နိုင်ငံအကျိုးရှိစေမည့် တရုတ်နိုင်ငံ၏စီမံကိန်းများတွင် တပ်မတော်မှပူးပေါင်းဆောင်ရွက်သွားမည်ဟုဆို

နိုင်ငံအကျိုးရှိစေမည့် တရုတ်နိုင်ငံ၏စီမံကိန်းများတွင် တပ်မတော်မှပူးပေါင်းဆောင်ရွက်သွားမည်ဟုဆို
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ ဧပြီ ၁၁ ။      ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆောင်ရွက်နေသည့် စီမံကိန်းများထဲတွင် မြန်မာနိုင်ငံကို အကျိုးရှိစေမည့် စီမံကိန်း များစွာ ပါဝင်နေပြီး နိုင်ငံကို အကျိုးဖြစ်ထွန်းစေမည့် တရုတ်နိုင်ငံ၏စီမံကိန်းများတွင် တပ်မတော်မှ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက် သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping က ဧပြီ ၁၀ ရက်နေ့ညနေပိုင်း တွင် ပေကျင်းမြို့၊ ပြည်သူ့ခန်းမဆောင် ကြီးရှိဧည့်ခန်းမတွင် လက်ခံတွေ့ဆုံစဉ် တပ်ချုပ်မှပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ကျေးလက်ဒေသတွင်နေထိုင်သူများပြားပြီး ၎င်းတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရန်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်လိုသောကြောင့် မြန်မာနိုင်ငံ၏စီးပွားရေးအခွင့်အလမ်းများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ကူညီဆောင်ရွက်ပေးစေလိုကြောင်းလည်းတပ်ချုပ်ကပြောကြားခဲ့သည်။

အလားတူ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများအပေါ်စေတနာထားပြီး အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် ရပ်ဝန်းနှင့် လမ်းကြောင်း စီမံကိန်းဆောင်ရွက်မှုသည်လည်း အောင်မြင်မှုရရှိမည်ဟု ယုံကြည်ကြောင်း လည်း ၎င်းကဆိုသည်။

တရုတ်သမ္မတ Mr. Xi Jinping  ကလည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အလေးထားကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးခဲ့ပြီးနောင်တွင်လည်း ဆက်လက်ကူညီ ဆောင်ရွက် ပေးသွားမည်ဟုပြောသည်။

ထို့အပြင် နှစ်နိုင်ငံအကြားတက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး ပြဿနာများ အတူတကွ ညှိနှိုင်းဖြေရှင်း သွားရန်နှင့် နှစ်နိုင်ငံအကျိုးရှိ စေမည့် ကိစ္စရပ်များတွင် Win - Win အနေအထားရအောင် အကောင် အထည်ဖော် ဆောင်ရွက် သွားရန်လိုသည်ဟုလည်း ၎င်းကဆိုသည်။

ထို့နောက် တရုတ်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်း ငြိမ်းရေး ရရှိရန်အတွက် တပ်မတော်မှ ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required