Wikileaks တည်ထောင်သူ Julian Assange အား ဗြိတိန်ရဲတပ်ဖွဲ့ ဖမ်းဆီး

Wikileaks တည်ထောင်သူ Julian Assange အား ဗြိတိန်ရဲတပ်ဖွဲ့ ဖမ်းဆီး

ဧပြီ ၁၁ ။    ။ Wikileaks ပူးတွဲတည်ထောင်သူ Julian Assange ဟာ လန်ဒန်ရှိ အီကွေဒေါသံရုံးမှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီဖြစ်ကြောင်း သိရပါတယ်။

Mr Assange ဟာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ အီကွေဒေါသံရုံးမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေခဲ့သူဖြစ်ကာ ယခုအခါ ၎င်းကို ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

၎င်းရဲ့ နိုင်ငံရေးခိုလှုံခွင့်ကို အီကွေဒေါဘက်က ပယ်ဖျက်ရုတ်သိမ်းလိုက်ပြီးတဲ့နောက် ခုလို ဖမ်းဆီးလိုက်တာဖြစ်ကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Mr Assange အနေနဲ့ တရားရုံးမှာ အမှုလာရောက်ရင်ဆိုင်ရန် ပျက်ကွက်ခဲ့မှုကြောင့် ဖမ်းဆီးရတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

 အလားတူ ၎င်းဟာ နိုင်ငံတကာ သဘောတူညီချက်တွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာကြောင့် ခုလို ၎င်းရဲ့ ခိုလှုံခွင့်ကို ရုပ်သိမ်းလိုက်တာဖြစ်ကြောင်း အီကွေဒေါ သမ္မတ လီနင် မိုရီနိုက ပြောပါတယ်။

ခုလို Mr Assange ကို ဖမ်းဖို့ အီကွေဒေါ သံအမတ်ကိုယ်တိုင်က ရဲကို ခေါ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Mr Assange ကတော့ ယင်းသံရုံးမှာ ၂၀၁၂ ခုနှစ်က ခိုလှုံနေခဲ့တာလည်းဖြစ်ပါတယ်။

Mr Assange တည်ထောင်ခဲ့တဲ့ Wikileaks ကတော့ ကမ္ဘာ့လျှို့ဝှက်စာရွက်စာတမ်းတွေ၊ သတင်းတွေကို ပေါက်ကြားစေပြီး အီရတ်နဲ့ အာဖဂန်စစ်ပ်ွတွေအတွင်း အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ သက်သေအထောက်အထားတွေကို တင်ပြရင်းနဲ့ အောင်မြင်လာတဲ့ မီဒီယာအစုအဖွဲ့တစ်ခုဖြစ်ပေမယ့် တစ်ဘက်မှာလည်း နိုင်င့ံခေါင်းဆောင်တွေ မလိုလားတဲ့ အစုအဖွဲ့အဖြစ်တည်ရှိနေခဲ့တာဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required