စစ်ကိုင်းတိုင်း၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ချင်းတွင်းသင်္ကြန် ပြုလုပ်ခြင်းဟု ဝန်ကြီးချုပ်ပြော

စစ်ကိုင်းတိုင်း၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ချင်းတွင်းသင်္ကြန် ပြုလုပ်ခြင်းဟု ဝန်ကြီးချုပ်ပြော

မုံရွာ၊ ဧပြီ ၁၄ ။                 ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းမြစ်သဲသောင်ပြင်တွင် ပြုလုပ်နေသော ဒုတိယအကြိမ်မြောက် ချင်းတွင်းသင်္ကြန်သည် စစ်ကိုင်းတိုင်း၏ ခရီးသွားလုပ်ငန်းကို တိုးတက်မြင့်မားလာစေရန် ဧည့်သည်များကို ဖိတ်ခေါ်ပြီးသား ဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။

ယနေ့ ဧပြီလ ၁၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သော ချင်းတွင်းသင်္ကြန်ဖွင့်ပွဲတွင် ပြည်သူများကို ပြောခဲ့ခြင်း ဖြစ်သည်။

"မုံရွာမြို့ရဲ့ချင်းတွင်းသင်္ကြန်မှာ တပေါင်းတည်းဖြစ်အောင် လုပ်ဆောင်ထားပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ မုံရွာမြို့ ကန်သာယာမှာ လမ်းလျှောက်သင်္ကြန် ၊ မြို့ပေါ်မှာ ရေကစားမဏ္ဍပ်များ ၊ သင်္ကြန်အက ဧည့်ခံမဏ္ဍပ်များကို စီမံဆောင်ရွက်ထားပါတယ်၊ သင်္ကြန်ပွဲတော်ကိုလာရောက်ကြတဲ့ ဧည့်သည်တော်တွေကို မုံရွာ အနီး ပတ်ဝန်းကျင် သာမက၊ စစ်ကိုင်းတိုင်းရဲ့ထူးခြားတဲ့နေရာများကို စိတ်ဝင်စားလာစေပြီး ခရီးသွားလုပ်ငန်းကို တိုးတက်မြင့်မားလာစေရန်အတွက် ဧည်သည်တွေကို ဖိတ်ခေါ်ပြီးသား ဖြစ်စေပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီးရဲ့ချင်းတွင်းငွေသောင်ယံ သင်္ကြန်ပာာ အခြားတိုင်းဒေသကြီးနဲ့မတူ ဆန်းသစ်ထားတာကြောင့် မြန်မာ မှာသာမက ကမ္ဘာမှပါ သိရှိလာတာကြောင့် ပြည်သူများအနေနဲ့ မြန်မာ့ရိုးရာဓလေ့ များကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ဖို့ အထူးမှာကြားလိုပါတယ် " ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။

ယနေ့ ချင်းတွင်းသင်္ကြန် အကျနေ့ ဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့်အတူ အနုပညာရှင် များလည်း တက်ရောက်ခဲ့ကြသည်။

မြန်မာရိုးရာ သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ ၁၄ ရက်နေ့ နံနက် ၉ နာရီမှစတင်ပြီး ချင်းတွင်းသင်္ကြန်ကို ကျင်းပခဲ့ပြီး အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။

တိုင်းအစိုးရမှ ဦးဆောင်ပြုလုပ်သည့် ချင်းတွင်းသင်္ကြန်ကို အနယ်နယ်အရပ်ရပ်မှ ပရိသတ် သိန်းနှင့်ချီ လာရောက်ကြပြီး ဗပာုိမဏ္ဍပ်တွင် အနုပညာရှင်များဖြစ်သောပိုပို၊ လွှမ်းပိုင် ၊ Bobby Soxer ၊ နေမင်း အပါအဝင် အနုပညာရှင်များစွာက သင်္ကြန်နောက်ဆုံးနေ့အထိ ဖျော်ဖြေသွားမည် ဖြစ်သည်။

ချင်းတွင်းသင်္ကြန်တွင် ဖျော်ဖြေရေးမဏ္ဍပ်များ ၊ ရေကစားမဏ္ဍပ်များ ၊ စတုဒိသာမဏ္ဍပ်များ၊ ဒေသထွက် အသုံး အဆောင်များ ၊ စားသောက်ဆိုင်များ ကလေးရေကစားကွင်းများ ပါဝင်နေသည်။

ပြီးခဲ့သည့် ဧပြီ ၁၂ ရက်က တိုင်းဒေသကြီးအစိုးရရုံးမှာ သင်္ကြန်အကြို ပြုလုပ်ခဲ့ပြီး ဧပြီ ၁၃ ရက်နေ့တွင် ချင်းတွင်းသင်္ကြန်စတင်ကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ် လာရောက်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly