ထိုင်းသင်္ကြန်ကို ဆင်တွေနဲ့ ရေပက်ဖျန်းကာ ဆင်နွှဲ

ထိုင်းသင်္ကြန်ကို ဆင်တွေနဲ့ ရေပက်ဖျန်းကာ ဆင်နွှဲ

ဘန်ကောက်၊ ဧပြီ ၁၂ ။     ။ ထိုင်းနိုင်ငံရဲ့ သမိုင်းတစ်ချိန်က မြို့တော်ဖြစ်တဲ့ အယုဒ္ဓယမြို့တော်မှာ ဆွန်ခရန် သင်္ကြန်ရေကစားပွဲတော်မှာ ပျော်ရွှင်မြူးထူးစွာ ရေပက်ဆော့ကစားနေသူတွေကို ဆင်ကောင်ရေ တစ်ဒါဇင်က နှာမောင်းတွေနဲ့ ရေပက်ဖျန်းပါတယ်။

နှစ်စဉ်နှှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ ရိုးရာနှစ်ကူးပွဲတော်မှာ ထိုင်းပြည်သူတွေက ရေဆော့ကစားသလို ဆင်တွေနဲ့ ဆင်ဦးစီးတွေဟာ တစ်လမ်းဝင်တစ်လမ်းထွက် ဆွန်ခရန်ပွဲတော်ကို ဆင်နွှဲကြတာ နှစ်စဉ်နှှစ်တိုင်းပါပဲ။

ကိုယ်ပေါ်မှာ ရောင်စုံဆေးတွေ ခြယ်သထားတဲ့ ဆင်တွေဟာ ရေကစားတဲ့ သူတွေကို ရေနဲ့ ပက်ဖျန်းကြသလို ကခုန်လို့လည်း နေပါတယ်။

ထိုင်းနိုင်ငံက ဆင်တော်တော်များများဟာ ခရီးသွားကုမ္ပဏီတွေရဲ့ စေခိုင်းခံဖြစ်နေတာပါ။ ခရီးသွားတွေ ဆင်စီးနင်းတာနဲ့ ဆင်နဲ့ ရေချိုးတာတွေကို ဝန်ဆောင်မှုပေးရင်း ခရီးသွားကုမ္ပဏီတွေက ဆင်တွေကို အသုံးချလျက် ရှိနေပါတယ်။

အကျိုးအမြတ်များတဲ့ ခရီးသွားဝန်ဆောင်မှုဖြစ်ပေမယ့် တက်ကြွလှုပ်ရှှားသူတွေက တိရစ္ဆာန်တွေကို နေ့စဉ်နဲ့အမျှ အလွဲသုံးစား လုပ်ဆောင်နေတယ်လို့ စွပ်စွဲပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly