောင်နေ၍ လိုင်ကျေးရွာကို မီးကူးစက်မည် စိုးရိမ်ရသောကြောင့် တစ်ရွာလုံး မီးဝိုင်းဝန်းငြှိမ်းသတ်ရာတွင် အမျိုးသား ၃ ဦး တောမီးလောင်၍ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ ကျွန်တော်တို့ ဝိုင်းဝန်းပြီး တောမီးကို ငြှိမ်းသတ်ကြတယ်။ လေတိုက်လာတဲ့အတွက် မီးများလာလို့ ထွက်ပြေးရ တယ်။ မီးထဲက ထွက်ပြေးရတော့ ခြေထောက်တွေမှာ မီးလောင်ခံရတာပါ” ဟု ပဒါန်းဆေးရုံတွင် ဆေးကုသနေ သည့် ကိုပိန်းက ပြောသည်။

တောမီးလောင်၍ သေဆုံးသူများမှာ လိုင်ကျေးရွာမှ ဦးမောင်( အသက် ၆၆နှစ်)၊ ကိုမုံစိန် ( အသက် ၃၅ နှစ်) ၊ ကိုဟန်သိန်း (အသက်၂၀ နှစ်)တို့ တောမီးလောင်သည့်နေရာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တောမီးလောင်နေသည့်နေရာသို့ နောင်ကျေးရွာ၊ ပစီကျေးရွာ၊ ဂုတ်ကြီးကျေးရွာတို့မှ ရွာသူရွာသား များပါ လာရောက်ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရသည်။

“ တောမီးလောင်တာတွေက တောင်ပေါ်ဒေသမှာဖြစ်တော့ မီးသတ်ကားတွေ အလွယ်တကူ မလာနိင်ဘူး။၊ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး။ ဒေသခံကျေးရွာတွေက ရိုင်းပင်းကူညီကြပါတယ်။ ကျွန်တော်တို့ ဂုတ်ကြီးကျေးရွာက ဒေသခံ ပြည်သူ ၅၀ ခန့်နဲ့ နောင်၊ ပဇစ်ကျေးရွာက ဒေသခံတွေ သွားရောက်ကူညီ ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ပါတယ်” ဟု ဂုတ်ကြီးကျေးရွာမှ ကိုရန်အောင်ထွန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly