စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ နှစ်သစ် သင်္ကြန်အကြိုပွဲတော် ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ နှစ်သစ် သင်္ကြန်အကြိုပွဲတော် ပြုလုပ်
ဓာတ်ပုံ - ထွန်းထွန်းဝင်း

မုံရွာ၊ ဧပြီ ၁၂ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ မြန်မာ့နှစ်သစ် အကြိုအတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၂ ရက်နေ့ ညနေပိုင်းက တိုင်းအစိုးရအဖွဲ့ရုံးတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဦးဆောင်ကာ အစိုးရအဖွဲ့ဝင်များနှင့် အတူအနုပညာရှင်များဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

“ ကျွန်တော် မနေ့တည်းက ရောက်ရှိနေတာပါ။ တောင်ငူမှာ ပွဲတစ်ခု ဝင်ပါတယ်။ ရန်ကုန်ကို ပြန်မဆင်းဘဲနဲ့ မုံရွာကို တန်းလာတာပါ။ စစ်ကိုင်းတိုင်းဒေသကြီးက ကျွန်တော့ကို ဖိတ်တယ်။ ဒီပွဲကို လာပေးပါဆိုလို့ လာဖြစ်တာပါ” ဟု သရုပ်ဆောင်နေဒွေးက ပြောသည်။

မကြာမီ ကျရောက်လာမည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ချင်းတွင်းသင်္ကြန်နှင့် မြို့ထဲရှိ ကန်သာယာတွင် လမ်းလျှောက်သင်္ကြန်တို့ကို ပြုလုပ်မည်ဖြစ်ပြီး အနုပညာရှင်များက ဖျော်ဖြေတင်ဆက်မူများ ပြုလုပ်သွားမည်ဟု သိရသည်။

“ ကျွန်တော် ခုနကမှ ရောက်တာပါ။ ကျွန်တော့ကို တာဝန်ခံပြီးခေါ်ပေးထားတဲ့ ညီလေးဖိုးချစ်ရဲ့အစ်ကိုက ဒီမှာ သင်္ကြန်အကြိုလေး လုပ်နေတယ်ဆိုလို့ ရောက်လာတာပါ။ တစ်နှစ်မှာ တစ်ခါပဲ ရေကန်တော့ရတဲ့ပွဲ ဆိုတော့ ပျော်တဲ့နေရာမှာလည်း အန္တရာယ်မဖြစ်အောင်လို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပျော်ရွှင်ကြပါ။ အားလုံးပဲ အန္တရာယ် ကင်းကြပါစေ။ ဘေးအန္တရာယ်ကင်းကင်းနဲ့ နှစ်သစ် ကူးပြောင်းနိုင်ပါစေလို့ ဆုတောင်းပါတယ်” ဟု သရုပ်ဆောင်ခင်လှိုင် က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ နှစ်သစ်ကူးအကြို သင်္ကြန်ပွဲတော်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်တိုင် သပြေခက်ဖြင့် အတာသင်္ကြန်ရေပက်ဖျန်းခြင်းနှင့် အနုပညာရှင်များက ဖျော်ဖြေတင်ဆက်မှုများကို ပြုလုပ်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly