ပါရီ၊ ဧပြီ ၁၄ ။ ။ ပြင်သစ်နိုင်ငံက အပေါ်အင်္ကျီအဝါဝတ် ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ စနေနေ့မှာ ၂၂ ပတ်မြောက် ဆန္ဒပြမှုအဖြစ် လမ်းတွေပေါ်ထွက် ဆန္ဒပြကြပါတယ်။
သမ္မတ မတ်ခလွန်က ပြေလည်ရေးလုပ်ငန်းစဉ်တွေကို လာမယ့်သီတင်းပတ်မှာ ထုတ်ပြန်မယ်ဆိုတာကို ပယ်ချပြီး ဆက်လက်ဆန္ဒပြကြတာပါ။
နိုင်ငံတွင်းက လူမှုအကျပ်အတည်းတွေ အဆုံးသတ်ဖို့အတွက် တစ်နိုင်ငံလုံးအနှံ့မှာ လုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲတွေကို အခြေခံပြီး ပြေလည်ရေး လုပ်ငန်းစဉ်တွေကို ရေးဆွဲထားပြီး မက်ခရွန်က ပြည်သူထံ ထုတ်ပြန်ဖို့ ရှိနေပါတယ်။
အခု ဆန္ဒပြမှုဟာ အင်အား ၃၁၀၀၀ အထိ ရှိပြီး ပြီးခဲ့တဲ့ သီတင်းပတ်က အင်အား ၂၂၀၀၀ ရှိတဲ့ ဆန္ဒပြမှုထက် ပိုမိုကြီးထွားလာကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပါရီမြို့မှာတင် စနေနေ့က ဆန္ဒပြမှုမှာ အင်အား ၅၀၀၀ ရှိပြီး ပြီးခဲ့တဲ့ သီတင်းပတ်က အင်အား ၃၅၀၀ ရှိခဲ့တာ ဖြစ်ပါတယ်။
“မက်ခရွန်၊ ခင်ဗျားဆီက ကျွန်တော်တို့ ဘာမှ မျှော်လင့်မထားဘူး။”ဆိုတဲ့ စာတမ်းတွေ ကိုင်စွဲပြီး ပါရီမြို့တွင်း လှည့်လည်ဆန္ဒပြသူတွေကိုလည်း တွေ့ရပါတယ်။
ရဲတပ်ဖွဲ့ဟာ လူ ၁၅ ဦးကို ဖမ်းဆီးခဲ့ပြီး ၅၈၈၅ ဦးကိုတော့ မှတ်တမ်းယူခဲ့ပါတယ်။
လာမယ့် ရက်ပိုင်းအတွင်း သမ္မတ မက်ခရွန်ရဲ့ ပြေလည်ရေးလုပ်ငန်းစဉ် ကြေညာပြီးလောက်ချိန် ဧပြီ ၂၀ ရက် စနေနေ့မှာ အပေါ်အင်္ကျီအဝါဝတ် လှုပ်ရှားမှုတွေကို အရှိန်မြှင့်တင်ဖို့ ဆန္ဒပြသူတွေက စီစဉ်လျက်လည်း ရှိနေပါတယ်။