သင်္ကြန်မှာဖွင့်တဲ့ ရန်ကုန်ရှိ စားသောက်ဆိုင်အချို့

သင်္ကြန်မှာဖွင့်တဲ့ ရန်ကုန်ရှိ စားသောက်ဆိုင်အချို့
Photo-EPA

ဧပြီ ၁၁ ။     ။ သင်္ကြန်ကာလတွင် ရန်ကုန်မြို့ရှိ နာမည်ကြီး စားသောက်ဆိုင်အချို့မှာ ဖွင့်လှစ်မှာဖြစ်ပြီး KFC ၊ LOTTERIA တို့လို အသင့်စား အစားအသောက်တွေ ရောင်းချတဲ့ဆိုင်တွေလည်း ဖွင့်လှစ်တာ တွေ့ရပါတယ်။

KFC ကတော့ ဧပြီ သင်္ကြန်ကာလအတွင်း ပိတ်ရက်မရှိ ဆိုင်ခွဲအားလုံးကို ဖွင့်လှစ်မှာဖြစ်ပြီး LOTTERIA က တော့ ရန်ကုန် (၆ မိုင်) နဲ့ ပုလဲကွန်ဒို ဆိုင်ခွဲ၊ မန္တလေးမှာတော့ (The One) ဆိုင်ခွဲ ၊ လမ်း (၃၀) ဆိုင်ခွဲတ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

ပီဇာဆိုင်ဖြစ်တဲ့ The Pizza Company ကတော့ Myanmar Culture Valley ၊ ဗိုလ်ချုပ်လမ်းဆိုင်ခွဲ၊ ၈ မိုင်၊
Junction Square ဆိုင်ခွဲ နဲ့ မန္တလေးမြို့ ၃၄လမ်း၊ ၇၇-၇၈ကြား Mandalay Center တို့မှာ သင်္ကြန်ရက်အတွင်း ဖွင့်လှစ်ထားပါတယ်။

ရန်ကုန်တီးဟောက်စ်၊ 365 Café ကတော့ သင်္ကြန်ရက်များဖြစ်တဲ့ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ပုံမှန်အတိုင်း ဖွင့်လှစ် သွားမယ်လို့ သိရပါတယ်။ အမှတ် (၃၁/က) ကန်ရိပ်သာလမ်း ၊ ကမ္တာအေး၊ မရမ်းကုန်းမှာရှိတဲ့၊၂၄ နာရီ ဖွင့်လှစ်တဲ့ မိုးလင်းမိုးချုပ် စားသောက်ဆိုင်ကတော့ သင်္ကြန်ရက်တွေမှာ ဖွင့်လှစ်မှာပါ။

YKKO ကြေးအိုးကတော့ ရန်ကုန်မြို့ရှိ လှည်းတန်းဆိုင်ခွဲကိုသာ ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ဖွင့်လှစ် သွားမယ်လို့ ကြေညာထားပြီး မင်းလမ်းရခိုင်ဆိုင်ကတော့ သင်္ကြန်အကြိုရက် ဖြစ်တဲ့ ဧပြီ ၁၃ ရက်မှာပဲ ဖွင့်မယ်လို့ ကြေညာထားပါတယ်။

ရွှေလာဟော့ပေါ့ဆိုင်ကတော့ လှည်းတန်းနဲ့ နဝဒေးလမ်းမှာရှိတဲ့ ဆိုင်တွေပဲ ဖွင့်လှစ်ပြီး The Manhattan FISH MARKET ကတော့ ကမ်းနားလမ်းဆိုင်ခွဲပဲ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

အစားအသောက် ဝန်ဆောင်မှုပို့တဲ့ Food 2 U နဲ့ Yangon Door 2 Door တို့ကတော့ သင်္ကြန်ပိတ်ရက်မှာ ဝန်ဆောင်မှုတွေ ရပ်နားထားပါတယ်။ ရန်ကုန်မှ စားသောက်ဆိုင်အချို့ကို မဇ္ဈိမ မှ လက်လှမ်းမီသလောက် တင်ပြထားခြင်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required