အစ္စရေးအာကာသယာဉ် လပေါ် ဆင်းသက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်

အစ္စရေးအာကာသယာဉ် လပေါ် ဆင်းသက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်

ဧပြီ ၁၂ ။     ။ အစ္စရေးနိုင်ငံက လွှတ်တင်လိုက်တဲ့ လဆင်းယာဉ် Beresheet ဟာ ယနေ့ မနက်မှာ လပေါ် ဆင်းသက်ဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

အဆိုပါ အစ္စရေး လဆင်းယာဉ်ဟာ လပေါ် ဆင်းသက်ဖို့ ကြိုးပမ်းခဲ့စဉ် ပင်မ အင်ဂျင်တစ်လုံးမှာ ပြဿနာပေါ်ခဲ့လို့ လမျက်နှာပြင်ပေါ် ထိုးကျသွားတယ်လို့ ဆိုပါတယ်။

“ ကျွန်တော်တို့ အောင်မြင်အောင် မလုပ်နိုင်ခဲ့ပါဘူး၊ ဒါပေမယ့် သေချာတာတာကတော့ ကျွန်တော်တို့ ဒီအတွက် ကြိုးစားခဲ့ကြပါတယ်” လို့ ယင်းပရောဂျက်တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မော်ရစ် ခန်က ပြောပါတယ်။

ဒီ မစ်ရှင်ရဲ့ ရည်ရွယ်ချက်က လပေါ်မှာ ဓာတ်ပုံတွေ ရိုက်ယူပြီး စမ်းသပ်မှုတွေ လုပ်ဖို့ဖြစ်ပါတယ်။

ဒီမစ်ရှင်နဲ့အတူ အစ္စရေးတို့အနေနဲ့  လပေါ်ကို ဆင်းသက်နိုင်တဲ့ ကမ္ဘာ့ စတုတ္ထနိုင်ငံဖြစ်လာဖို့ မျှော်လင့်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ အရာမထင်ခဲ့တာဖြစ်ပါတယ်။

ယင်းမတိုင်ခင် ယခင် ဆိုဗီယက်ယူနီယံ၊ အမေရိကန်နဲ့ တရုတ်တို့ကတော့ လပေါ်ကို အောင်မြင်စွာ ဆင်းသက်မှုတွေ လုပ်ဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly